Subscribe Us

header ads

ရေတွင်ပျော်ဝင်နိုင်သော PCB များက အီလက်ထရောနစ်အမှိုက်များကို လျော့ချနိုင်မည်ဟုဆို

Image via TechSpot

ဂျာမနီအခြေစိုက် Infineon ကုမ္ပဏီဟာ မကြာသေးမီက အပင်အခြေခံအမျှင်တွေနဲ့ တည်ဆောက်ထားပြီး သဘာဝအတိုင်းဆွေးမြေ့ပျက်စီးစေနိုင်တဲ့ biodegradable PCB ဖြစ်တဲ့ Jiva Materials ရဲ့ Soluboard ကိုအသုံးပြုမည်ဟုကြေညာခဲ့ပါတယ်။ PCB ကို အသုံးမပြုလိုတော့တဲ့အခါ Recycler တွေအနေနဲ့ ဖျက်ဆီးမီးရှို့မယ့်အစား ၎င်းကို ရေနွေးအပူချိန် (90°C/194°F) မှာ နာရီဝက်ကြာ နှစ်ထားလိုက်ရုံသာဖြစ်ပါတယ်။ ရေနွေးပူစိမ်လိုက်တဲ့အခါ PCB အမျှင်တွေ ပြိုကွဲသွားပြီး ရေအောက်မှာ အလွယ်တကူ ပြန်လည်ရရှိနိုင်သည့် အစိုင်အခဲချစ်ပ်များနှင့် အခြားအစိတ်အပိုင်းတွေကျန်ရစ်စေပြီး ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြင့်မားတဲ့အပူချိန်မှာ နာရီဝက်ကြာစိမ်ထားဖို့လိုအပ်တာကြောင့် စမတ်ဖုန်းတွေပေါ် ဆိုဒါလို အရည်တွေမကြာခဏ ယိုဖိတ်တာ (သို့မဟုတ်) စည်ပိုင်းထဲကိုပြုတ်ကျတာ စတဲ့မတော်တဆဖြစ်မှုတွေမှာ စိုးရိမ်မှုမရှိပဲသုံးနိုင်ပါတယ်။ ဒါတင်မက Jiva က Soluboard ကို ဖန်တီးရာမှာလည်း မြင့်မားတဲ့ ပတ်ဝန်းကျင်စိုထိုင်းဆကို ခံနိုင်ရည်ရှိအောင်ဖန်တီးထားတယ် လို့ ပြောကြားခဲ့ပါတယ်။

သို့ပင်သော်ငြား အီလက်ထရွန်းနစ်ပစ္စည်းတွေကိုအရည်နဲ့ ရောစပ်တဲ့ စိတ်ကူးအပေါ်မှာ အပျက်သဘောခံစားနေကြတာတွေလည်း ရှိနေပါတယ်။ အခြားသူတွေက အချိန်အတိုင်းအတာတစ်ခုမှာ သုံးစွဲသူတွေအပေါ် ပစ္စည်းအသစ်တွေအဆင့်မြှင့်တင်ဖို့ ဆိုးညစ်တဲ့ဟာ့ဒ်ဝဲထုတ်လုပ်သူတွေက နည်းလမ်းတစ်ခုအနေနဲ့ အတင်းအကြပ်စီစဉ်လာနိုင်တာကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Microsoft ဟာ biodegradable ကွန်ပျူတာမောက်စ်ကို ဖန်တီးဖို့ Soluboard PCB ကို အသုံးပြုခဲ့ပါတယ်။ စမ်းသပ်ခြင်းလုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆားကစ်ဘုတ်ဟာ ရေမှာ ပျော်ဝင်သွားခဲ့ပါတယ်။ ပင်မချစ်ပ်ကို ပြန်လည်ရယူနိုင်ခဲ့ပြီး မီးဖိုနဲ့အစိုဓာတ်ကိုဖယ်ရှားလိုက်တဲ့အခါ စွမ်းဆောင်ရည်ထိခိုက်မှုမရှိဘဲ ပြန်လည်အသုံးပြုနိုင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်က အဆိုပါဒီဇိုင်းဟာ သာမန်မောက်စ်ထက်ပတ်ဝန်းကျင်ကာဗွန်သက်ရောက်မှုကို 60.2 ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်က Microsoft က သူ့ရဲ့ဆားကစ်ကို ရေ အပူချိန် 100°Cမှာ 5.5 မိနစ်အတွင်း (ဒါမှမဟုတ်) 20°C မှာ ငါးနာရီအတွင်း ပျော်ဝင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ The Register မှာ ဖော်ပြခဲ့တဲ့ Jiva Materials ရဲ့ ပူးတွဲတည်ထောင်သူ Jonathan Swanston ကပြောဆိုတဲ့ 90°C နဲ့ ကွာခြားပေမယ့်လည်း Microsoft အနေနဲ့ မတူညီသော လက္ခဏာတွေနဲ့ ပေါင်းစည်းမှုတစ်ခုကို အသုံးပြုနေတာလည်းဖြစ်နိုင်ပါသေးတယ်။

Source: TechSpot

#EnThueTech
#News
#Electronics
#PCB

Post a Comment

0 Comments