![]() |
| Image: Phanteks |
နာမည်ကျော်ကွန်ပျူတာ hardware ပစ္စည်းထုတ်လုပ်သူ Phanteks ဟာ Computex ပွဲမှာကွန်ပျူတာ case နဲ့ cooling ပိုင်းတွေအတွက် ထုတ်ကုန်အသစ်အများအပြားကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီထဲမှာ ပုံစံသစ်နဲ့ လာမယ့် EX-series PC case တွေ၊ လုပ်ငန်းသုံး Server case တွေ၊ အဆင့်မြင့် fan တွေ၊ AIO Liquid Cooling တွေနဲ့ Power Supply အသစ်တွေ ပါဝင်ပါတယ်။
![]() |
| Image: Phanteks |
Phanteks EX-Series PC Case များ
ဒီ Phanteks ရဲ့ EX-series case တွေရဲ့ ထူးခြားချက်ကတော့ CPU ရော Graphics Card ကိုပါ တိုက်ရိုက်အအေးပေးစနစ် ပိုမိုကောင်းမွန်လာစေဖို့ လေစီးဆင်းမှုဇုန်တွေကို တစ်ခုနဲ့တစ်ခု သီးခြားစီ ခွဲထုတ်ပေးထားတဲ့ isolated airflow zones စနစ်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ အဆင့်မြင့် EX6 Max မော်ဒယ်မှာဆိုရင်တော့ စက်ရဲ့ အခြေအနေတွေကို ပြသပေးမယ့် ၁၀ လက်မအရွယ် (10-inch) LCD မျက်နှာပြင်တစ်ခုအပြင် စက်ထဲမှာ တစ်ခါတည်း တပ်ဆင်ပါဝင်လာမယ့် AIO liquid coolingစနစ်ပါ ပူးတွဲပါဝင်လာမှာ ဖြစ်ပါတယ်။ လာမဲ့ စက်တင်ဘာလမှာ Phanteks EX6 ကို အမေရိကန်ဒေါ်လာ ၁၅၉.၉၉ ဒေါ်လာနဲ့ EX6 Max ကိုတော့ ၃၂၉.၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
![]() |
| Image: Phanteks |
Workstation နှင့် Server Case မော်ဒယ်အသစ်များ
လုပ်ငန်းသုံး workstation နဲ့ server အသုံးပြုသူတွေအတွက်လည်း Enthoo Pro 2 Server V2 နဲ့ Enthoo Elite Server case မော်ဒယ်နှစ်ခုကို လာမယ့် ဇူလိုင်လဆန်းပိုင်းမှာ ဝယ်ယူနိုင်တော့မယ်လို့သိရပါတယ်။ ၁၉၉.၉၉ ဒေါ်လာတန် Pro 2 Server V2 မှာဆိုရင် ဇကာကွက် သုံးထားတဲ့ သတ္တုကိုယ်ထည်နဲ့ လာပြီး SSI-EEB motherboard တွေ၊ dual PSU နှစ်လုံး) တပ်ဆင်နိုင်တာတွေ၊ PCI slots ၁၁ ခုနဲ့ storage အမြောက်အမြားကို ထောက်ပံ့ပေးထားပါတယ်။
![]() |
| Image: Phanteks |
တစ်ခါ ၃၄၉.၉၉ ဒေါ်လာတန် Enthoo Elite Server မော်ဒယ်မှာတော့ PCI slots ၁၂ ခုအထိ တိုးမြှင့်ပေးထားတဲ့အပြင် high-density storage စနစ်တွေနဲ့ fan အစီးပေါင်း ၂၉ လုံးအထိ တပ်ဆင်နိုင်မယ့် နေရာတွေ ပါဝင်လာပါတယ်။ ဒါ့အပြင် သွားလာရွှေ့ပြောင်းရ လွယ်ကူစေဖို့အတွက် ဘီးလုံးလေးတွေပါ ရွေးချယ်တပ်ဆင်နိုင်ဦးမှာ ဖြစ်ပါတယ်။
Phanteks XT Series Case မော်ဒယ်အသစ်များ
Phanteks ရဲ့ XT Series ဟာ အပေါ်ဘက်မှာ 360 mm radiator တပ်ဆင်နိုင်ပြီး အကြီးစား Graphics Card တွေကို ကောင်းကောင်းဆံ့တဲ့ ကျစ်လျစ်တဲ့ ATX case အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီ case တွေမှာ S25 ARGB fan တွေကို စက်ထဲမှာ တစ်ခါတည်း အသင့်တပ်ဆင်ပေးထားပြီး မော်ဒယ် ၃ မျိုးနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။
![]() |
| Image: Phanteks |
