Subscribe Us

header ads

အင်္ဂလိပ်ဘာသာစကားသည် အခြား ဘာသာစကားများထက် ၁၅ဆအထိ AI အသုံးပြုခတွင် ပိုမိုသက်သာမှုရှိနေ


Large Language Model (LLM) အတွက် သင်အသုံးပြုတဲ့ဘာသာစကားဟာ ငွေကုန်ကြေးကျမှုအပိုင်းမှာ ကြီးမားတဲ့ရိုက်ခက်မှုရှိနေပြီး ကမ္ဘာမှာအင်္ဂလိပ်ဘာသာစကားပြောဆိုသူတွေနဲ့ အခြားဘာသာပြောဆိုသူတွေအကြား AI ကွာဟမှုကိုဖန်တီးနေပါတယ်။ မကြာသေးခင်က လေ့လာချက်တစ်ရပ်မှာ OpenAI လို AI ဝန်ဆောင်မှုရဲ့ ဆာဗာအသုံးပြုခကိုလေ့လာတိုင်းတာခဲ့ရာမှာ အင်္ဂလိပ်ဘာသာနဲ့ မေးမြန်းဖြေကြားခြင်းဟာ အခြားဘာသာစကားတွေထက် ပိုမိုသက်သာပြီး တရုတ်ဘာသာစကားက ၂ဆပိုမိုကုန်ကျကာ စပိန်ဘာသာစကားက ၁.၅ဆ နဲ့ ရှမ်းဘာသာစကားက ၁၅ဆပိုမိုကုန်ကျတယ်လို့ဆိုပါတယ်။


Twitter အသုံးပြုသူ Dylan Patel (@dlan522p) က အောက်စဖို့တက္ကသိုလ်ရဲ့ သုတေသနမှာ မြန်မာဘာသာစကားစာတစ်ကြောင်းကိုရေးသားဖို့ တိုကင် ၁၉၈ခု အသုံးပြုရပြီး ဒီစာသားကို အင်္ဂလိပ်ဘာသာနဲ့ရေးသားမယ်ဆိုရင် တိုကင် ၁၇ခုသာအသုံးပြုရပါတယ်။


တိုကင်ဆိုတာ API ကတဆင့် LLM ကိုရယူရတဲ့ တွက်ချက်မှုကုန်ကျစားရိတ်ကိုဆိုလိုတာဖြစ်တာမို့ မြန်မာဘာသာစကားဟာ အင်္ဂလိပ်ဘာသာထက် တိုကင်၁၁ဆပိုသုံးရတယ်လို့ဆိုလိုပါတယ်။

Image: University of Oxford

Image: University of Oxford

စံနှုန်းမညီတဲ့အခြေအနေမှာဆိုရင် AI ကုမ္ပဏီတွေမှာ အသုံးပြုသူက ထည့်သွင်းလိုက်တဲ့တွက်ချက်မှုရဲ့ကုန်ကျစရိတ်ကိုတွက်ချက်ပေးတဲ့ တိုကင်ပုံစံရှိကြပါတယ်။ ဆိုလိုတာက AI မော်ဒယ်တွေအတွက် အင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့ ဘာသာစကားတွေကိုရရှိ‌ေလ့ကျင့်ရာမှာ ပိုမိုကုန်ကျမှုရှိနေပါတယ်။ သဒ္ဒါပိုင်းမှာပဲဖြစ်ဖြစ် စာလုံးအရေအတွက်များပြားတာပဲဖြစ်ဖြစ်တရုတ်လို ရှုပ်ထွေးတဲ့ဘာသာမှာဆိုရင် တိုကင်အသုံးပြုမှုဟာမြင့်တက်နေမှာပဲဖြစ်ပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#AI

Post a Comment

0 Comments