![]() |
| Image: Ubisoft |
မိတ်ဆွေတို့ရေ အခုဆိုရင် Ubisoft ဟာ သူတို့ရဲ့ Singleplayer ဂိမ်းတစ်ခုဖြစ်တဲ့ Immortals Fenyx Rising ကို Ubisoft Connect မှာ ဒီဇင်ဘာလ ၂ရက်အထိ အခမဲ့ရယူခွင့်ပေးထားတယ်လို့ သိရပါတယ်။
Immortals Fenyx Rising ဟာ ၂၀၂၀ခုနှစ်မှာထွက်ရှိတဲ့ action-adventure ဂိမ်းကောင်းတစ်ခုဖြစ်ပြီး ဂိမ်းရဲ့ ဇာတ်လမ်းကို နတ်ဘုရားနှစ်ပါးဖြစ်တဲ့ Prometheus နဲ့ Zeus တို့က အပြန်အလှန် စကားပြောဟန်နဲ့ ပြောပြနေတာပါ။ ပုံပြင်ကို ပြောပြသူက Prometheus ဖြစ်ပြီး Zeus က ဝင်ရောက်ဖြတ်တောက်တာ၊ အမှတ်ပေးတာ၊ စိတ်ခံစားမှုအမျိုးမျိုးနဲ့ တုံ့ပြန်တာတွေ လုပ်ပါတယ်။ ဒီလိုဇာတ်ကြောင်းပြောဟန်ကြောင့် ဂိမ်းကိုကစားရတာ ပိုပြီး ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။
ကမ္ဘာပေါ်က နတ်ဘုရားတွေအားလုံးကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ Zeus က အထင်ကြီးနေတုန်းမှာ မကောင်းဆိုးဝါး နဂါးဆိုးဖြစ်တဲ့ Typhon ဟာ တားဆီးခံထားရတဲ့ မြေအောက်ကမ္ဘာကနေ လွတ်မြောက်လာပြီး ကမ္ဘာကို သူစိတ်တိုင်းကျစီမံဖို့ စတင်ပါတော့တယ်။
Typhon ဟာ နတ်ဘုရားတွေရဲ့ စွမ်းအားတွေ နဲ့ သူတို့ရဲ့ အနှစ်သာရတွေကို ခိုးယူသွားပါတယ်။ ဒါကြောင့် Aphrodite၊ Hephaistos၊ Ares နဲ့ Athena အပါအဝင် အိုလံပတ်တောင်က နတ်ဘုရားအများစုဟာ သူတို့ရဲ့ မူလစွမ်းအားတွေ ဆုံးရှုံးပြီး သာမန်လူတွေလို ဖြစ်သွားကြပါတယ်။
ဒီလို အခြေအနေဆိုးထဲမှာ သင်ဟာ Fenyx အမည်ရှိတဲ့ သာမန် တပ်သားတစ်ဦး အဖြစ် စတင်ရမှာပါ။ သင်္ဘောပျက်ကျပြီးတဲ့နောက်မှာ Fenyx ဟာ Golden Isle မှာ နိုးလာပါတယ်။
Fenyx ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစ်ကိုဖြစ်သူ Lydander နဲ့ ကျန်ရှိနေတဲ့ သင်္ဘောသားတွေကို ကယ်တင်ဖို့ပါပဲ။ Lydander ဟာ Typhon ရဲ့ ကျိန်စာကြောင့် ကျောက်တုံးအဖြစ် ပြောင်းလဲသွားပါတယ်။
နတ်ဘုရားတွေက သူတို့ကိုယ်သူတို့ မကယ်တင်နိုင်တဲ့ အခြေအနေမှာ Fenyx ဟာ နတ်ဘုရား Hermes ရဲ့ လမ်းညွှန်မှုနဲ့ နတ်ဘုရားတွေရဲ့ လက်နက်နဲ့ စွမ်းအားတွေ ကို စုဆောင်းရပါတော့တယ်။
Fenyx ရဲ့ မစ်ရှင်ကတော့ Typhon ရဲ့ ဖျက်ဆီးမှုကို တားဆီးဖို့အတွက် အဓိက နတ်ဘုရားလေးပါးဖြစ်တဲ့ Aphrodite, Hephaistos, Ares, Athena တို့ရဲ့ essence တွေကို ပြန်လည်စုစည်းပေးပြီး သူတို့ကို သူတို့ရဲ့ မူလစွမ်းအားတွေ ရရှိအောင် ကူညီပေးရမှာ ဖြစ်ပါတယ်။
Fenyx အနေနဲ့ puzzles ဖြေရှင်းတာ၊ Vaults of Tartaros ကို ရှင်းလင်းတာ၊ ကြီးမားတဲ့ ဘော့စ်တွေကို တိုက်ခိုက်ခြင်းတွေ ပြုလုပ်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ Typhon နဲ့ အပြီးသတ်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
SYSTEM REQUIREMENTS
MINIMUM:
OS: Windows 10 (64-bit versions)
PROCESSOR: AMD FX 6300 @ 3.5 Ghz or Intel Core i5-2400 @ 3.1 Ghz.
MEMORY: 8 GB RAM
GRAPHICS: AMD R9 280x (3 GB) or NVIDIA GeForce GTX 660 (2 GB)
DIRECTX: Version 11
STORAGE: 33 GB available space
SOUND CARD: DirectX 9.0c compatible sound card with latest drivers
ADDITIONAL NOTES: Originally released for Windows 7, the game can be played on Windows 10 and Windows 11 OS
RECOMMENDED:
OS: Windows 10 (64-bit versions)
PROCESSOR: AMD FX 8350 @ 4.0 Ghz or Intel Core i7-3770 @ 3.4 Ghz
MEMORY: 8 GB RAM
GRAPHICS: AMD R9 290 (4 GB) or NVIDIA GeForce GTX 970 (4GB)
DIRECTX: Version 11
STORAGE: 33 GB available space
SOUND CARD: DirectX 9.0c compatible sound card with latest drivers
ADDITIONAL NOTES: Originally released for Windows 7, the game can be played on Windows 10 and Windows 11 OS
ဒါကြောင့် ဒီဂိမ်းကို အခမဲ့ရယူခွင့်ပေးနေတဲ့အချိန်မှာ မသိသေးတဲ့သူတွေသိသွားအောင် လက်တို့လိုက်ကြပါဦး။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Ubisoft and Steam

0 Comments