Subscribe Us

header ads

နာဆာမှ ChatGPT ကဲ့သို့ စကားပြောဆိုနိုင်သည့် အာကာယာဉ်များကိုဖန်တီးနေ

Image: Piotr Siedlecki

သင်ဟာ Star Trek: The Next Generation ဒါမှမဟုတ် Stanley Kubrick ရိုက်ကူးတဲ့ 2001: A Space Odyssey တို့လိုဇာတ်လမ်းနဲ့ရင်းနှီးကျွမ်းဝင်သူဆိုရင်အာကာယာဉ်ကိုယ်တိုင်က အဖွဲ့သားတွေနဲ့ စကားပြောဆိုဆက်သွယ်နိုင်စွမ်းရှိတာကို သိပါလိမ့်မယ်။ အခုဆိုရင် အမေရိကန်အာကာသအေဂျင်စီ(နာဆာ)ဟာ အာကာသစူးစမ်း‌လေ့လာရေးမှာ အာကာယာဉ်မှုးတွေကိုကူညီဖို့ သိပ္ပံဇာတ်လမ်းတွေက စိတ်ကူးစိတ်သန်းတွေကို လက်တွေ့အဖြစ်ပြောင်းလဲဖို့ စိတ်ပိုင်းဖြတ်ထားပုံပေါ်နေပါတယ်။

နာဆာအင်ဂျင်နီယာတွေဟာ အာကာသယာဉ်မှုးတွေအနေနဲ့ အာကာသယာဉ်နဲ့ဆက်သွယ်နိုင်ဖို့ရာ ChatGPT ကို မှီငြမ်းထားတဲ့ interface တစ်ခုကို ဖန်တီးနေကြပြီလို့ဆိုပါတယ်။ The Guardian သတင်းအရ မစ်ရှင်ထိန်းချုပ်သူတွေဟာ ၎င်းတို့ကိုယ်တိုင် အာကာသအတွင်း စူးစမ်းလေ့လာရေးမစ်ရှင်များကို စတင်လုပ်ဆောင်ချိန်မှာ AI စွမ်းအင်သုံး စက်ရုပ်တွေ၊ ကွန်ပျူတာစနစ်တွေနဲ့ စကားပြောဆိုမှုနိုင်တော့မှာပါ။

နာဆာမှ သုတေသီ ဒေါက်တာ Larissa Suzuki က "ကြံရွယ်ထားတာကတော့ အာကာသယာဉ်တွေနဲ့ စကားပြောဆိုနိုင်ဖို့ဖြစ်ပြီး၊ သူတို့က သတိပေးချက်တွေ၊ ဆိုလာစနစ်မှာ တွေ့တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ရှိချက်တွေနဲ့ အခြားအရာတွေကို ပြန်လည်ဖြေကြားဖို့ဖြစ်ပါတယ်" လို့ နာဆာကပံ့ပိုးပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ "သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းသာမဟုတ်တော့ပါဘူး"လို့ သူမကဆိုပါတယ်။

"ဒီစနစ်ကို ဒေတာပေးပို့မှုဆိုင်ရာချို့ယွင်းချက်များကို ရှာဖွေပြီး ပြုပြင်ရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။ နည်းပညာအသစ်ဟာ ပြဿနာတစ်ခု (သို့မဟုတ်) စနစ်တစ်ခု offline ဖြစ်နေချိန်မှာ အာကာသယာဉ်မှူးတစ်ဦးကို ခက်ခက်ခဲခဲစေလွှတ်စရာမလိုအောင် ကူညီပေးနိုင်တယ်" လို့လည်း ဒေါက်တာ Suzuki က ဆိုပါတယ်။ ဒါ့အပြင် အာကာသယာဉ်မှူးတွေနဲ့ မစ်ရှင်ထိန်းချုပ်ရေးတို့ဟာ ရှည်လျားတဲ့နည်းပညာလက်စွဲတွေကို ရှာဖွေနေစရာမလိုဘဲ ပြဿနာတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လျင်မြန်စွာရရှိဖို့ရာ ကူညီပေးနိုင်ပါတယ်။

Captain Jean-Luc Picard ရဲ့ အကြိုက်ဆုံးလက်ဖက်ရည်ခွက် ("Earl Grey, hot") ကို ကွန်ပြူတာတစ်လုံးမှ တုပပေးနိုင်ဖို့ မဖြစ်နိုင်သေးပေမယ့် အာကာသသိပ္ပံဝါသနာရှင်တွေဟာ နောင်မကြာခင်ထွက်ပေါ်လာမယ့် Lunar Gateway မှာ နာဆာရဲ့ chatbot ကို မြင်ရလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဒီအာကာသစခန်းဟာ Artemis ပရိုဂရမ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကမ္ဘာ့အပြင်ဘက် အာကာသလုပ်ငန်းဆောင်တာတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

Source: PCMag

#EnThueTech
#News
#AI
#Space

Post a Comment

0 Comments