Subscribe Us

header ads

Raytheon မှ RTX အဖြစ်အမည်ပြောင်းလဲခြင်းကြောင့် Nvidia နှင့် ပဋိပက္ခဖြစ်နိုင်ဖွယ်ရှိ

Image: Raytheon Technologies

တနင်္လာနေ့မှာ နာမည်‌ကျော်ကာကွယ်ရေးနဲ့စစ်ဘက်ဆိုင်ရာ ကုမ္ပဏီကြီးဖြစ်တဲ့ ရေသီယွန်(Raytheon Technologies)ဟာ သူတို့ရဲ့ အမှတ်တံဆိပ်ကို RTX ဆိုတဲ့စာလုံး၃ခုနဲ့ပြောင်းလဲလိုက်ကာ RTX.com ဆိုတဲ့ဝက်ဘ်ဆိုက်ကိုလည်းပိုင်ဆိုင်ထားပါတယ်။ ဒါခုမှပြောင်းတာမဟုတ်ပဲ ၂၀၂၀ခုနှစ်က United Technologies Corp နဲ့ပေါင်းစည်းစဉ်ကတည်းက RTX ကိုသုံးနေတာလည်းဖြစ်ပါတယ်။



Nvidia ဟာ ၂၀၁၈ ခုနှစ်မှာ သူတို့ရဲ့ Turing-based ကတ်တွေကို စတင်ရောင်းချကာ ကတ်တစ်ခုရဲ့ ray tracing စွမ်းရည်ကို ကိုယ်စားပြုတဲ့ RTX အမည်ကို ပထမဆုံးမိတ်ဆက်ခဲ့ပါတယ်။ ကုမ္ပဏီဟာ GeForce RTX 2080 နဲ့ RTX 2080 Ti ကို ဩဂုတ်လ ၂၀ ရက်၊ ၂၀၁၈ ခုနှစ် Gamescom မှာ ထုတ်ဖော်ပြသခဲ့တာမို့ RTX နာမည်အရင်အသုံးပြုခဲ့တာပါ။

Nvidia အနေနဲ့ ရေသီယွန်(RTX) နဲ့ တိုက်ခိုက်ဖို့ရာ အလျင်စလိုမဖြစ်သေးပေမယ့်၊ ၎င်းရဲ့ ဒေါ်လာ ၁ ထရီလီယံစျေးကွက်တန်ဖိုးဟာ ကာကွယ်ရေးကုမ္ပဏီရဲ့ ဒေါ်လာ ၁၄၉ ဘီလီယံကိုထက်အများကြီးပိုကြီးမားပေမယ့် စက်မှုလုပ်ငန်းနှစ်ခုဟာ တစ်ခုနဲ့ တစ်ခုအလွန် အလှမ်းတတာကြောင့် မှားယွင်းစရာအကြောင်းတော့မရှိပါဘူး။ Nvidia ဘက်ကတော့ Raytheon Technologies/RTX ဟာ ၎င်းတို့ မပျံသန်းမီ အရေးပါသော အာရုံခံကိရိယာများကို ဒီဇိုင်းရေးဆွဲဖို့နဲ့ စမ်းသပ်စစ်ဆေးဖို့ Nvidia GPUတွေ ကို အသုံးပြုကြောင်း နည်းပညာဘီလူးကြီးက သတိပြုမိထားသည်။ ဒါ့ကြောင့် ဒီစစ်ဘက်ကန်ထရိုက်တာအနေနဲ့ Nvidia ရဲ့ RTX အမည်ကို အသုံးပြုတဲ့အကြောင်းကို သိရှိပြီးဖြစ်နိုင်ပါတယ်။

PC Gamer ကထောက်ပြတဲ့ အချက်တွေထဲမှာဆိုရင် Nvidia ဟာ RTX အမှတ်တံဆိပ်ကိုရထားတယ်ဆိုပေမယ့် အချို့ကုမ္ပဏီတွေက ဒီနာမည်ကိုမသုံးဖို့ကန့်ကွက်ထားတာမို့ ရုံးကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေရပါတယ်။ ၂၀၂၀ခုနှစ် ကတည်းက Raytheon Technologies ဟာ သူ့ရဲ့စတော့ရှယ်ယာအတွက် RTX အမည်ကို စတင်အသုံးပြုလာတာကြောင့် ၎င်းတို့နှစ်ခုကို ချိတ်ဆက်ရန် ဖြစ်နိုင်ချေရှိပါတယ်။

အချို့သော နည်းပညာကုမ္ပဏီတွေဟ, ၎င်းတို့ရဲ့ ဆက်စပ်အမည်တွေကို ပြင်းပြင်းထန်ထန် အကာအကွယ်ပေးထားပြီး ၎င်းတို့ရဲ့ ဉာဏမူပိုင်ခွင့်တွေကို ချိုးဖောက်ဝံ့သူတိုင်းကို တရားစွဲလိုကြပါတယ်။ ထင်ရှားတဲ့သာဓကတစ်ခုကတော့ Super Healthy Kids ရဲ့ Prepear ဟင်းချက်နည်းအက်ပ်မှာ အသုံးပြုတဲ့ သစ်တော်သီးလိုဂိုဟာ Apple ရဲ့ ပန်းသီးတံဆိပ်ကို အခြေခံရေးဆွဲထားတယ်လို့ဆိုကာ ကုန်အမှတ်တံဆိပ်တရားစွဲဆိုမှုတစ်ခုကို ၂၀၂၀ခုနှစ်မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

Source: Techspot

#EnThueTech
#News
#TechCulture


Post a Comment

0 Comments