Subscribe Us

header ads

A10 Networks မှ AI လုပ်ငန်းဆောင်တာအားလုံးကို စုစည်းစီမံရန်အတွက် Intelligent Control Plane တစ်ခုဖြစ်သည့် “A10 AI Gateway” ကို မိတ်ဆက်

သုံးစွဲသူများ၏ ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်း AI ကို လုံခြုံစွာ AI အသုံးပြုနိုင်ရန် AI မော်ဒယ်များအပေါ် သိမြင်နိုင်မှု၊ ကုန်ကျစရိတ် စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ထိန်းသိမ်းမှုတို့ကို ဗဟိုမှချုပ်ကိုင်ခွင့်ပေးထား

အာရှ-ပစိဖိတ်ဒေသ – ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် – A10 Networks (NYSE: ATEN) မှ လုပ်ငန်း အဖွဲ့အစည်းများအတွင်း AI အသုံးပြုမှုများကို ဗဟိုမှစီမံခန့်ခွဲရန် Intelligent Control Plane တစ်ခုဖြစ်သည့် A10 AI Gateway ကို ၂၀၂၆ ခုနှစ်စတုတ္ထသုံးလပတ်အတွင်း စတင်ရရှိနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်ပါသည်။

A10 AI Gateway သည် အဖွဲ့အစည်းများ အသုံးပြုလျက်ရှိသော AI agent များ၊ application များနှင့် ဘာသာစကားမော်ဒယ်ကြီးများ (LLMs) အားလုံးအတွက် Routing လုပ်ခြင်း၊ ကုန်ကျစရိတ် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ထိန်းသိမ်းခြင်းတို့ကို တစ်စုတစ်စည်းတည်း ဆောင်ရွက်ပေးပါသည်။ ၎င်းသည် AI အသုံးပြုမှုကို ဗဟိုမှသိမြင်နိုင်ခြင်း၊ ကုန်ကျစရိတ် အကောင်းဆုံးဖြစ်အောင် ချိန်ညှိခြင်း၊ ဝင်ရောက်အသုံးပြုခွင့်ထိန်းချုပ်ခြင်းနှင့် လုံခြုံရေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် AI ကို ပိုမိုထိရောက်လုံခြုံစွာ အသုံးပြုနိုင်ရန် ကူညီပေးပါသည်။

နောက်ခံအကြောင်းအရာ

လုပ်ငန်းအဖွဲ့အစည်းများတွင် AI အသုံးပြုမှု လျင်မြန်စွာတိုးတက်လာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းကြီးများသည် AI အေးဂျင့်များနှင့် Generative AI စွမ်းရည်များကို စီးပွားရေးဆိုင်ရာ အက်ပလီကေးရှင်းများတွင် အလျင်အမြန်ပေါင်းစပ်လာကြပါသည်။ တစ်ချိန်တည်းတွင် AI ဝန်ဆောင်မှုပေးသူ အမျိုးမျိုးနှင့် AI မော်ဒယ် အမျိုးမျိုးကို တွဲဖက်အသုံးပြုမှု များပြားလာသဖြင့်၊ မည်သည့်မော်ဒယ်များကို အသုံးပြုနေသနည်း၊ မည်မျှ ကုန်ကျနေသနည်းနှင့် သင့်လျော်သော ကြီးကြပ်ထိန်းသိမ်းမှုနှင့် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ချက်များ ရှိမရှိတို့ကို နားလည်သဘောပေါက်ရန် ပိုမိုခက်ခဲလာပါသည်။

AI တောင်းဆိုချက်များကိုယ်တိုင်ကလည်း ရိုးရှင်းသောလုပ်ငန်းဆောင်တာမှသည် အဆင့်မြင့်ဆင်ခြင်သုံးသပ်မှု လိုအပ်သော Workload များအထိ ကျယ်ပြန့်စွာ ကွဲပြားလာပါသည်။ ထို့ကြောင့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် AI စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်စေနိုင်မည့်၊ နှောင့်နှေးကြန့်ကြာမှုကို လျှော့ချနိုင်မည့်၊ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ချောမွေ့ထိရောက်စေနိုင်မည့်၊ AI နှင့်သက်ဆိုင်သော ကုန်ကျစရိတ်များကို ထိန်းချုပ်နိုင်မည့် စီမံခန့်ခွဲမှုပလက်ဖောင်းတစ်ခု လိုအပ်လာပါသည်။

အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် A10 AI Gateway သည် လုပ်ငန်းအဖွဲ့အစည်းများ၏ AI အသုံးပြုမှုများကို စီမံခန့်ခွဲရေး ပလက်ဖောင်းတစ်ခုတည်းအတွင်း စုစည်းပေးထားပြီး၊ လုပ်ငန်းများအနေဖြင့် AI ကို ထိရောက်စွာနှင့် လုံခြုံစွာ လည်ပတ်နိုင်မည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးထားပါသည်။

ခြုံငုံသုံးသပ်ချက်

A10 AI Gateway သည် Intelligent Control Plane တစ်ခုဖြစ်ပြီး အဖွဲ့အစည်းတစ်ခု အသုံးပြုလျက်ရှိသော AI Agent များ၊ Application များနှင့် ဘာသာစကားမော်ဒယ်ကြီးများ (LLMs) အားလုံးအကြား တစ်နေရာတည်းမှ Routing ပြုလုပ်ပေးခြင်း၊ ကုန်ကျစရိတ် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ထိန်းသိမ်းခြင်းတို့ကို တစ်စုတစ်စည်းတည်း ဆောင်ရွက်ပေးပါသည်။

၎င်းသည် AI အသုံးပြုမှုနှင့် ကုန်ကျစရိတ်များအားလုံးကို ဗဟိုမှ မြင်တွေ့စေနိုင်ပြီး တောင်းဆိုချက် တစ်ခုချင်းစီ၏ အကြောင်းအရာနှင့် သက်ဆိုင်ရာ အသုံးပြုမှုမူဝါဒများအပေါ် အခြေခံ၍ သင့်လျော်သော AI မော်ဒယ်ကို ရွေးချယ်ပေးပါသည်။ ဤသို့ဖြင့် အကောင်းဆုံးစွမ်းဆောင်ရည်ရရှိစေသလို ကုန်ကျစရိတ် စီမံခန့်ခွဲခြင်း၊ လုံခြုံရေး ခိုင်မာစေခြင်းနှင့် ကြီးကြပ်ထိန်းသိမ်းမှုကို အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။  Developer များနှင့် အသုံးပြုသူများအနေဖြင့်လည်း ၎င်းတို့ လိုလားချက်နှင့် ကိုက်ညီသော AI မော်ဒယ်များကို အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။

အဓိကအင်္ဂါရပ်များ

အသုံးပြုသူအပေါ် အခြေခံသော AI အသုံးပြုခွင့်

A10 AI Gateway သည် လက်ရှိအသုံးပြုနေသော Local Directory စနစ်များနှင့် ချိတ်ဆက်၍ အသုံးပြုသူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အလိုက် ဝင်ရောက်အသုံးပြုခွင့်နှင့် Routing မူဝါဒများကို သတ်မှတ်ပေးပါသည်။ ဥပမာ လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် အင်ဂျင်နီယာအဖွဲ့နှင့် ဘဏ္ဍာရေးအဖွဲ့တို့အတွက် မတူညီသော AI မော်ဒယ်များ နှင့် အသုံးပြုမှုဆိုင်ရာ မူဝါဒများကို သီးခြားသတ်မှတ်ပေးနိုင်ပါသည်။

Smart Routing

A10 AI Gateway သည် ပုံသေသတ်မှတ်ထားသည့် Routing မူဝါဒများနှင့် ရိုးရှင်းသော တောင်းဆိုချက်များကို တိုင်းတာခြင်းများကို ကျော်လွန်၍ တောင်းဆိုချက် တစ်ခုချင်းစီ၏ ရှုပ်ထွေးမှုပမာဏနှင့် အမျိုးအစားကို အကဲဖြတ်စစ်ဆေးပေးပါသည်။ ၎င်းသည် ရိုးရှင်းသော လုပ်ငန်းဆောင်တာများကို ကုန်ကျစရိတ် ပိုမိုသက်သာသော မော်ဒယ်များထံသို့ လည်းကောင်း၊ အဆင့်မြင့် ဆင်ခြင်သုံးသပ်မှု လိုအပ်သော လုပ်ငန်းဆောင်တာများကို ပိုမိုစွမ်းဆောင်ရည်မြင့်မားသော မော်ဒယ်များထံသို့ လည်းကောင်း အလိုအလျောက် လမ်းကြောင်းခွဲဝေ ချထားပေးပါသည်။

