![]() |
Image via Techpowerup |
ဒေါ်လာ ၄၄ဘီလီယံအကုန်ကျခံဝယ်ယူပြီးနောက် Twitter ဟာ Twitter ဖြစ်နေသေးတာကို မပျော်မရွှင်ဖြစ်နေတဲ့ Elon Musk ဟာ သူရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့ အမည်ကို X အဖြစ်ပြောင်းလဲတော့မယ်လို့ဆိုပါတယ်။
Elon ရဲ့ ကုမ္ပဏီတွေအကြောင်းရင်းနှီးမှုမရှိတဲ့သူတွေအတွက် X ဆိုတဲ့အမည်ဟာ Paypal ရှေ့ကအွန်လိုင်းဘဏ်ဖြစ်ပြီး x.com ဆိုတဲ့ ဒိုမိန်းကိုဝယ်ယူထားခဲ့ဖူးသလို လက်ရှိမှာတော့ Twitter ကို redirect လုပ်ထားတာဖြစ်ပါတယ်။ ဒီအတွက် Elon Musk နဲ့ Twitter ရဲ့ CEO Linda Yaccarino တို့ဟာ X အတွက် ကြီးမားတဲ့ရည်ရွယ်ချက်ပုံပေါ်ကြောင်း Yaccarino ရဲ့ post အချို့ကနေသိနိုင်ပါတယ်။
![]() |
Image via Techpowerup |
Twitter ပေါ်က Yaccarino ရဲ့ post တစ်ခုအရ X ဟာ အသံ၊ ဗီဒီယို၊ စာတို၊ ငွေကြေးဝန်ဆောင်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အကြံဉာဏ်၊ ထုတ်ကုန်၊ ဝန်ဆောင်မှုနဲ့ အခွင့်အလမ်းဆိုင်ရာ ဈေးကွက်ကြီးဖြစ်လာအောင်ဖန်တီးသွားမယ်လို့ဆိုထားပြီး AI ရဲ့ စွမ်းပကားနဲ့ X ဟာ မိမိတို့စတင်စိတ်ကူးထားတဲ့အရာတွေအားလုံးကိုချိတ်ဆက်ပေးပါလိမ့်မယ်လို့ဆိုပါတယ်။
![]() |
Image via Techpowerup |
Elon Musk အနေနဲ့ Twitter ကိုကြီးကြီးမားမားအပြောင်းအလဲလုပ်သွားဖို့ရှိကြောင်း နှစ်ဆန်းပိုင်းကတည်းကပြောဆိုထားခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ Twitter အသုံးပြုသူတွေလိုလားခြင်းရှိမရှိကတော့ အချိန်ကသာအဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
Source: Techpowerup
#EnThueTech
#News
#AI
#Web
Source: Techpowerup
#EnThueTech
#News
#AI
#Web
0 Comments