![]() |
Image via Epic Games |
PC ဂိမ်းမာတွေအတွက် လွန်ခဲ့တဲ့ ၂နှစ်က PS5 ရဲ့ အစွမ်းကိုပြသခဲ့တဲ့ Ratchet and Clank: Rift Apart ဂိမ်းဟာ PC မှာထွက်ရှိလာပါပြီ။ ဒီဂိမ်းကို Insomniac Games နဲ့ Nixxes Software ကရေးဆွဲပြီး PlayStation PC LLC ကနေဖြန့်ချီပါတယ်။ ဂိမ်းအမျိုးအစားကတော့ third-person shooter ဖြစ်ပြီး PC မှာ DirectStorage ဆိုတဲ့ GPU decompression နည်းပညာကို အသုံးပြုလာတဲ့ ပထမဆုံးဂိမ်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။
![]() |
Rachet and Clank: Rift Apart ဂိမ်း version 1.728 အထိသာသက်ဆိုင် (Image: En Thue Tech) |
Ratchet and Clank ရဲ့ option တွေဟာ Nixxes က PC အတွက် port လုပ်ထားတဲ့ spider-man PC ဂိမ်းတွေနဲ့ဆင်တူပြီး ဘယ်လို GPU နဲ့ဖြစ်ဖြစ် ချိန်ညှိလို့အဆင်ပြေအောင်ဖန်တီးထားတယ်လို့ဆိုနိုင်ပါတယ်။း Nvidia ရဲ့ latency လျော့ချပေးတဲ့ Reflex ပါဝင်လာသလို Sharpness လည်းပါဝင်လာပါတယ်။ Ray Tracing ပိုင်းမှာလည်း ray tracing reflection၊ ambient occlusion အပြင် ray tracing shadows လည်းပါဝင်လာပါတယ်။ Upscaling နည်းပညာတွေအနေနဲ့ DLSS 2၊ AMD FSR 2.1၊ Intel XeSS နဲ့ IGTI ကိုလည်းအထောက်အပံ့ပေးထားသလို RTX 40 Series တွေအတွက်လည်း DLSS 3 ကိုလည်းအထောက်အပံ့ပေးပါတယ်။ DLSS သုံးလို့မရတဲ့ GPU တွေမှာတော့ XeSS နဲ့ IGTI ကိုဖွင့်ကစားရတာအတော်အဆင်ပြေပြီး FSR ကတော့ အတော်လေးညံ့တာကိုတွေ့ရပါတယ်။
ဂိမ်းကိုအကောင်းဆုံးကစားနိုင်ဖို့ နောက်ဆုံးထွက်ရှိထားတဲ့ graphics driverကိုသွင်းထားဖို့အကြံပြုလိုပါတယ်။ စစထွက်ထွက်ခြင်းမှာ AMD Radeon ကတ်တွေမှာ ray tracing မရပေမယ့် driver အသစ်နဲ့ update တွေပေးလာပါတယ်။ နောက်ထပ်တစ်ခုက ဒီဂိမ်းဟာ Direct Storage နည်းပညာကိုအထောက်အပံ့ပေးထားပေမယ့် Nvidia RTX graphics တွေအတွက် bug တစ်ချို့ရှိနေတာကို တွေ့ရပါတယ်။ ဒီအတွက် ဂိမ်းရဲ့ဖိုင်ထဲက "dstorage.dll" နဲ့ "dstoragecore.dll" ဖိုင်တွေကိုဖျက်လိုက်မယ်ဆိုရင် ဂိမ်းဟာ တုံ့ပြန်မှုကောင်းလာတာကိုတွေ့ရမှာဖြစ်ပြီး FPS ပိုတိုးလာသလို frame တွေကျဆင်းတာလည်းအတော်လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါတင်မက warp တစ်ခုကနေတစ်ခုကို ကူးရတဲ့ အခန်းမှာဆိုရင်လည်း လေထဲမှာ တန့်နေတဲ့အချိန် အတော်လေးတိုတောင်းသွားတာကိုကြုံရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဂိမ်းကို SSD မှာတင်ပြီးကစားဖို့တော့အကြံပြုပါတယ်။ HDD နဲ့ဆိုရင် ကစားလို့ရတယ်ဆိုပေမယ့် warp တွေကူးတဲ့အခါ အချိန်တစ်ခုသိသိသာသာစောင့်ရမှာဖြစ်ပါတယ်။