ဗဟိုချုပ်ကိုင်မှုရှိသော ကွန်ရက်လမ်းကြောင်းနှင့် ကုန်ကျစရိတ် စီမံခန့်ခွဲမှုစနစ်

ဗဟိုထိန်းချုပ်မှုစနစ်တစ်ခုအနေဖြင့် A10 AI Gateway သည် တောင်းဆိုချက်တစ်ခုချင်းစီ၏ ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာဖြင့် အချိန်နှင့် တစ်ပြေးညီ ခြေရာခံပေးပါသည်။ မော်ဒယ်တစ်ခုချင်းစီ သို့မဟုတ် အဖွဲ့တစ်ဖွဲ့ချင်းစီအတွက် Token အသုံးပြုနိုင်မည့် ဘတ်ဂျက်များကို လုံးဝဖြတ်တောက်မည့် ကန့်သတ်ချက်များနှင့် ကြိုတင်သတိပေးမည့် ကန့်သတ်ချက်များဖြင့် စီမံခန့်ခွဲပေးသည့်အပြင်၊ API Key သို့မဟုတ် အဖွဲ့အလိုက် တစ်မိနစ်လျှင် တောင်းဆိုနိုင်မည့် TPM/RPM ပမာဏ (TPM - တစ်မိနစ်အတွင်း အသုံးပြုနိုင်သော တိုကင် (Token) အရေအတွက်/ RPM - တစ်မိနစ်အတွင်း တောင်းဆိုနိုင်သော အကြိမ်အရေအတွက်) ကိုလည်း တိကျစွာ ထိန်းချုပ်ပေးပါသည်။ ၎င်းက AI အသုံးပြုမှု အခြေအနေနှင့် ကုန်ကျစရိတ်များကို တစ်နေရာတည်းမှ မြင်တွေ့နိုင်ပြီး၊ စနစ်တစ်ခုလုံးကို ထိရောက်စွာ ကြီးကြပ်ထိန်းသိမ်းနိုင်ပါသည်။

A10 ၏ AI လုံခြုံရေးနည်းပညာစုနှင့် ပေါင်းစပ်အသုံးပြုနိုင်မှု

A10 AI Gateway သည် A10 ၏ TrojAIA10 AI Firewall နှင့် ThreatX အပါအဝင် လက်ရှိ AI လုံခြုံရေး နည်းပညာစုကို ပိုမိုပြည့်စုံကောင်းမွန်လာစေရန် ဖြည့်ဆည်းပေးပါသည်။ ဤစနစ်သည် AI ကို စတင်မဖြန့်ကျက်မီ စမ်းသပ်သည့်အဆင့်နှင့် အသုံးပြုနေချိန် ကာကွယ်ပေးသည့်အဆင့်မှစ၍ ကွန်ရက် နှင့် API အလွှာများတွင် ထိန်းချုပ်မှုများအထိ AI ၏ လုပ်ငန်းစဉ်သက်တမ်းတစ်ခုလုံးအတွက် လုံခြုံရေးကို ပံ့ပိုးလျက် ရှိပါသည်။

သုံးစွဲသူ၏ ပတ်ဝန်းကျင်အတွင်း လိုက်လျောညီထွေစွာ နေရာချထားနိုင်မှု

A10 AI Gateway ကို သီးခြားဆော့ဖ်ဝဲလ်အဖြစ်ဖြစ်စေ၊ ဟာ့ဒ်ဝဲလ်နှင့် ပေါင်းစပ်ထားသည့်စနစ်အနေဖြင့်ဖြစ်စေ ရရှိနိုင်ပြီး on-premises (ကိုယ်ပိုင်ဒေတာစင်တာအတွင်း)၊ Private Cloud နှင့် ကွန်ရက်မှ လုံးဝခွဲထုတ်ထားသော Air-Gapped ပတ်ဝန်းကျင်များအပါအဝင် သုံးစွဲသူ၏ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်းတွင် အပြည့်အဝအသုံးပြုနိုင် ပါသည်။ ထို့ကြောင့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ မော်ဒယ်များ၊ ဒေတာများနှင့် မူဝါဒများအပေါ် ထိန်းချုပ်မှုကို ဆက်လက်ထားရှိနိုင်ပြီး ဒေတာများအပေါ်စီမံပိုင်စိုးခွင့်ကိုလည်း ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ ဤအချက်မှာ Cloud ပေါ်တွင် တင်ထားသော Gateway များနှင့် Edge တွင်သာ ကန့်သတ်ထားသော Gateway များ မယှဉ်ပြိုင်နိုင်သည့် အားသာချက်တစ်ရပ်ပင် ဖြစ်ပါသည်။

ရရှိနိုင်မည့် အချိန်

A10 AI Gateway ကို ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း စတင်ရရှိနိုင်ရန် စီစဉ်ထားပါသည်။