ပထမမော်ဒယ်ဖြစ်တဲ့ XT M5 ကိုတော့ အမေရိကန်ဒေါ်လာ ၆၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး လေဝင်လေထွက် အလွန်ကောင်းမွန်တဲ့ full-mesh front panel ပါဝင်တဲ့အပြင် ၁၂၀ မီလီမီတာ fan ပေါင်း ၁၀ လုံးအထိ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယမော်ဒယ်ဖြစ်တဲ့ XT V5 ကိုလည်း ၆၉.၉၉ ဒေါ်လာနဲ့ပဲ ရောင်းချပေးထားပြီး စက်အတွင်းပိုင်းကို အလှဆင်ပြသဖို့အတွက် panoramic tempered glass ကို သုံးထားပါတယ်။ ဒါ့အပြင် ဂရပ်ဖစ်ကတ်ကို တိုက်ရိုက်အအေးပေးနိုင်ဖို့ case ရဲ့ အောက်ခြေမှာ fan ၃ လုံး တပ်ဆင်နိုင်မယ့် စနစ်လည်း ပါဝင်ပါတယ်။ နောက်ဆုံး အဆင့်မြင့်မော်ဒယ်ဖြစ်တဲ့ XT V5-LCD ကတော့ ၁၀၉.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး V5 ရဲ့ ပုံစံကိုမှ စက်ရဲ့ အခြေအနေတွေကို real-time စောင့်ကြည့်နိုင်မယ့် ၇ လက်မအရွယ် LCD မျက်နှာပြင်တစ်ခုကို Nexlinq ecosystem နဲ့ ချိတ်ဆက်ပြီး ထပ်မံဖြည့်စွက်ပေးထားတာ ဖြစ်ပါတယ်
X30 နှင့် S25 Fan Series အသစ်များနှင့် Glacier One AIO များ
Cooling ပိုင်းမှာတော့ ဖရိန်တစ်ခုတည်းမှာ တဆက်တည်းဖြစ်တဲ့ unified frames ပုံစံနဲ့ X30 fan series ကို ၁၂၀ မီလီမီတာ၊ ၂၄၀ မီလီမီတာနဲ့ ၃၆၀ မီလီမီတာ ဆိုပြီး ဗားရှင်းမျိုးစုံ ထုတ်လုပ်လိုက်ပါတယ်။ သူတို့မှာ ပုံမှန်လေမှုတ်ထုတ်မယ့် စနစ်အပြင် airflow ပြောင်းပြန်ဖြစ်စေတဲ့ ပုံစံတွေကိုပါ ရွေးချယ်နိုင်ပြီး အလူမီနီယံ အလှဆင်လိုင်းတွေ၊ ARGB မီးစနစ်နဲ့ ကြိုးရှုပ်ထွေးမှုမရှိစေမဲ့ single-cable စနစ်တွေ ပါဝင်လာမှာပါ။ ဒီကောင်လေးတွေကို ဒီနှစ်စတုတ္ထသုံးလပတ်မှာ ၁၉.၉၉ ဒေါ်လာကနေစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
![]() |
| Image: Phanteks |
ဒါ့အပြင် အဲဒီ X30 fan တွေကို သုံးထားပြီး ၆ လက်မအရွယ် (1480×720 ရုပ်ထွက်) IPS display ပါဝင်တဲ့ Glacier One 360X30-LCD AIO ရေအေးပေးစနစ်ကိုလည်း Q4 ထဲမှာပဲ ၁၇.၉၉ ဒေါ်လာနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး Nexlinq စနစ်ကတစ်ဆင့် စိတ်ကြိုက် ပြုပြင်ဖန်တီးမှုတွေ လုပ်နိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ အမြန်နှုန်း 2000RPM အထိရပြီး single-frame ပုံစံနဲ့ လာမယ့် S25 fan series ကိုလည်း စက်တင်ဘာလလယ်မှာ ၇.၉၉ ဒေါ်လာကနေစပြီး ရောင်းချပေးသွားမှာဖြစ်သလို အဆိုပါ S25 fan တွေ ပါဝင်လာမယ့် Glacier One 360S25 AIO ကိုလည်း ၇၉.၉၉ ဒေါ်လာနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
![]() |
| Image: Phanteks |
AMP GN 1200W Power Supply
နောက်ဆုံးအနေနဲ့ Phanteks ဟာ Nexlinq စနစ်သုံး AMP GN 1200W Power Supply အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Power Supply ဟာ စက်ထဲက wattage အခြေအနေတွေနဲ့ အခြားအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တဲ့ အဆင့်မြင့် PSU တစ်ခု ဖြစ်ပါတယ်။
Source: Kitguru.net and Techpowerup







0 Comments