![]() |
Image: Insomniac Games |
Ratchet and Clank: Rift Apart ဂိမ်းရဲ့ရုပ်ထွက်က animation ဇာတ်ကားကြည့်နေရသလို ရုပ်ထွက်ကောင်းမွန်လှတာကြောင့် PC အများစုနဲ့အဆင်ပြေအောင် Optimized လုပ်ထားတဲ့ Setting ကိုပါမျှဝေပေးလိုက်ပါတယ်။ Optimized လုပ်ထားတဲ့ setting နဲ့ဆိုရင် ဂိမ်းရဲ့ရုပ်ထွက်ကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ရုံသာမက FPS လည်းပိုတိုးလာစေမှာဖြစ်ပါတယ်။ ဒါအပြင် အပေါ်မှာပြောသွားတဲ့ dll ဖိုင်၂ခုကိုပါဖျက်လိုက်မယ်ဆိုရင် အတော်လေးညက်ညောစွာကစားနိုင်မှာပါ။ ဒီ setting တွေကို ကျနော့်ရဲ့ RTX 3060Ti မှာစမ်းသပ်ရာမှာ 1440 resolution အထိ ray tracing ဖွင့်ပြီးကစားလို့ရတာကိုတွေ့ရပါတယ်။ ကျနော့်အနေနဲ့စမ်းသပ်ထားတဲ့ graphics setting တွေကအောက်ပါအတိုင်းပဲဖြစ်ပါတယ်။
Optimized Setting
Texture Quality: HighTexture Filtering: 8x Anisotropic
Shadow Quality: Medium
Ambient Occlusion: SSAO
RT Shadow: Off
Screen Space Reflection: High
RT Reflection: High
RT Object Range: 6
Level of Detail: Medium
Traffic Density: High
Hair Quality: Medium
Depth of Field: Low
Bloom: Off
Lens Flares: On
Chromatic Abbreviation: Off
Vignette: Off
Sharpness: 6
Phantom Dash Effect: On
Fullscreen Effects: On
Screen Shake: On
Bloom၊ Lens Flares၊ Chromatic Abbreviation နဲ့ Vignette တွေကိုမကြိုက်ရင်ပိတ်ထားနိုင်ပါတယ်။ ကျနော့်အနေနဲ့က Motion Blur နဲ့ Film Grain Strength ကိုပိတ်ထားလေ့ရှိပါတယ်။
Ray Tracing ဖွင့်ကစားမယ်ဆိုရင် RT Reflection ကိုအရင်ဖွင့်ကစားသင့်ပြီး FPS ကောင်းနေသေးရင် Ray-Traced Ambient Occlusion နဲ့ Ray-Traced Shadows ကိုတစ်ခုခြင်းစီဖွင့်ကစားနိုင်ပါတယ်။
Ray Tracing Optimized Settings
Ray-Traced Reflections: OnRay-Traced Shadows: Medium
Reflection Resolution: High
Ray-Traced Ambient Occlusion: Medium
Object Range: 6
PC အတွက် Rachet and Clank: Rift Apart ကို Steam နဲ့ Epic Gamesကနေဝယ်ယူနိုင်ပြီး ဈေးနှုန်းကတော့ $59.99 ကျသင့်မှာဖြစ်ပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာ weekend ပါဗျာ...
Reference: Eurogamer and Tom's Hardware
#EnThueTech
#Gaming #Guides
0 Comments