Subscribe Us

header ads

Android ဖုန်းအသုံးပြုသူများအနေဖြင့် ၎င်းတို့၏ Windows PC ကို အဝေးမှ Lock ချနိုင်ပြီ

Image: Microsoft

PC မှာ အလုပ်လုပ်နေရင်း အရေးကြီးလို့ အပြင်ကို အမြန်ထွက်သွားရလို့ PC ကို Lock ချဖို့ မေ့သွားဖူးလား။ အခုတော့ စိတ်ပူစရာမလိုတော့ပါဘူး။ Microsoft ရဲ့ Android ဖုန်းသုံးသူတွေအတွက် Link to Windows app မှာ အလွန်အသုံးဝင်တဲ့ feature အသစ်တစ်ခု ထပ်တိုးလာပါပြီ။ အဲ့ဒါကတော့ ကိုယ့်ရဲ့ Windows PC ကို ဖုန်းကနေတစ်ဆင့် အဝေးကနေ Lock ချနိုင်တာပါပဲ။ Windows Central ရဲ့ သတင်းအရ ဒီ feature ကို app version 1.25071.165 မှာ တဖြည်းဖြည်းချင်း ထည့်သွင်းပေးနေတာဖြစ်ပြီး လောလောဆယ်မှာတော့ လူတိုင်းသုံးလို့မရသေးဘူးလို့ ဆိုပါတယ်။

အရင်ကတော့ Bluetooth နဲ့ အနားမှာရှိမရှိကြည့်ပြီး ကိုယ်က PC နဲ့ ဝေးသွားရင် အလိုအလျောက် lock ချပေးတဲ့ Dynamic Lock ဆိုတာ ရှိနှင့်ပြီးသားပါ။ ဒါပေမဲ့ အခု feature အသစ်ကတော့ Bluetooth အကွာအဝေးပြင်ပကို ရောက်နေရင်တောင်၊ Dynamic Lock ကို ဖွင့်မထားရင်တောင် ကိုယ်တိုင် lock ချချင်တဲ့အချိန် နှိပ်လိုက်ရုံပါပဲ။

သုံးရတာကလည်း အရမ်းလွယ်ပါတယ်။ ဖုန်းထဲက Link to Windows app ကိုဖွင့်ပြီး "Lock PC" ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်တာနဲ့ ချိတ်ဆက်ထားတဲ့ PC က ချက်ချင်း lock ကျသွားမှာပါ။ လုံခြုံရေးအတွက်လည်း စိတ်ပူစရာမလိုအောင် PC ကို lock ချလိုက်တာနဲ့ ဖုန်းနဲ့ PC ချိတ်ဆက်ထားတာကိုလည်း ယာယီဖြတ်တောက်ပေးထားပြီး PC မှာ ကိုယ်တိုင်ပြန်လည် log in ဝင်မှပဲ ပြန်ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

Image: Microsoft

ဒါတစ်ခုတည်းလားဆိုတော့... မဟုတ်သေးပါဘူး။ ဒီ update မှာ PC ကို lock ချနိုင်တာတစ်ခုတည်း မဟုတ်သေးပါဘူး။ တခြားအသုံးဝင်တဲ့ feature တွေလည်း ပါလာပါသေးတယ်။ PC မှာ copy ကူးထားတဲ့ စာတွေ၊ link တွေကိုလည်း ဖုန်းပေါ်မှာ ချက်ချင်း paste လုပ်ပြီး သုံးနိုင်တော့မှာပါ။ ဒါက Apple ထုတ်ကုန်တွေမှာ ၂၀၁၆ ကတည်းကရနေတဲ့ Universal Clipboard feature မျိုးနဲ့ အတူတူပါပဲ။

အရင်က PC ကနေ ဖုန်းကိုပဲ ဖိုင်တွေပို့လို့ရပေမဲ့ အခုတော့ ဖုန်းထဲကနေ PC ကို ဖိုင်တွေ တိုက်ရိုက် share လို့ရပါပြီ။ ဒါ့အပြင် ဖုန်း screen ကို PC ပေါ်မှာ အလွယ်တကူ cast လုပ်နိုင်တာမျိုးတွေလည်း ပါလာပါတယ်။ ဒီလို feature တွေကြောင့် device တွေကြားမှာ အလုပ်လုပ်ရတာကို ပိုပြီးအဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။

အခုဆိုရင် Link to Windows app ဟာ Play Store မှာ ဒေါင်းလုဒ်အကြိမ်ရေ ၁ဘီလီယံကျော် ရှိနေတဲ့ အလွန်ရေပန်းစားတဲ့ app တစ်ခုပါ။ ပျမ်းမျှ 4.0-star rating လည်းရရှိထားတာကြောင့် သုံးစွဲသူအများစုက သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကျေနပ်ကြတယ်လို့ ဆိုနိုင်ပါတယ်။ တခြား third-party app တွေမှာ အလားတူ feature မျိုးတွေ ရှိပေမဲ့ လူအများစုကတော့ လုံခြုံစိတ်ချရတယ်လို့ ယူဆရတဲ့ Microsoft ရဲ့ တရားဝင် app ကိုပဲ ပိုပြီးနှစ်သက်ကြတာဖြစ်ပါတယ်။

Source: TechSpot


Post a Comment

0 Comments