Subscribe Us

header ads

Microsoft မှ Windows 11ကိုကြေညာ

 



Windows 10 ဝယ်ယူထားသူများအနေဖြင့် Windows 11 ကိုအခမဲ့အဆင့်မြှင့်တင်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Microsoft ကဆိုပါတယ်။

ရက်သတ္တပတ်ပေါင်းများစွာ ‌နမူနာတွေ ပေါက်ကြားမှုတွေအပြီးမှာ Microsoftက Windows 11 ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီ Windows အသစ်ဟာ ခေတ်ပေါ်အသွင်အပြင်နဲ့ တိုးတက်များစွာရှိလာကာ device အရွယ်အစားပုံစံမျိုးစုံမှာအသုံးချလာနိုင်စွမ်းတွေ၊ စွမ်းဆောင်ရည်‌တွေ၊ ဂိမ်းအတွက်အလေးပေးထားတဲ့ features တွေ၊ ပိုမိုကောင်းမွန်လာတဲ့လုံခြုံရေးတွေအပြင် Teams လို productivity tools တွေတစ်ပါတည်းပါဝင်လာပါတယ်။

New Design



Windows OS အသစ်ဖြစ်တာမို့ Windows 11 ရဲ့ရုပ်ထွက်ကိုအများကြီး အပြောင်းအလဲပြုလုပ်ထားပါတယ်။ ကြည့်ရတာ Windows ဟာ MacOS နဲ့ Chrome OS ကို inspired ယူထားသလိုခံစားရပါတယ်။



ဘယ်ဘက်‌အောက်မှာသာ တစ်သက်လုံးရှိလာတဲ့ Task Bar ဟာ အလယ်ကိုရောက်လာမှာဖြစ်ပြီး Ultrawide Display တွေ Monitor ကြီးကြီးတွေနဲ့သုံးတဲ့သူတွေအတွက်ပိုအဆင်ပြေလာစေမှာပါ။

ဒါ့အပြင် ရုပ်ထွက်ပိုင်းမှာလည်းပိုတိုးတက်လာပြီး လုံးဝန်းတဲ့အနားသတ်တွေ၊ animated transition တွေ၊ ပိုမိုက်တဲ့ transparency effect တွေထည့်သွင်းလာပါတယ်။

Widget




Windows 11 မှာ Widget တွေပြန်လည်ပါဝင်လာပါပြီ Microsoft အနေနဲ့ A.I ကဖန်တီးပေးတဲ့ Personalized Feed လို့ခေါ်ပါတယ်။ အဲဒီမှာ Widget တွေရဲ့ ထုံးစံအတိုင်း Weather တွေ Stock တွေ Mapတွေပါ။ Newsfeed Widget ကတော့ သင်စိတ်ဝင်စားမယ့်သတင်းအမျိုးအစားတွေကို ရွေးချယ်ဖော်ပြပေးမှာပါ။

Snap Layouts



Windows 11 ရဲ့ Snap မှာ သီးသန့် theme တွေ wallpaper တွေသတ်မှတ်ထားလို့ရပါမယ်။ ဘယ်ဟာအတွက်က အလုပ်၊ ဘယ်ဟာက ရုပ်ရှင်နဲ့ဂိမ်း စသည်ဖြင့်ပေါ့။



ဒါ့အပြင် multimonitor mode မှာ ကိုယ်ဆို monitor တစ်ခုခြင်းအလိုက် Layouts တွေသီးသန့်ထားနိုင်ပါတယ်။

Auto HDR


သင့်‌အနေနဲ့ HDR မပါတဲ့ဂိမ်း သို့ classic ဂိမ်း တွေကိုကစားတဲ့သူဆိုပါက Windows 11 မှာ HDR Spec အတွင်းဝင်အောင် အလိုအလျောက်ချိန်ညှိပေးမယ့် feature ထည့်သွင့်ပေးထားပါတယ်။ အဆိုပါ feature ဟာ Xbox Series X မှာပါဝင်ခဲ့ပြီးသားဖြစ်ကာ အခုဆိုရင် PC ပေါ်မှာပါတွေ့မြင်ရတော့မှာဖြစ်ပါတယ်။

