Subscribe Us

header ads

တရုတ်အ‌ခြေစိုက် SMEE မှ 28nm ချစ်များထုတ်လုပ်နိုင်သည့်စက်ကို မကြာမီကြေညာမည်

Image: SMEE

တရုတ်အစိုးရကျောထောက်နောက်ခံပြုထားတဲ့ Shanghai Micro Electronics Equipment Group (SMEE) ဟာ ၂၀၂၃ခုနှစ်ကုန်‌ပိုင်းလောက်မှာ 28nm process နည်းပညာနဲ့ချစ်ပ်တွေထုတ်လုပ်နိုင်တဲ့ စကင်နာကိုစတင်ပြသတော့မယ်လို့ Global Times သတင်းအရသိရပါတယ်။ ဒီစက်ကြောင့် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရပ်ခြားက fab စက်ပစ္စည်းတွေအပေါ်မှီခိုနေရမှုကိုလျော့ချဖို့ရာ ကူညီနိုင်လိမ့်မယ်လို့ Bloomberg ကမှတ်ချက်ပြုပါတယ်။

SMEE ဟာ ပြည်တွင်းဖြစ် SSA/800-10W lithography စက်တွေကို ၂၀၂၃ခုနှစ်ကုန်မှာ ဈေးကွက်ကိုပို့ဆောင်ဖို့ရည်ရွယ်နေပြီး လက်ရှိမှာ 90nm နဲ့ အထက် node တွေကိုသာဖန်တီးနိုင်နေတယ်လို့ဆိုပါတယ်။ ဒီ စကင်နာအသစ်ဟာ တရုတ်ပြည်တွင်းမှာဖန်တီးထုတ်လုပ်ထားတဲ့ အစိတ်အပိုင်းတွေကိုသာအသုံးပြုထားတယ်လို့ယူဆရပြီး တရုတ်အ‌ခြေစိုက် optical ပစ္စည်းထုတ်လုပ်သူတွေဖြစ်တဲ့ Mloptic၊ Kingsemi နဲ့ Castech ရဲ့စတော့ဈေးတွေဟာ ဗုဒ္ဓဟူးနေ့ကတိုးတက်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာ SMEE အနေနဲ့ ဒီစက်တွေကို အရေအတွက်ဘယ်လောက်များများထုတ်လုပ်နိုင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးသလို သတင်းရင်းမြစ်ကလည်း တရုတ်အစိုးရပိုင် Global Times နဲ့ဆင်ဟွာသတင်းဌာနတွေက ထုတ်ပြန်တဲ့သတင်းတွေသာရှိပါသေးတယ်။

တရုတ်နိုင်ငံရဲ့ အဓိကချစ်ပ်ထုတ်လုပ်သူတွေဖြစ်တဲ့ Semiconductor Manufacturing International Corp. (SMIC) နဲ့ Hua Hong Semiconductor လိုကုမ္ပဏီတွေအနေနဲ့ ASML၊ Canon၊ Nikon နဲ့ Tokyo Electron အစရှိတဲ့ နိုင်ငံရပ်ခြားက ကိရိယာတွေကိုသာအသုံးပြုနေရတာဖြစ်ပါတယ်။ သို့ပင်သော်ငြား အမေရိကန်၊ဂျပန်နဲ့ နယ်သာလန်နိုင်ငံတို့ဟာ မကြာသေးခင်က အဆင့်မြင့်ချစ်ပ်ထုတ်လုပ်ရေးစက်တွေကိုရောင်းချရာမှာ ကန့်သတ်မှုတွေပြုလုပ်ထားခဲ့ပါတယ်။ ဒီကန့်သတ်မှုတွေကြောင့် တရုတ်နိုင်ငံအနေနဲ့ 14/16nm ချစ်ပ်တွေထုတ်လုပ်နိုင်တဲ့ကိရိယာတွေကို ရယူသုံးစွဲနိုင်ခြင်းမရှိပါဘူး။

လက်ရှိမှာ SMIC နဲ့ Hua Hong Semiconductor တို့ဟာ 28nm ချစ်ထုတ်လုပ်ရေးစက်တွေကို နိုင်ငံရပ်ခြားကနေမှယူနိုင်နေသေးတယ်ဆိုပေမယ့် ပြည်တွင်းဖြစ်စက်တွေက ပိုပြီးတွက်ချေကိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဒီပေါ်ထွန်းလာမှုဟာ SMEE အနေနဲ့ 90nm ထုတ်လုပ်တဲ့စက်တွေကနေ 28nm ကို မျိုးဆက်များစွာခုံပျံကျော်လွှားထုတ်လုပ်နိုင်စွမ်းကိုလည်း အမှတ်အသားပြုနေပါတယ်။ SMEE ရဲ့ အောင်မြင်မှုရလဒ်ဟာ အမှီခိုကင်းတဲ့ ချစ်ပ်တွေထုတ်လုပ်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

၂၀၀၂ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တရုတ်ရဲ့ ထိပ်တန်းချစ်ထုတ်လုပ်ရေးစက်ဖန်တီးသူ SMEE ဟာ ASML ကိုယှဉ်ပြိုင်နိုင်မယ့် တစ်ခုတည်းသော အလားလာရှိတဲ့ပြိုင်ဘက်အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#Regional
#Semiconductors 

Post a Comment

0 Comments