Subscribe Us

header ads

Nvidia DLSS 5 ကို Modder များက RTX 30 Series GPU များပေါ်တွင် စမ်းသပ်နိုင်ခဲ့သော်လည်း စွမ်းဆောင်ရည်မှာ အလွန်တရာ ဆိုးရွားနေ

Image: NVIDIA

အခုဆိုရင် Modder တွေဟာ Nvidia ရဲ့ ပေါက်ကြားလာတဲ့ DLSS 5 ဖိုင်တွေကို အသုံးပြုပြီး အမျိုးမျိုး စမ်းသပ်နေကြပါတယ်။ လွန်ခဲ့တဲ့ အပတ်က Modder တွေဟာ DLSS 5 ကို RTX 40 Series GPUs တွေပေါ်မှာ စတင်အလုပ်လုပ်အောင် ပြုလုပ်နိုင်ခဲ့ကြတာပါ။ အခုအခါမှာတော့ Gamers တွေဟာ DLSS 5 ကို RTX 30 Series GPUs တွေပေါ်မှာပါ စမ်းသပ်မောင်းနှင်နိုင်ခဲ့တယ်ဆိုပေမဲ့ ရရှိလာတဲ့ ရလဒ်တွေကတော့ လုံးဝ စိတ်တိုင်းကျစရာ မရှိပါဘူး။

Flourek လို့ခေါ်တဲ့ Gamer တစ်ဦးဟာ X (Twitter) ပလက်ဖောင်းပေါ်မှာ သူ့ရဲ့ RTX 3080 ဂရပ်ဖစ်ကတ်နဲ့ Deep Rock Galactic ဂိမ်းကို စမ်းသပ်ပြခဲ့ပါတယ်။ DLSS 5 ကို ဖွင့်လိုက်တဲ့အခါ ဂိမ်းရဲ့ framerate ဟာ 138 FPS ရှိနေရာကနေ 4 FPS အထိ ထိုးဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စွမ်းဆောင်ရည် ၉၇% ကျော်အထိ လျော့ကျသွားတာဖြစ်တာကြောင့် DLSS နည်းပညာဟာ RTX 30 Series ဂရပ်ဖစ်ကတ်တွေပေါ်မှာ မောင်းနှင်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးဆိုတာ ထင်ရှားလှပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုဟာ ပေါက်ကြားလာတဲ့ မထွက်ရှိသေးမီ DLSS 5 DLL ဖိုင်ကို အသုံးပြုပြီး RTX 50 Series မဟုတ်တဲ့ တခြား GPU တွေပေါ်မှာ အလုပ်လုပ်အောင် Mod လုပ်ထားတာဖြစ်တယ်ဆိုတာကိုတော့ သတိပြုဖို့ လိုပါတယ်။

RenoDX Discord မှာလည်း အသုံးပြုသူ အတော်များများက RTX 30 Series GPUs တွေနဲ့ DLSS 5 ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အသေးစိတ် ဖော်ပြခဲ့ကြပါတယ်။ အသုံးပြုသူတစ်ဦးရဲ့ Flight Simulator 2020 ဂိမ်းစွမ်းဆောင်ရည်ဟာ 43 FPS ကနေ 13 FPS အထိ ကျဆင်းသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ RTX 3090 GPU သုံးစွဲသူ အခြားတစ်ဦးကတော့ Shadow of the Tomb Raider ဂိမ်းကို 1440p max settings နဲ့ DLSS ရဲ့ Quality mode မှာ စမ်းသပ်ခဲ့ရာ DLSS 5 ကို ဖွင့်လိုက်ချိန်မှာ စွမ်းဆောင်ရည်ဟာ 180 FPS ကနေ 42 FPS အထိ ကျဆင်းသွားခဲ့တာကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီစမ်းသပ်မှုတွေအရ ရှင်းရှင်းလင်းလင်း သိလိုက်တာတစ်ခုကတော့ DLSS 5 ဟာ Nvidia ရဲ့ မျိုးဆက်ဟောင်း GPU တွေပေါ်မှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ခြင်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါဟာ မျိုးဆက်ဟောင်း GPU တွေရဲ့ AI စွမ်းဆောင်ရည်တွေဟာ နောက်ထွက် RTX 40/50 Series GPUs တွေထက် လျော့နည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ RTX 40 နဲ့ RTX 50 Series GPUs တွေဟာ ပိုမိုမြင့်မားတဲ့ AI တွက်ချက်မှုစွမ်းအားကို ထောက်ပံ့ပေးထားပြီး FP8 precision ကိုပါ အထောက်အပံ့ပေးထားလို့ပဲ ဖြစ်ပါတယ်။ မျိုးဆက်ဟောင်း RTX GPUs တွေမှာတော့ DLSS 5 ကို ထိရောက်စွာ မောင်းနှင်နိုင်ဖို့အတွက် လိုအပ်တဲ့ AI တွက်ချက်မှုစွမ်းအား မရှိတာကြောင့် ဖြစ်နိုင်ပါတယ်။

Nvidia ရဲ့ ပေါက်ကြားလာခဲ့တဲ့ DLSS 5 DLL ဖိုင်ဟာ Nvidia ရဲ့ RTX 50 Series GPUs တွေကိုသာ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဒါဟာ Nvidia အနေနဲ့ DLSS 5 ကို RTX 50 Series ရဲ့ သီးသန့် နည်းပညာအဖြစ် ဖန်တီးဖို့ စီစဉ်နေတာ ဖြစ်နိုင်ပြီး မျိုးဆက်ဟောင်း GPU တွေအတွက် တရားဝင် ထောက်ပံ့မှုပေးမှာ မဟုတ်ဘူးလို့လည်း အဓိပ္ပာယ်ရနေပါတယ်။ ဒီအချက်ဟာ အမှန်တကယ် ဟုတ်မဟုတ် ဆိုတာကိုတော့ ဒီနှစ်နှောင်းပိုင်းမှာ Nvidia က DLSS 5 ကို တရားဝင် မိတ်ဆက်ပေးတဲ့အခါမှ ကျွန်တော်တို့ သိနိုင်ပါလိမ့်မယ်။

Source: OC3D

Post a Comment

0 Comments