အမှုဆောင်အရာရှိချုပ်၏ မှတ်ချက်

A10 Networks ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Dhrupad Trivedi က ”စီးပွားရေး လုပ်ငန်းကြီးတွေအနေနဲ့ AI နည်းပညာကို အမြန်ဆုံး ပြောင်းလဲအသုံးပြုဖို့ တောင်းဆိုခံနေရသလို၊ တစ်ချိန်တည်းမှာပဲ အပြည့်အဝ ထိန်းချုပ်ထားနိုင်ဖို့လည်း လိုအပ်နေပါတယ်။ AI အသုံးပြုမှုက တာဝန်ခံအဖွဲ့တွေအနေနဲ့ ရှာဖွေ၊ ကြီးကြပ်၊ လုံခြုံအောင် လုပ်နိုင်တာထက် ပိုမြန်ပြီး ပြန့်နှံ့နေတာကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာသလို နေရာတစ်နေခုတည်းကနေ စည်းမျဉ်းတွေမသတ်မှတ်နိုင်တော့ပါဘူး။ A10 AI Gateway ကတော့ လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ AI ကို ဘယ်လိုအသုံးပြုနေလဲဆိုတာကို သိမြင်နိုင်ဖို့၊ ဘယ်သူတွေက ဘယ်မော်ဒယ်တွေကို ဝင်ရောက်သုံးစွဲခွင့်ရှိတယ်ဆိုတာကို ကြီးကြပ်ပေးဖို့နဲ့ တောင်းဆိုချက်တိုင်း အတွက် သင့်တော်တဲ့ ကုန်ကျစရိတ်နဲ့ မှန်ကန်တဲ့ မော်ဒယ်ဆီကို ကိုက်ညီအောင် ချိတ်ဆက်ပေးနိုင်မဲ့ Intelligent Control Plane တစ်ခုကို ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ ပေါင်းစပ်ထားတဲ့ နည်းပညာထုတ်ကုန်စုက သုံးစွဲသူတွေအတွက် AI ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့  ပြည့်စုံပြီး စီမံပိုင်စိုးခွင့်အပြည့်အဝရှိတဲ့ နည်းလမ်းတစ်ခုကို ပေးအပ်ထားပါတယ်။ ဒါဟာ စီးပွားရေး လုပ်ငန်းကြီးတွေအနေနဲ့ မြန်ဆန်မှုရရှိဖို့ ထိန်းချုပ်နိုင်စွမ်းကို စွန့်လွှတ်စရာမလိုဘဲ ယုံကြည်မှုအပြည့်နဲ့ AI ကို လုံလုံခြုံခြုံ လက်ခံကျင့်သုံးနိုင်မယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ဟု ပြောကြားခဲ့ပါသည်။

ဆက်စပ်အချက်အလက်များ

Solution Brief: A10 AI Gateway: The Intelligent Control Plane for All AI Operations

Blog: Has Your AI Gateway Matured into an Intelligent Control Plane?

Product Page: A10 AI Gateway – Take Control of Enterprise AI

A10 Networks အကြောင်း

A10 Networks (NYSE: ATEN) သည် on-premiseshybrid cloud နှင့် edge ပတ်ဝန်းကျင်များ တစ်လျှောက် လုပ်ငန်းအရေးပါသော စနစ်များကို ကာကွယ်ခြင်း၊ ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနှင့် ချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်ပေးသည့် လုံခြုံရေး အက်ပလီကေးရှင်းနှင့် ကွန်ရက် solution များကို ပံ့ပိုးပေးလျက်ရှိသည့်ကုမ္ပဏီ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နည်းပညာထုတ်ကုန်စုသည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းကြီးများ၊ ဝန်ဆောင်မှုပေးသူများနှင့် Cloud ပလက်ဖောင်းများအား စွမ်းဆောင်ရည်၊ ယုံကြည်စိတ်ချရမှုနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများမှ ကာကွယ်ပေးမှုတို့ကို ပံ့ပိုးပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် AI နှင့် မျိုးဆက်သစ် Applications၏ လိုအပ်ချက်များအတွက် ၎င်းတို့၏ ကွန်ယက်များကို ပြင်ဆင်ပေးလျက်ရှိပါသည်။ A10 Networks ကို ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူပေါင်း ၇,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက A10networks.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး LinkedIn တွင်လည်း A10Networks ကို follow လုပ်ထားနိုင်ပါသည်။

###

A10 အမှတ်တံဆိပ်နှင့် A10 Networks တို့သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများရှိ A10 Networks, Inc. ၏ ကုန်အမှတ်တံဆိပ်များ သို့မဟုတ် မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်များ ဖြစ်ကြပါသည်။ အခြားသော ကုန်အမှတ်တံဆိပ်များအားလုံးသည် သက်ဆိုင်ရာပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများသာ ဖြစ်ပါသည်။

Post a Comment

0 Comments