![]() |
| Image: Acer |
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Gigabyte ကုမ္ပဏီဟာ Valve၊ Lenovo၊ Asus၊ GPD နဲ့ Acer စတဲ့ ပြိုင်ဘက်တွေကြားထဲမှာမှ ထူးခြားတဲ့ ပုံစံမျိုး နဲ့ လက်ကိုင်ဂိမ်းစက်ဈေးကွက်ထဲကို ဖြန့်ချီသွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိ handheld gaming PC အများစုဟာ Valve ရဲ့ Steam Deck ဒီဇိုင်းကို အတုယူထားကြပေမဲ့၊ တချို့ကတော့ Nintendo Switch 2 ရဲ့ Joy-Cons လိုမျိုး ထူးခြားတဲ့ ဆန်းပြားတဲ့ပုံစံတွေကို ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ အခုအခါမှာတော့ Acer ရဲ့ နောက်ဆုံးထွက် Concept စက်လေးဟာ ဂိမ်းကစားတာရော အလုပ်လုပ်တာကိုပါ ပေါင်းစပ်ပေးနိုင်မယ့် သေးငယ်တဲ့ 2-in-1 စက်အဖြစ် ပေါ်ထွက်လာခဲ့တာပါ။
![]() |
| Image: Acer |
ပြီးခဲ့တဲ့ IFA ပွဲမှာ Acer ဟာ သူတို့ရဲ့ လက်ကိုင်ဂိမ်းစက်အသစ်ကို မိတ်ဆက်ရင်း DualPlay Mini ဆိုတဲ့ Concept စက်လေးကိုပါ ပဏာမပြသခဲ့ပါတယ်။ ဒီစက်ဟာ handheld gaming PC တစ်ခုနဲ့ mini laptop တစ်ခုကို စက်တစ်လုံးတည်းမှာ ပေါင်းစည်းပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ တကယ်လို့ ဒီစက်သာ တရားဝင် ဈေးကွက်ထဲ ရောက်ရှိလာခဲ့ရင် Acer အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူနိုင်မယ့် အသေးငယ်ဆုံး 2-in-1 စက်တွေထဲက တစ်ခုကို ပိုင်ဆိုင်ထားနိုင်တော့မှာ ဖြစ်ပါတယ်။
![]() |
| Image: Acer |
DualPlay Mini ဟာ အပြင်ဘက် ကိုယ်ထည်မှာ Analog stick တွေနဲ့ ခလုတ်တွေ ပါဝင်တဲ့ ပုံမှန် လက်ကိုင်ဂိမ်းစက်လို အသုံးပြုနိုင်သလို၊ အဖုံးကို ဖွင့်ပြီး စခရင်ကို ၁၈၀ ဒီဂရီ လှည့်လိုက်တာနဲ့ ကီးဘုတ်ပါဝင်တဲ့ laptop တစ်လုံးအဖြစ် အလွယ်တကူ ပြောင်းလဲသွားမှာပါ။ Acer ဘက်က အသေးစိတ် specs တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ IGN ရဲ့ ဖော်ပြချက်အရတော့ ဒီစက်လေးဟာ Forza Horizon 6 ဂိမ်းကို ချောမွေ့စွာ run နိုင်ပြီး rumble တုန်ခါမှုစနစ်ကိုပါ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါဝင်တဲ့ ကီးဘုတ်ဟာ mouse တစ်လုံးနဲ့ WASD ခလုတ်တွေကို တွဲဖက်ပြီး First-Person Shooter ဂိမ်းတွေကို ကစားနိုင်လောက်အောင် ကျယ်ဝန်းပါတယ်။
Acer ရဲ့ ဒီဇိုင်းဟာ အခြေခံအားဖြင့် GPD ရဲ့ Win Max handheld laptop တွေနဲ့ အဲဒီကုမ္ပဏီရဲ့ ၈ လက်မ 2-in-1 စက်တွေရဲ့ ရုပ်ထွက်ကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးပါ။ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Win Max 3 ဟာ AMD ရဲ့ Ryzen AI Max SoC ကို GPD ရဲ့ ၉ လက်မ laptop တွေမှာ ထည့်သွင်းပေးထားတာကြောင့် ၂၀၂၅ မော်ဒယ်နဲ့ ယှဉ်ရင် GPU စွမ်းဆောင်ရည် ၃ ဆမက ပိုမိုမြန်ဆန်လာခဲ့ပါတယ်။
![]() |
| Image: GPD |
Win Max ဟာ ခေါက်သိမ်းလို့ရတဲ့ Clamshell ဒီဇိုင်း၊ ကီးဘုတ်၊ joystick နဲ့ ခလုတ်တွေ ပါဝင်တာကြောင့် handheld gaming PC နဲ့ laptop ကြားက စည်းနိမိတ်ကို အမြဲတမ်း ပျောက်ကွယ်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးထွက် မော်ဒယ်မှာတော့ 60Hz LCD စခရင်ကနေ 165Hz AMOLED စခရင်ဆီ အဆင့်မြှင့်တင်ပေးလိုက်သလို၊ TDP ပမာဏကိုလည်း 15-35W ကနေ 45-110W အထိ တိုးမြှင့်လိုက်ပါတယ်။
GPD Win Max 3 မှာ ပိုပြီး သပ်ရပ်တဲ့ ရုပ်ထွက်ရရှိစေဖို့ Stick တွေနဲ့ ခလုတ်တွေကို သံလိုက်အဖုံးတွေနဲ့ ဖုံးအုပ်ထားနိုင်ပြီး၊ အစွမ်းထက် ပရိုဆက်ဆာနဲ့ 128GB အထိရှိတဲ့ Unified RAM တွေကြောင့် အဆင့်မြင့် AI Workstation တစ်ခုအ ဖြစ်ပါအသုံးပြုနိုင်ပါတယ်။ Acer ရဲ့ Prototype နဲ့ ယှဉ်လိုက်ရင် လိုအပ်နေတာဆိုလို့ GPD Pocket 4 လို ၃၆၀ ဒီဂရီ စခရင်လှည့်လို့ရတဲ့ 2-in-1 ဒီဇိုင်းမျိုး မပါဝင်တာပဲ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ Acer ဟာ သမားရိုးကျလကိကိုင်ဂိမ်းစက်ပုံစံဖြစ်တဲ့ Predator Atlas 7 အသစ်ကိုလည်းမိတ်ဆက်လိုက်ပြီး Intel Arc G3 SoC၊ Memory 25GB၊ ၇ လက်မရှိတဲ့ 120Hz 1080p screen နဲ့ Thunderbolt 4 အထောက်အပံ့တွေ ပါဝင်ပါတယ်။ ဒီဂိမ်းစက်ကိုတော့ ၂၀၂၆ ခုနှစ် ရဲ့ စတုတ္ထသုံးလပတ်မှာ စတင်ဝယ်ယူနိုင်တော့မယ်လို့သိရပါတယ်။
Source: TechSpot




0 Comments