![]() |
Image via Electrek |
Tesla ရဲ့ CEO Elon Musk က AI နည်းပညာကို ပြင်းပြင်းထန်ထန်ဝေဖန်နေပေမယ့် Tesla ရဲ့ AI အဖွဲ့သားတွေဟာ စိတ်ကြိုက်ဖန်တီးထားတဲ့ စူပါကွန်ပျူတာ Dojo ကို Twitter မှာ မိတ်ဆက်သွားပါတယ်။ အဆိုပါစူပါကွန်ပျူတာကို နောက်လလောက်မှာစတင်ဖန်တီးမှာဖြစ်ကာ ၂၀၂၄ခုနှစ်လောက်မှာဆိုရင် ကမ္ဘာ့အဆင့်အမြင့်ဆုံးစူပါကွန်ပျူတာတွေထဲကတစ်ခုအဖြစ်ပေါ်ထွန်းလာမယ်လို့ယူဆရပါတယ်။
Electrek နဲ့ Teslarati ကသတင်းတွေအရ ဒါဟာ AI နယ်ပယ်မှာ နောက်ထပ်အဓိကအရွေ့လို့ဆိုပါတယ်။ Nvidia A100 နဲ့ H100 GPU ချစ်ပ်တွေဟာ AI နယ်ပယ်မှာ ဦးဆောင်ထားပေမယ့် Tesla ဖန်တီးထားတဲ့ AI လေ့ကျင့်မှုနဲ့ interference chip တွေက ပုံမှန်ချစ်ပ်ထုတ်လုပ်သူတွေအပေါ်မှီခိုနေရမှုကိုလျော့ချနိုင်ပါတယ်။AI machine learning အတွက် သီးသန့်တည်ဆောက်ထားတဲ့ Dojo စူပါကွန်ပျူတာကို AI Day 2021 မှာစတင်မိတ်ဆက်ပေးခဲ့ပြီး ချစ်ပ်တွေနဲ့ စနစ်တစ်ခုလုံးကို Tesla ကဖန်တီးထားတာဖြစ်ပါတယ်။ သူက အလိုအလျောက်မောင်းနှင်ခြင်းအတွက် machine vision နည်းပညာကိုအထောက်အပံ့ပေးဖို့ရာ Tesla ကားတွေထံက ဗီဒီယိုအချက်အလက်တွေနဲ့ neural network ကိုလေ့ကျင့်စေပါတယ်။
သို့ပေသော်ငြား Dojo ဟာ ၂၀၂၄ခုနှစ်အထိရုပ်လုံးပေါ်လာဦးမှာမဟုတ်ပေမယ့် CEO Elon Musk ကတော့ softwareပိုင်းရော hardwareပိုင်းမှာပါ သူ့ AI အဖွဲ့သားတွေရဲ့စွမ်းဆောင်ရည်ကို သဘောကျလို့နေပါတယ်။ Tesla ရဲ့ AI တိုးတက်မှုဟာ အချို့ကျွမ်းကျင်သူတွေနားလည်ထားတာထက် များစွာပိုတယ်လို့ဆိုပါတယ်။
အလိုအလျောက်မောင်းနှင်ဖို့အတွက် software ဟာ အဓိကဖြစ်ပြီး FSD အလိုအလျောက်မောင်းနှင်တဲ့ဒေတာတွေ ကိုင်တွယ်ဖို့ Nvidia GPU တွေနဲ့ဖန်တီးထားတဲ့ ကြီးမားတဲ့စူပါကွန်ပျူတာကို အသုံးပြုနေတာဖြစ်ပါတယ်။
Tesla ရဲ့ အင်ဂျင်နီယာချုပ် Tim Zaman က သူတို့ရဲ့ computing cluster ဟာ အလုပ်မလုပ်တဲ့အချိန်ဟာ 0.3% သာရှိပြီး 84% ကို ဦးစားပေးအလုပ်တွေမှာ သုံးစွဲထားတယ်လို့ လူထုကိုပြောကြားခဲ့ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ computing အရင်းအမြစ်တွေပိုမိုလိုအပ်နေပြီး Dojo စူပါကွန်ပျူတာဟာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။
Source: Digitimes
#EnThueTech
#News
#AI
#SuperComputers
0 Comments