![]() |
Image: AMD |
AMD ဟာ ဒီနေ့မှာ Intel ရဲ့ Core i9-13980HX ထက်ပိုမြန်ပြီး ဂိမ်းကစားရန်အတွက် အလျင်မြန်ဆုံး notebook ပရိုဆက်ဆာ Ryzen 9 7945HX3D mobile processor ကို ကြေညာခဲ့ပါတယ်။ 7945HX3D ဟာ AMD 3D Vertical Cache နည်းပညာကို အသုံးပြုထားတဲ့ 16-core/32-thread CPU ဖြစ်ပါတယ်။
![]() |
Image: AMD |
7945HX3D ဟာ Desktop Ryzen 9 7950X3D လိုမျိုး သူ့ရဲ့ "Zen 4" CCD နှစ်ခုထဲက ပထမတစ်ခုမှာ 3D V-Cache Memory 64 MB ပါရှိပြီး Cache စုစုပေါင်း 96 MB ပါဝင်ပါတယ်။ ဒုတိယCCD တစ်ခုမှာတော့ desktop 7950X3D လို 32 MB L3 cache ပါတဲ့ "Zen 4" CCD ဖြစ်ပါတယ်။
![]() |
Image: AMD |
စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ AMD သည် TDP 55Wအထက်မှာ ပြိုင်ဘက်ကင်းတဲ့ဂိမ်းစွမ်းဆောင်ရည်ကို ပြသထားတာပဲဖြစ်ပါတယ်။
![]() |
Image: AMD |
Ryzen 9 7945HX3D ဟာ "Dragon Range" multi-chip module ကို အခြေခံထားပါတယ်။ ၎င်းဟာ ပါဝါပိုင်းမှာ မိုလ်ဘိုင်းအတွက် ပိုမိုကောင်းမွန်အောင်ဖန်တီးထားတဲ့ desktop "Raphael" MCM ရဲ့ BGA မျိုးကွဲတစ်ခုဖြစ်ပါတယ်။ ပရိုဆက်ဆာမှာ "Zen 4" CPU cores 16 ခုကို CCD နှစ်ခုတွင်မှာဖြန့်ကျက်ထားကာ CCD တစ်ခုမှာ 1 MB L2 cache ရှိပါတယ်။ ပထမ CCD မှာ 3D V-Cache ကြောင့် 96 MB L3 cache ရှိပြီး ဒုတိယ CCD မှာ 32 MB ရှိပါတယ်။ သူ့ရဲ့ ပါဝါပိုင်းမှာ အကန့်အသတ်ရှိနေပေမယ့် 7945HX3D ရဲ့ အမြင့်ဆုံး clock speed ဟာ 5.40 GHz အထိရှိပါတယ်။ CCD နှစ်ခုကို 5 nm EUV foundry node နဲ့ တည်ဆောက်ထားပါတယ်။ L3D (ပထမ CCD ထိပ်ထပ်ထားတဲ့ die) ကို client I/O die (cIOD) လိုမျိုး 6 nm နဲ့ တည်ဆောက်ထားပါတယ်။ ဒီ processor အနေနဲ့ dual-channel DDR5 ကိုအထောက်ပံ့ပေးပြီး 28-lane PCI-Express Gen 5 ပါဝင်ပါတယ်။
AMD ကတော့ Ryzen 9 7945HX3D ဟာ သူတို့ရဲ့လက်ရှိ flagship processor ဖြစ်တဲ့ 16-core Ryzen 9 7945HX ထက် ဂိမ်းကစားရာမှာ ပျမ်းမျှ 15% ပိုမြန်တယ်လို့ အခိုင်အမာဆိုထားပါတယ်။ ဒါဟာ Intel Core i9-13980HX ထက် ပိုမြန်တယ်လို့ ဆိုလိုတာလည်းဖြစ်ပါတယ်။
![]() |
Image: AMD |
AMD Ryzen 9 7945HX3D ကို ပွဲဦးထွက် အသုံးပြုလာမယ့် ပထမဆုံး Notebook က ASUS ROG Strix SCAR 17 X3D ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။
Source: AMD and Techpowerup
#EnThueTech
#News
#Gaming
Source: AMD and Techpowerup
#EnThueTech
#News
#Gaming
0 Comments