Microsoft အနေနဲ့ auto HDR ကို Age of Empires Definitive Edition Rocket League Day Z နဲ့ Doom 64 အပါအဝင် ဂိမ်းပေါင်းတစ်ထောင်ကျော်လောက်အထိ အထောက်အပံ့ပေးမယ်လို့ကတိပြုထားပါတယ်။ Xbox Game Pass App ဟာလည်း Xbox App ထဲတစ်ပါတည်းပါဝင်နေမှာဖြစ်ပါတယ်။

Android Apps



Windows 11 ရဲ့ အံ့အားသင့်စရာ features တစ်ခုကတော့ Android App တွေကိုသုံးနိုင်လာတာပါပဲ။ Microsoft Store မှာ Android App တွေသိပ်မရှိပေမယ့် Amazon App Store ကနေတဆင့်ရှာနိုင်ပါတယ်။



Android App တွေဟာ x86အခြေပြုထားတဲ့ Windows 11 မှာသုံးလို့ရလာတာက Intel Bridge ဆိုတဲ့ compiler တစ်ခုကြောင့်ပါ။ အဆိုပါ tool ကြောင့် AMD နဲ့ Arm အခြေခံ processor တွေမှာပါ ကောင်းစွာ အလုပ်လုပ်တာ‌ကြောင့် ဘယ်PC မျိုးမဆို Android App တွေကိုသုံးလို့ရလာပါတယ်။

ပထမဆုံးအနေနဲ့ Windows 11 OS မှာ x86 32bit Windows Version ထွက်ရှိမှာမဟုတ်ပဲ 64bit Windows Version သာထွက်ရှိမှာပါ။ သို့ပင်သော်ငြား 32bit App တွေကိုကောင်းစွာသုံးနိုင်ပါလိမ့်မယ်။

DirectStorage


ဂိမ်းမာတွေအတွက် Windows 11 မှာ DirectStorage ဆိုတဲ့ feature ပါလာမှာဖြစ်ပြီး PCIE 3.0 SSD တွေနဲ့တောင်မှ အပြည့်အဝခံစားနိုင်ပါတယ်။ Xbox Series X မှာလိုပဲ အင်မတန်လှပတဲ့ Graphics တွေကို Loading Time အနည်းငယ်နဲ့ ဂိမ်းထဲဝင်ရောက်ကစားနိုင်တော့မှာပါ။

Windows 11 Update ဖိုင်အရွယ်အစားကလည်း ၄၀%ပိုသေးငယ်လာပြီး သင့်PC သုံးစွဲမှုကိုလည်း အနှောက်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး။

System Requirements

CPU :1 GHz with 2 Cores
RAM : 4GB
Storage: 64GB
Firmware: UEFI Secure Boot Capable
TPM: TPM 2.0
GPU: Direct X12 Compatible Video Card
Display: 9in 720P Display

ပထမဆုံး setup လုပ်ဖို့ Internet Access လိုအပ်ပါတယ်။

Tablet Mode



Tablet တွေအတွက် Windows 11 မှာ UI ကိုပိုအဆင့်မြှင့်ပေးထားပါတယ်။ touch နဲ့ Windowsတွေကို resize လုပ်ရတာပိုလွယ်လာမယ်။ onscreen keyboard ကလည်း ပုံတုံးကြီးမဟုတ်တော့ပဲ iOS မှာလိုဖြစ်လာပါမယ် swipe typing တွေသုံးလို့ရလာပါမယ်။ pen input ပါလာမှာဖြစ်သလို haptic feedback လည်းပါလာမှာပါ။ Screen rotation တွေဟာလည်းယခင်ထက်ပိုမိုအဆင်ပြေလာတာတွေ့ရပါတယ်။


Free Upgrade

Windows 10 ဝယ်ယူထားသူများအနေဖြင့် Windows 11 ကို ဒီနှစ်ကုန်ပိုင်းမှာ အခမဲ့အသုံးပြုနိုင်တော့မယ်လို့ဆိုပါတယ်။ Upgrade မဟုတ်ပဲ သီးသန့် Copy ဝယ်ယူနိုင်ဖို့က ၂၀၂၂ခုနှစ်အထိ စောင့်ရပါလိမ့်မယ်။

#EnThueTech
#News

Source: Xbox, Techspot, IGN, Extreme Tech & PC Gamer



Post a Comment

0 Comments