 |
| Image: Valve |
Valve ဟာ ၎င်းရဲ့ မျိုးဆက်သစ် Hardware တွေအကြောင်း လပေါင်းများစွာ ကောလာဟလထွက်ပေါ်နေမှုကို နောက်ဆုံးမှာ အဆုံးသတ်လိုက်ပါပြီ။ ဒီနေ့မှာပဲ Valve ဟာ သူတို့ရဲ့ Hardware စာရင်းထဲကို Steam Machine၊ Steam Frame နဲ့ Steam Controller ဆိုပြီး ထုတ်ကုန်အသစ် ၃မျိုးကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။
Steam Machine
စိတ်ဝင်စားစရာအကောင်းဆုံး Hardware အနေနဲ့ ဆယ်စုနှစ်တစ်ခုကျော်အကြာက မိတ်ဆက်ခဲ့တဲ့ Steam Machine ကို ဆက်ခံမယ့် စနစ်အသစ်ကို ကျွန်တော်တို့ နောက်ဆုံးတော့ မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ Steam Machine လို့ပဲ နာမည်ပြန်ပေးထားတဲ့ ဒီစနစ်အသစ်ဟာ SteamOS Linux နဲ့ အကောင်းဆုံး တွဲဖက်နိုင်ဖို့ ပြုပြင်ထားတဲ့ ပိုမိုခေတ်မီတဲ့ Hardware တွေ ဂိမ်းတိုင်းကို ကစားနိုင်မယ့် စွမ်းဆောင်ရည်မြင့် Software တွေကို ယူဆောင်လာခဲ့ပါတယ်။ Steam Machine မှာ 512 GB နဲ့ 2 TB SSD မော်ဒယ်တွေကို ရွေးချယ်နိုင်ပြီး microSD နဲ့ Storage ကိုတိုးချဲ့နိုင်တဲ့အပြင် Semi-Custom AMD Zen 4 ပရိုဆက်ဆာနဲ့ RDNA 3 ဂရပ်ဖစ် တို့ကို တွဲဖက်ထားတာကြောင့် Ray Tracing နဲ့ FSR ပံ့ပိုးမှုတွေနဲ့အတူ 4K 60 FPS ဂိမ်းကစားနိုင်မယ်လို့ ယူဆရပါတယ်။ Semi-Custom GPU ဖြစ်တဲ့အတွက် AMD ရဲ့ RDNA 3 အစား RDNA 3.5 နဲ့ ပိုနီးစပ်တယ်လို့ဆိုနိုင်ပါတယ်။
 |
| Image: Valve |
 |
| Image: Valve |
 |
| Image: Valve |
 |
| Image: Valve |
Steam Controller တစ်ခုနဲ့ တွဲဖက်ပေးထားတဲ့ ဒီ Steam Machine မှာ 2.4 GHz radio အပြင် Wi-Fi 6E နဲ့ Bluetooth တို့လည်း ပါဝင်တာကြောင့် ပစ္စည်းအမျိုးမျိုးနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဗီဒီယိုအတွက် DisplayPort 1.4 (4K @ 240 Hz အထိ) နဲ့ HDMI 2.0 ပါဝင်ပြီး၊ Ethernet, USB-C 10 Gbps, နဲ့ USB-A ports လေးခု တို့လည်း ဖြည့်စွက်ထားပါတယ်။ Steam Machine ဟာ Steamdeck လိုမျိုး SteamOS နဲ့ လည်ပတ်မှာဖြစ်ပြီး လျင်မြန်တဲ့ Suspend/Resume လုပ်ဆောင်ချက်နဲ့ Controller ဖြင့် နှိုးနိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိသလို 16 GB DDR5 memory ကို 8 GB GDDR6 VRAM နဲ့ ပေါင်းစပ်ထားပါတယ်။ စက်အတွင်းမှာ Power Supply တပ်ဆင်ထားပြီး စက်ရဲ့အခြေအနေကို ပြသပေးနိုင်တဲ့ LED bar လည်းပါဝင်ကာ သင့်ဧည့်ခန်းမှာ နေအိမ်ဖျော်ဖြေရေးစနစ် (HTPC) တစ်ခုလိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Steam Frame
နောက်တစ်ခုကတော့ Valve ရဲ့ ဒုတိယမြောက် VR Headset ဖြစ်တဲ့ Steam Frame ပါ။ Steam Frame ကို Featherweight PC VR Gaming Headset အဖြစ် Modular Architecture နဲ့ ဒီဇိုင်းထုတ်ထားပြီး Headset သီးသန့်က ၁၈၅ ဂရမ်ပဲ အလေးချိန်ရှိပါတယ်။ မျက်နှာဖုံး၊ အသံနဲ့ နောက်ဘက် ဘက်ထရီပါဝင်တဲ့ Headstrap နဲ့ဆိုရင် စုစုပေါင်း ၄၄၀ ဂရမ်သာ ရှိပါတယ်။ အတွင်းမှာတော့ Snapdragon 8 Gen 3 ပရိုဆက်ဆာ၊ 16 GB LPDDR5X RAM နဲ့ 1 TB အထိ သိုလှောင်မှု ပါဝင်ပါတယ်။ ဒါက Wi-Fi 7 နဲ့ ပါဝင်တဲ့ Low-latency Adapter ကတစ်ဆင့် Steam ဂိမ်းတွေကို Stream လုပ်ရာမှာ အထောက်အကူပြုမှာဖြစ်ပြီး၊ မျက်လုံးကို ခြေရာခံတဲ့စနစ်ကို သုံးပြီး ကြည့်နေတဲ့နေရာကို ရုပ်ထွက်ပိုကောင်းအောင် လုပ်ဆောင်ပေးတဲ့ Foveated Streaming စနစ်ကိုလည်း အသုံးပြုထားပါတယ်။
