![]() |
Image via wccftech |
တရုတ်ကုမ္ပဏီ HKC ဟာ ဖျော်ဖြေရေးနဲ့ ဂိမ်းကစားဖို့အတွက် OG27QK နှင့် MG27U monitor တွေကိုမိတ်ဆက်လိုက်ပါတယ်။ တရုတ်ပြည်တွင်းအခြေစိုက်တဲ့ HKC ဟာ ၁လက်မကနေ ၆၀လက်မအရွယ်အစားအထိရှိတဲ့ display တွေကိုထုတ်လုပ်နေတာဖြစ်ပါတယ်။
![]() |
Image via wccftech |
OG27QK က ၂၆.၅လက်မရှိတဲ့ OLED display panel ကိုအသုံးပြုထားပြီး resolution က 2560 x 1440 ဖြစ်ကာ 240Hz refresh rate နဲ့ 0.03ms GTG response time ရှိပါတယ်။ ဒါ့အပြင် မော်နီတာဟာ peak brightness ကို 1000 nitsအထိရနိုင်ကာ color gamut ကို 98.5% DCI-P3 ရှိကာ color bit က 10bit ဖြစ်ပါတယ်။ ဒီမော်နီတာရဲ့ရုပ်ထွက်က ဂိမ်းအတွက်ရောအလုပ်အတွက်ပါသုံးနိုင်ပါတယ်။ panel ကလည်း LG ကိုအသုံးပြုထားတာမို့ မော်နီတာရဲ့ အရေအသွေးကိုစိတ်ပူစရာမလိုပါဘူး။
OG27QK ဟာ HDMI၊ USB extension၊ Type-C နဲ့ DisplayPort ကိုအထောက်အပံ့ပေးတယ်ဆိုပေမယ့် port တွေဘယ်လောက်ပါတယ်ဆိုတာအတည်ပြုဖို့လိုပါသေးတယ်။ USB interface ကတော့ 90W အထိအထောက်အပံ့ပေးထားပြီး ဘယ်ပစ္စည်းနဲ့မဆိုချိတ်ဆက်နိုင်ပါတယ်။ မော်နီတာဟာ အနည်ရောင်ကိုယ်ထည်နဲ့ဖြစ်ကာ ကျောဘက်မှာ RGB lighting လည်းပါဝင်ပါတယ်။ ဒီမော်နီဟာ LG နဲ့ Samsung ကြီးစိုးထားတဲ့ တရုတ်ဈေးကွက်မှာရွေးချယ်စရာကောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။
![]() |
Image via wccftech |
ဒါ့အပြင် HKC Aegis MG27U မော်နီတာကိုလည်းမိတ်ဆက်ခဲ့ပြီး ၂၇လက်မ nano IPS panel နဲ့ 4K resolution ဖြစ်ပါတယ်။ refresh rate က 160Hz ရှိပြီး 1ms GTG response time ရှိပါတယ်။ HDR600 ကိုအထောက်ပေးပြီး color gamut ပိုင်းမှာတော့ 98% DCI-P3 နဲ့လာပါတယ်။
![]() |
Image via wccftech |
![]() |
Image via wccftech |
Aegis MG27U ရဲ့ ဒီဇိုင်းဟာ ပါးလွှာပြီး ကိုယ်ထည်ကအနက်ရောင်ဖြစ်ပါတယ်။ မော်နီတာstand မှာ အနီရောင်အနားကွတ်ပေးထား စိတ်ကြိုက်ပုံစံမှာထားပြီးကြည့်နိုင်ပါတယ်။ အသေးစိတ်ကိုမသိရသေးပေမယ့် HDMI 2.1 နဲ့ DP 1.4 ကိုအထောက်အပံ့ပေးပါတယ်။
OG27QK နဲ့ Aegis MG27U ကို တရုတ်ပြည်ဈေးကွက်မှာ အကန့်အသတ်နဲ့သာရောင်းချနေပြီး ဈေးနှုန်းက 4699RMB ($660) နဲ့ 3599RMB ($505) အသီးသီးရှိပါတယ်။
Source: wccftech
#EnThueTech
#News
#Display
0 Comments