![]() |
Image: Shutterstock / Giulio Benzin |
Android ဖုန်းမှာ ChatGPT ကို အသုံးပြုဖို့စောင့်မျှော်နေသူတို့အတွက် သတင်းကောင်းပါပဲ သောကြာနေ့က OpenAI ဟာ ChatGPT ရဲ့ android app ကိုလာမယ့်အပတ်မှာထုတ်ပေးမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
အကယ်၍သင့်မှာ android ဖုန်းရှိတယ်ဆိုရင် pre-register လုပ်ထားပြီး Play Store ပေါ်ကိုရောက်ရှိလာတဲ့အခါ ရယူအသုံးပြုနိုင်ပါတယ်။
ChatGPT ရဲ့ android app ဟာ device များစွာကို sync လုပ်ပေးနိုင်တာမို့ တူညီတဲ့အကောင့်နဲ့ဆိုရင် web (သို့မဟုတ်) iPad ပေါ်က history တွေကိုပါ sync လုပ်ပေးမှာဖြစ်ပါတယ်။ ChatGPT ရဲ့ iOS app ကိုတော့ မေလတုန်းကထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။
Source: PcMag
#News
#AI
#Web
Related Post
0 Comments