 |
| Image: Valve |
 |
| Image: Valve |
 |
| Image: Valve |
 |
| Image: Valve |
 |
| Image: Valve |
Headset မှာ 144 Hz Refresh Rate နဲ့ 110 ဒီဂရီ မြင်ကွင်းကျယ်ကို ပေးနိုင်တဲ့ Dual 2160x2160 Pancake Displays နှစ်ခု ပါဝင်ပါတယ်။ အပြင်ဘက်ကို ဦးတည်ထားတဲ့ ကင်မရာလေးလုံးနဲ့ IR Illuminator တစ်ခုတို့ ပါဝင်တာကြောင့် ပတ်ဝန်းကျင်ကို ကောင်းစွာခြေရာခံနိုင်ပြီး ပိုမိုသက်ဝင်လှုပ်ရှားတဲ့ VR အတွေ့အကြုံကို ရရှိစေမှာပါ။ SteamOS မှာ ပါဝင်တဲ့ Suspend/Resume လုပ်ဆောင်ချက်ကို အထောက်အပံ့ပေးဖို့ 21.6Wh ဘက်ထရီပါဝင်ပါတယ်။ Steam Frame Controllers တွေမှာဆိုရင်လည်း TMR Thumbsticks နဲ့ Capacitive Finger Sensing ပါဝင်ကာ ပုံမှန် Gamepad တွေနဲ့ ရင်းနှီးပြီးသားလူတွေကို VR အတွေ့အကြုံနဲ့ ပေါင်းစပ်ပေးမှာဖြစ်ပြီး နာရီ ၄၀ အထိ အသုံးပြုနိုင်တဲ့ ဘက်ထရီပါဝင်ပါတယ်။
Steam Controller
နောက်ဆုံးအနေနဲ့ Valve Steam Controller ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီ Controller ဟာ Steam ရဲ့ စနစ်တစ်ခုလုံးမှာ နည်းလမ်းသုံးမျိုးနဲ့ ချိတ်ဆက် အလုပ်လုပ်ပါတယ်။ အဓိက ချိတ်ဆက်မှုကတော့ Steam Controller Puck ဖြစ်ပြီး ပုံမှန် Bluetooth ထက် ပိုမိုတည်ငြိမ်ပြီး ၅ မီတာ အကွာအဝေးမှာ ၈ မီလီစက္ကန့် latency သာ ရှိတဲ့ သီးသန့်ကြိုးမဲ့အချက်ပြစနစ်ကို အသုံးပြုထားပါတယ်။ ဒီ Puck တစ်ခုတည်းနဲ့ Controller လေးခုအထိ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ ပုံမှန် Bluetooth ကိုလည်း သုံးနိုင်သလို USB ကြိုးနဲ့လည်း တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ အားပြန်သွင်းနိုင်တဲ့ ဘက်ထရီက နာရီ ၃၅ နာရီကျော် အသုံးပြုနိုင်ပြီး Puck (သို့မဟုတ်) USB ကြိုးနဲ့ အားသွင်းနိုင်ပါတယ်။ ထိန်းချုပ်မှုတွေအတွက် တုံ့ပြန်မှု မြန်ဆန်တဲ့ သံလိုက်အားသုံး TMR Thumbsticks၊ Gyro ဒါမှမဟုတ် အခြား command တွေ ထုတ်နိုင်တဲ့ Capacitive Grips၊ နဲ့ အသေးစိတ် တုန်ခါမှု ပေးနိုင်တဲ့ Haptic Motors လေးခု ပါဝင်ပါတယ်။
 |
| Image: Valve |
 |
| Image: Valve |
 |
| Image: Valve |
 |
| Image: Valve |
ဖိအားခံစားနိုင်တဲ့ Trackpads တွေ၊ 6-axis IMU၊ လိုသလို ပရိုဂရမ်ရေးနိုင်တဲ့ Grip Buttons လေးခု နဲ့ တခြား စံသတ်မှတ်ထားတဲ့ ထိန်းချုပ်ခလုတ်တွေလည်း ပါဝင်ပါတယ်။ ဒီ Controller ဟာ Windows၊ Mac၊ Linux၊ Handhelds၊ Steam Link ကနေတစ်ဆင့် ဖုန်းတွေနဲ့ Steam Hardware အားလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Hardware အသစ်တွေအားလုံးကို ၂၀၂၆ ခုနှစ် အစောပိုင်းမှာ စတင်ဖြန့်ချီတော့မယ်လို့ သိရပြီးစျေးနှုန်းကတော့ မသိရသေးပါဘူး။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Techpowerup
0 Comments