Subscribe Us

header ads

DJI မှ အဆင့်မြှင့်တင်မှုများပြုလုပ်ထားသည့် Air 3 ဒရုန်းကို မိတ်ဆက်

Image: DJI

နာမည်ကျော် ဒရုန်းထုတ်လုပ်သူ DJI ဟာ တနေ့က Air 3 ဒရုန်းကိုမိတ်ဆက်ခဲ့ပါတယ်။ DJI အနေနဲ့ မျှော်မှန်းထားသလို တတိယမျိုးဆက်ဒရုန်းမှာ DJI အနေနဲ့ မျှော်မှန်းထားသလို တတိယမျိုးဆက်ဒရုန်းမှာ ကင်မရာအသစ်နဲ့ အခြားအဆင့်မြှင့်တင်မှုများပြုလုပ်လာပါတယ်။ အထူးသဖြင့် DJI Air 3 မှာ 48MP စီရှိတဲ့ 1/1.3 in CMOS ဆင်ဆာတပ်ဆင်ထားတဲ့ ကင်မရာ၂ခုပါဝင်ပြီး တစ်ခုက primary ကင်မရာအတွက်ဖြစ်ကာ နောက်တစ်ခုက 3x telephoto ကင်မရာအတွက်ဖြစ်ပါတယ်။ primary ကင်မရာမှာ f/1.7 aperture နဲ့ 24 mm ညီမျှတဲ့ focal length ရှိကာ telephoto ကင်မရာကတော့ f/2.8 aperture နဲ့ 70 mm ညီမျှတဲ့ focal length ရှိပါတယ်။

Image: DJI


DJI အဆိုအရ Air 3 အနေနဲ့ 4K ဗီဒီယိုတွေကို 100 FPS အထိရိုက်ကူးနိုင်ပြီး portrait ဗီဒီယိုတွေကိုတော့ 2.7K မှာကန့်သတ်ထားတယ်လို့ဆိုပါတယ်။ နောက်ထပ် ဒီဒရုန်းအသစ်မှာ ActiveTrack 5.0၊ Point of Interest 3.0၊ QuickShots နဲ့ Spotlight 2.0 စတဲ့ feature တွေကြောင့် ပုံစံမျိုးစုံနဲ့ရိုက်ကူးနိုင်ပါတယ်။ ဒါတင်မက ကီလိုမီတာ ၂၀ အကွာအဝေးအထိ 1080p/60 FPS ဗီဒီယိုကိုလွှင့်ပေးနိုင်တဲ့ OcuSync 4 လည်းပါဝင်ပါတယ်။

Image: DJI

DJI ဟာ waypoint functionality ကိုလည်း Air series မှာ ပထမဆုံးထည့်သွင်းပေးလာပါတယ်။ အတိုချုံးပြောရရင် သင်က ညက်ညောတဲ့ရိုက်ချက်တွေအတွက် လမ်းကြောင်းသတ်မှတ်ပေးနိုင်တာဖြစ်ပါတယ်။ လေထဲအကြာဆုံးပျံသန်းနိုင်ချိန်ကဟာ battery swap နဲ့ဆိုရင် ၄၆မိနစ်ဖြစ်ပြီး အရွယ်အစားအနေနဲ့ DJI ကအချက်အလက်တွေအရ ပန်ကာမပါဘဲ ခေါက်သိမ်းထားချိန်မှာ 207×100.5×91.1 mm နဲ့ ဖြန့်ထားချိန်မှာ 258.8×326×105.8 mm ရှိမှာပါ။


Air 3 ကို $1099 နဲ့ရောင်းချမှာဖြစ်ကာ DJI RC-N2 controller ပါဝင်မှာပါ။ ဒါတင်မက Fly More Combo ဆိုပြီး ရွေးချယ်စရာ ၂ခုကိုပေးထားကာ DJI RC-N2($1349) နဲ့ DJI RC 2 controller ($1549)ကိုလည်းရွေးချယ်နိုင်ပါတယ်။ DJI Air 3 ရဲ့ အလေးချိန်က 720 gဖြစ်ကာ လက်ရှိကြိုတင်မှာယူနိုင်သလို နောက်အပတ်မှာ စျေးကွက်ထဲကိုရောက်ရှိမှာပါ။

Source: DJI and Notebookcheck

#EnThueTech
#News
#Drones

Blog
https://enthuetech.blogspot.com/2023/04/image-dji-dji-mavic-3-pro-inspire-3.html

Post a Comment

0 Comments