Subscribe Us

header ads

လေ့လာချက်အသစ်တစ်ခုအရ bot များသည် Captcha စမ်းသပ်မှုအားလုံးနီးပါးတွင် လူသားများထက်ပိုမိုသာလွန်

Image via UNILAD

သင့်အနေနဲ့ ဝက်ဘ်ဆိုက်တစ်ခုကို ဝင်ရောက်တဲ့အခါ "I'm not a robot" ဆိုတဲ့စာသားပေါ်လာပြီးသင့်ကို စာသားတွေပုံတွေကိုခွဲခြားခိုင်းတာကို ကြုံဖူးကြပါလိမ့်မယ် ဒါကို Captcha test လို့ခေါ်ပါတယ်။ Captcha test တွေဟာ သုံးစွဲသူကို စိတ်အနှောင့်အယှက်အနည်းဆုံးနဲ့ လူသားတွေကို bot တွေနဲ့ခွဲခြားပေးနိုင်တာကြောင့် တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတာဖြစ်ပါတယ်။ သေချာပြန်လည်မသုံးသပ်မှုမပြုရသေးပေမယ့် လေ့လာချက်အသစ်တစ်ခုမှာ bot တွေကလူ‌သားတွေထက် Captcha တွေကိုဖြေရှင်းရာမှာသာလွန်နေတာကိုတွေ့ရတဲ့အတွက် သူတို့ရဲ့ အသုံးဝင်မှုဟာ သံသယဝင်စရာပိုဖြစ်လာပါတယ်။

မကြာသေးမီက လေ့လာချက်တစ်ရပ်မှာ Captcha တွေကို သုံးစွဲသူတွေအနေနဲ့ ဘယ်လောက်မြန်မြန်ဖြေရှင်းနိုင်သလဲဆိုတာစမ်းသပ်ခဲ့ရာမှာ bot တွေလောက်မတိကျကြောင်းတွေ့ရှိခဲ့ရပါတယ်။ Captcha တွေဟာ လူသားတွေအတွက် လွယ်ကူသည့်တိုင် bot တွေအတွက်က ဖြေရှင်းဖို့မဖြစ်နိုင်တာမို့ ဒီလေ့လာချက်ကရလဒ်တွေဟာ မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။

Captcha တွေဟာ နေ့စဉ်ဝက်ဘ်စာမျက်နှာတွေများစွာဝင်ရောက်နေရသူတွေအတွက် စိတ်အနှောင့်အယှက်ပေလို့ဆိုနိုင်ပေမယ့် မလိုလားအပ်တဲ့အရာတွေစုပြုံဝင်ရောက်လာတာကိုတားဆီးပေးနိုင်ပါတယ်။ Captcha ခံထားတဲ့အခါ လုပ်ဆောင်မှုဟာတကယ့်လူအစစ်တွေထံကဖြစ်ကြောင်း အကူအညီပေးနိုင်တဲ့အတွက် DDoS တိုက်ခိုက်မှုတွေ၊ အကောင့်တုတွေနဲ့ ဒေတာကို‌ဖျက်ဆီးခြင်းတွေကနေကာကွယ်နိုင်ပါတယ်။

Captcha တွေထဲက ပျက်ယွင်းနေတဲ့စာသားပုံစံ၊ ပဟေဠိအပိုင်းအစ သို့မဟုတ် ရုပ်ပုံတွေကိုခွဲခြမ်းစိတ်ဖြာခိုင်းတာတွေဟာ လူသားတွေကောင်းစွာလုပ်နိုင်တဲ့အလုပ်ဆိုပေမယ့် bot တွေကတော့ ရုန်းကန်ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Captchaနဲ့ သူတို့ကိုကျော်လွှားဖို့ ဒီဇိုင်းထုတ်ထားတဲ့ bot တွေဟာ ပြိုင်ဆိုင်မှုတွေဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။ UC Irvine ကသုတေသီတွေရဲ့ အချက်အလက်တွေအရ အခုဆိုရင်‌ bot တွေက အသာစီးရလာနေပြီလို့ညွှန်ပြနေပါတယ်။

