![]() |
| Image via TechSpot |
Bluetooth SIG အဖွဲ့က Bluetooth Core 6.2 specification အသစ်ကို မကြာသေးခင်ကပဲ မိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ ကျုပ်တို့သုံးနေတဲ့ wireless standard အတွက် feature အသစ်တွေနဲ့ အဆင့်မြှင့်တင်မှုတွေ ပါဝင်လာတာပေါ့။ ဒီအဖွဲ့က အခုဆို Bluetooth specification တွေကို တစ်နှစ်နှစ်ခါ ထုတ်ပေးနေပေမယ့်၊ ဒီတစ်ခေါက် 6.2 ကတော့ အကြီးစားပြောင်းလဲမှုကြီးမဟုတ်ဘဲ၊ ရှိရင်းစွဲ standard ကို ပိုကောင်းအောင်၊ ပိုတုံ့ပြန်မှုမြန်အောင်၊ ပိုလုံခြုံအောင် နည်းနည်းလေး ပြုပြင်မွမ်းမံထားတဲ့ပုံစံမျိုး လို့ဆိုနိုင်ပါတယ်။
ကြေညာချက်အရ 6.2 စံနှုန်း မှာပါတဲ့ အဓိက feature တွေထဲမှာ ပိုတိုတောင်းတဲ့ ချိတ်ဆက်ချိန်ဆိုတာ ပါလာပါတယ်။ ဒါက Bluetooth LE (Low Energy) ပစ္စည်းတွေအတွက် အနိမ့်ဆုံးချိတ်ဆက်ချိန်ကို 7.5 ms ကနေ 375 µs အထိ အံ့ဩဖို့ကောင်းလောက်အောင် လျှော့ချပေးလိုက်တာပါ။ (သဘောတရားကို ရှင်းပြရရင် မိုက်ခရိုစက္ကန့်ဆိုတာ မီလီစက္ကန့်ရဲ့ အပုံတစ်ထောင်ပုံတစ်ပုံတောင် ရှိတာ)။ ဒီလိုတိုးတက်လာတာကြောင့် ပစ္စည်းတွေရဲ့ တုံ့ပြန်မှုက သိသိသာသာ ပိုမြန်လာမှာဖြစ်ပါတယ်။
တုံ့ပြန်ချိန် ပိုမြန်လာတာကြောင့် high-performance ပစ္စည်းတွေ၊ လူနဲ့ စက်ကြား real-time အလုပ်လုပ်ရတဲ့ (human-machine interfaces) နေရာတွေ၊ ပြီးတော့ latency နည်းနည်းပဲရတဲ့ sensor တွေအတွက် အများကြီး အကျိုးရှိစေမှာပါလို့ Bluetooth SIG အဖွဲ့က ဆိုပါတယ်။ ဒါ့အပြင်၊ "Bluetooth HCI USB LE Isochronous Support" မှာ "Bulk Serialization Mode (BSM)" လို့ခေါ်တဲ့ feature အသစ်တစ်ခု ပါလာပါသေးတယ်။ ဒါက USB connection တွေကနေတစ်ဆင့် isochronous data (အချိန်နဲ့ကိုက်ပြီး အဆက်မပြတ်ပို့ရတဲ့ဒေတာ) တွေကို ပုံစံတကျ ပို့လွှတ်နိုင်အောင် standard တစ်ခု သတ်မှတ်ပေးတာပါ။
BSM ကြောင့် Bluetooth LE Audio ကို USB-based system တွေ၊ ပစ္စည်းတွေထဲမှာ ပေါင်းစပ်ထည့်သွင်းရတာ ပိုလွယ်ကူလာတော့မှာ ဖြစ်ပါတယ်။
လုံခြုံရေးပိုင်းမှာလည်း Bluetooth standard က "amplitude-based attacks" လို့ခေါ်တဲ့ တိုက်ခိုက်မှုတွေကို ပိုပြီး ခံနိုင်ရည်ရှိလာပါတယ်။ ရှုပ်ထွေးတဲ့ radio-frequency ခြိမ်းခြောက်မှုတွေအတွက် အကာအကွယ်အသစ်တွေ ပါလာတာပေါ့။ ဒီအဆင့်မြှင့်တင်မှုက ကားစနစ်တွေ (automotive systems)၊ smart home တွေ၊ စက်မှုလုပ်ငန်းသုံး application တွေလိုမျိုး သီးခြားနေရာတွေမှာ Bluetooth ကို ပိုပြီး လုံခြုံရေးတိုးမြှင့်ပေးဖို့ ရည်ရွယ်ထားတာပါ။
နောက်ထပ်တစ်ခုက "Bluetooth LE Test Mode Enhancements" feature ပါ။ ဒါက PHY test တွေ (နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှု) လုပ်ဆောင်ဖို့အတွက် စုစည်းထားတဲ့ protocol တစ်ခုကို ပံ့ပိုးပေးပါတယ်။ ဒီဇိုင်နာတွေနဲ့ audio engineer တွေက သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို ရှုပ်ထွေးတဲ့ ကြိုးတွေနဲ့ ချိတ်ဆက်စရာမလိုတော့ဘဲ wireless နဲ့ (over-the-air) တိုက်ရိုက် စမ်းသပ်နိုင်တော့မှာ ဖြစ်ပါတယ်။
6.2 standard မှာ ပါဝင်တဲ့ အပြောင်းအလဲတွေကို အဓိက အသားပေးဖော်ပြထားပေမယ့်၊ Bluetooth SIG အဖွဲ့က developer တွေနဲ့ လုပ်ငန်းရှင်တွေကို feature အပြည့်အစုံကို သူတို့ website မှာ ကြည့်နိုင်ကြောင်း သတိပေးထားပါတယ်။ အချုပ်အားဖြင့်ပြောရရင်၊ Bluetooth Core 6.2 ဟာ လူတိုင်းသုံးနေပြီးသားဖြစ်တဲ့ wireless standard တစ်ခုကို အစကနေ အသစ်ပြန်တီထွင်တာမျိုးမဟုတ်ဘဲ၊ ရှိရင်းစွဲအပေါ်မှာ ဆန်းသစ်တီထွင်မှုတွေပြုလုပ်ဖို့ ရည်ရွယ်ထားတာပါ။ မကြာသေးခင်နှစ်တွေအတွင်း Bluetooth ဟာ "Bluetooth LE Audio" architecture ကြောင့် အများကြီး တိုးတက်ပြောင်းလဲလာခဲ့ပြီး Microsoft ကလည်း ဒီတိုးတက်မှုတချို့ကို နောက်ဆုံးထွက် Windows 11 release တွေမှာ ပေါင်းစပ်ထည့်သွင်းနေပြီ ဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: TechSpot

0 Comments