Subscribe Us

header ads

Intel မှ နောက်လာမည့် Arrow Lake CPU တွင် L2 Cache ပမာဏကို တိုးမြှင့်သွားဖွယ်ရှိ

Image: Intel

Intel ဟာ အသစ်ထွက်ရှိလာမယ့် Arrow Lake CPU တွေရဲ့ L2 Cache ပမာဏကို Core တစ်ခုခြင်း 3MB အထိတိုးပေးဖို့ကြံရွယ်နေတယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို Intel ရဲ့ အနာဂတ်ထုတ်ကုန်တွေအကြောင်းတိတိကျကျပေါက်ကြားစေခဲ့တဲ့ Golden Pig Upgrade က တင်ထားတာဖြစ်ပါတယ်။ အကယ်၍ ဒီသတင်းသာမှန်ခဲ့မယ်ဆိုရင် Arrow Lake CPU တွေဟာ memory bandwidth အသားပေးအလုပ်တွေမှာ မြင့်မားတဲ့စွမ်းဆောင်ရည်ရှိလာမှာဖြစ်ပါတယ်။

Intel ရဲ့ 13th Gen Raptor Lake processor တွေမှာဆိုရင် L2 Cache ပမာဏဟာ P-Core မှာ 2MB နဲ့ E-Core မှာ 512KB ထည့်သွင်းတည်ဆောင်ထားပါတယ်။ ဒါကြောင့် စုစုပေါင်း L2 Cache 32MB နဲ့ L3 Cache 36 ပါဝင်ပါတယ်။

Image: Intel

အကယ်၍ Arrow Lake တွေမှာ Core ပမာဏမပြောင်းလဲခဲ့ဘူးလို့ယူဆမယ်ဆိုရင် E-Core တွေသီးသန့်ကို L2 Cache 24MB ရှိလာမှာဖြစ်ပါတယ်။ လောလောဆယ်မှာ L3 Cache အရွယ်အစားကို Intel ဘက်က တိုးမယ်မတိုးဘူးဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ သိထားရမှာက Arrow Lake CPU တွေကို 2nm fabrication process ဖြစ်တဲ့ Intel 20A နဲ့ထုတ်မှာမို့ die အရွယ်အစားနဲ့ ကုန်ကျစရိတ်အပေါ်သိသိသာသာ သက်ရောက်မှာမဟုတ်လောက်ပါဘူး။ သို့ပင်သော်ငြား ကုန်ကျစရိတ်ကိုမထိခိုက်စေပဲ စွမ်းဆောင်ရည်ကိုဘယ်လိုတိုးမြှင့်ရမယ်ဆိုတာ Intel ကသာသိနိုင်ပါလိမ့်မယ်။

စွမ်းဆောင်ရည်မြင့် Core အတွက် L2 Cache ကိုတိုးမြှင့်ခြင်းဟာ စွမ်းဆောင်ရည်ကိုတိုးတက်လာစေပါတယ်။ အဓိကအကျိုးကျေးဇူးတွေထဲကတစ်ခုက Cache အရွယ်အစားကိုတိုးလိုက်တဲ့အခါ hit rate ကိုတက်လာစေပါတယ်။ အကယ်၍ ပေးထားတဲ့ workload က ကြီးမားတဲ့ L2 Cache နဲ့ ပိုသင့်တော်နေတဲ့အခါ နှေးကွေးတဲ့ L3 Cache သို့ main memory ကို access လုပ်ဖို့လိုအပ်မှုကိုလျော့ချနိုင်ပါတယ်။ ဒါဟာ memory access လုပ်ရမယ့်အချိန်ကို လျော့ကျစေပြီး စွမ်းအင်သုံးစွဲမှုကိုနည်းပါးစေပါတယ် အထူးသဖြင့် workload က အရွယ်အစားကြီးတဲ့ L2 Cache နဲ့ သင့်တော်နေတဲ့အချိန်မျိုးတွေမှာဖြစ်ပါတယ်။

မကောင်းတဲ့အချက်က L2 Cache ကြီးမားလာတာဟာ latency ကိုအနည်းငယ်တိုးလာစေပါတယ်။ သိထားရမှာက Intel processor တွေမှာ L3 Cache တွေအများအပြားပါဝင်ပြီးသားမို့ L2 Cache ကြီးမားလာတာဟာ စွမ်းဆောင်ရည်တိုးပွားမှုအချို့ကို လျော့နည်းသွားစေပါတယ်။ နောက်ပြီး L2 Cache အရွယ်ကြီးမားလာတာဟာ ပါဝါပိုသုံးတာ၊ အပူပိုများလာတာနဲ့ die အရွယ်အစားကိုလည်းတိုးလာစေနိုင်ပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#Leak
#CPU

Post a Comment

0 Comments