Image via TechSpot

အမျိုးအစား ၆ခုရှိတဲ့ Captcha ပေါင်း ၁၄၀၀၀ လောက်ကို ပါဝင်သူ ၁၄၀၀လောက်က ဘယ်လိုဖြေကြသလဲဆိုတာလေ့လာကြည့်တဲ့အခါမှာ လူသားနဲ့ bot အကြားကွာဟာချက်ဟာ စမ်းသပ်မှုအပေါ်မူတည်ပြီး သိသိသာသာကွဲပြားတာကိုတွေ့ရှိခဲ့ရပါတယ်။ ပုံပျက်ယွင်းနေတဲ့စာသားဟာ အသုံးဝင်မှုအနည်းဆုံးဆိုတာတွေ့ရပြီး bot တွေက တစ်စက္ကန့်မကြာပဲ ပြီးပြည့်စုံလုနီးပါးတိတိကျကျဖြေရှင်းလိုက်နိုင်ကာ လူသားတွေကတော့ အများဆုံး ၁၅စက္ကန့်လောက်အချိန်ယူရပြီး တိကျမှုက ၅၀ နဲ့ ၈၄ရာခိုင်နှုန်းအကြားရှိပါတယ်။

Bot တွေအနေနဲ့ ရုပ်ပုံတွေကိုခွဲခြမ်းစိတ်ဖြာတဲ့ reCAPTCHA စမ်းသပ်မှုမှာ အများဆုံးရုန်းကန်ရတာကိုတွေ့ရှိရပေမယ့် လူသားတွေထက် ၈၅ရာခိုင်နှုန်းပိုမိုမြန်ဆန်ပါတယ်။ လေ့လာမှုမှာ Geetest ရဲ့ sliding puzzle တွေနဲ့ Arkose Labs က rotation Captcha တွေရဲ့အချက်အလက်ကိုရယူနိုင်ခဲ့ခြင်းမရှိတာကြောင့် လူသားနဲ့ bot တွေအကြား နှိုင်းယှဉ်ချက်ကိုရှင်းရှင်းလင်းလင်းမသိရ‌ပါဘူး။

လေ့လာမှုမှာ လူသားတွေရဲ့ Captcha တွေကိုဖြေရှင်းနိုင်စွမ်းဟာ အသက်၊ အင်တာနက်အသုံးပြုမှု၊ ပညာရေးနဲ့ အခြားအချက်တွေအပေါ်မူတည်ပြီးကွဲပြားတာကို ပြသထားပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့သူတွေထဲမှာ
အသက်ကြီးရင့်တွေဟာ ဖြေဆိုရာမှာနှေးကွေးပါတယ် ဒါပေမယ့် PhD ရရှိပြီးသူတွေဟာ အခြားသူတွေထက်သိသိသာသာကိုသာလွန်တာမို့ မြင့်မားတဲ့ပညာရေးရှိနေခြင်းဟာ အရေးအကြီးဆုံးအချက်ဖြစ်တယ်လို့ အကြံပြုထားပါတယ်။

Cloudflare အနေနဲ့ Captcha တွေဟာ အသုံးမဝင်လှကြောင်းယုံကြည်ထားပြီး လူသားတွေအနေနဲ့ဖြေရှင်းဖို့အချိန်ကုန်သလို အမြင်အာရုံပိုင်းမှာလည်းမသက်မသာခံစားနိုင်ပါတယ်။ အချို့က ဖုန်းနံပတ်နဲ့ device fingerprint လိုကိုယ်ရေးအချက်အလက်တွေကိုထိန်းသိမ်းဖို့လုပ်နေကြပါတယ်။ Cloudflare၊ Google၊ Apple နဲ့ အခြားအုပ်စုတွေက bot တွေကို အစားထိုးတန်ပြန်နိုင်တဲ့အရာကို နှစ်ပေါင်းများစွာကြိုးပမ်းနေကြပါတယ်။

Source: TechSpot

#EnThueTech
#News
#Security

Post a Comment

0 Comments