Subscribe Us

header ads

Intel ၏ နောက်ဆုံးထွက် Driver အသစ်တွင် XeSS 3 Multi-Frame Generation နည်းပညာပါဝင်လာ

Image: Intel

Intel က သူတို့ရဲ့ နောက်ဆုံးထွက် ARC Graphics Driver (ဗားရှင်း 32.0.101.8425/32.0.101.8362) ကို ထုတ်ပေးလိုက်ပြီဖြစ်ပြီး ဒီ Driver မှာ ထူးခြားချက်အနေနဲ့ Panther Lake CPU အသစ်တွေနဲ့ Xe3 Graphics Chip တွေကို စတင်ထောက်ပံ့ပေးထားပါတယ်။ အဲဒီထက် ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီ Driver မှာ Intel XeSS 3 နည်းပညာ ပါဝင်လာတာဖြစ်ပြီး Intel ရဲ့ ARC GPU တွေအတွက် Multi-Frame Generation စနစ်ကို ယူဆောင်လာပေးတာပဲ ဖြစ်ပါတယ်။

Image: Intel

ဒီ Multi-Frame Generation နည်းပညာဟာ AI ကို အသုံးပြုပြီး ပုံမှန် Render လုပ်ထားတဲ့ Frame နှစ်ခုကြားထဲမှာ နောက်ထပ် Frame အသစ် ၃ ခုအထိ ထပ်တိုးပေးနိုင်တာပါ။ ဒါကြောင့် ဂိမ်းကစားတဲ့အခါ 1:1 အစား 3:1 ဒါမှမဟုတ် 4:1 နှုန်းအထိ Frame တွေ များလာမှာဖြစ်လို့ ပုံရိပ်တွေက အရင်ကထက် အဆပေါင်းများစွာ ပိုမိုချောမွေ့သွားမှာ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ ဒီနည်းပညာကို သီးသန့် Graphics Card တွေမှာတင်မကဘဲ Laptop တွေမှာပါတဲ့ Integrated Graphics (iGPU) တွေမှာပါ ပထမဆုံးအကြိမ် အသုံးပြုနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနည်းပညာက Intel ရဲ့ အသစ်ထွက် GPU တွေအတွက်ပဲ မဟုတ်ဘဲ နည်းပညာမျိုးဆက်ဟောင်းတွေအတွက်ပါ အကျုံးဝင်နေတာက တကယ့်ကို ဝမ်းသာစရာပါ။

Image: Intel

Hardware ပိုင်းမှာဆိုရင်လည်း XeSS 3 feature ကို Panther Lake မှာပါဝင်တဲ့ Xe3 iGPU အသစ်တွေတင်မကဘဲ၊ အရင်ထွက်ထားတဲ့ ARC A-series (Alchemist)၊ B-series (Battlemage) နဲ့ Core Ultra 200 series မှာပါတဲ့ Xe2 iGPU တွေမှာပါ အသုံးပြုနိုင်မှာပါ။ အခု Driver အသစ်ဟာ Panther Lake CPU တွေအတွက် Launch Driver လည်း ဖြစ်တာကြောင့် နည်းပညာသစ်တွေကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ XeSS Override ဆိုတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ Intel ရဲ့ Graphics Software ထဲကနေတစ်ဆင့် XeSS 2 စနစ်သုံးထားတဲ့ ဂိမ်းအများစုမှာတောင် XeSS 3 ရဲ့ 3x ဒါမှမဟုတ် 4x Frame Generation ကို Override လုပ်ပြီး အသုံးပြုလို့ ရမှာပါ။ ဒါကြောင့် ဂိမ်းထုတ်လုပ်သူတွေဘက်က Update ပေးဖို့ မစောင့်ဘဲနဲ့တင် ဂိမ်းပေါင်း ၅၀ ကျော်မှာ ပိုမိုမြန်ဆန် ချောမွေ့တဲ့ အတွေ့အကြုံကို ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: OC3D

Post a Comment

0 Comments