![]() |
Image via TechSpot |
Microsoft ဟာ Moore ဝိသေသနဲ့သက်ဆိုင်ခြင်းမရှိပဲ ဆန်းသစ်ပြီး future-proof ဖြစ်တဲ့ ကွန်ပြူတာဒီဇိုင်းတစ်ခုကိုဖန်တီးနေပါတယ်။ ဒီကွန်ပြူတာကို Analog Iterative Machine (AIM) လို့ အမည်ပေးထားပါတယ်။ ၎င်းဟာ ထရန်စ္စတာနဲ့ binary ဒေတာတွေ မလိုအပ်ပဲ ဖိုတွန်နဲ့ အီလက်ထရွန်တွေကိုအသုံးချကာ ရှုပ်ထွေးတဲ့တွက်ချက်မှုတွေကို တိုက်ရိုက်တွက်ချက်ပေးမယ့် အင်နာလော့ ကွန်ပြူတာတစ်မျိုးဖြစ်ပါတယ်။
![]() |
Image via TechSpot |
Microsoft ရဲ့ AIM ဟာ အချက်အလက်တွေတွက်ချက်ဖို့ bit သို့ byte တွေအသုံးမပြုတာကြောင့် ပုံမှန်အားဖြင့် ကွန်ပြူတာတစ်လုံးလို့ တိတိကျကျမဆိုနိုင်ပါဘူး။ ဒါပေမယ့် သူဟာ လက်ရှိ အဆင့်အမြင့်ဆုံးပါဆိုတဲ့ ဆီလီကွန်အခြေခံ ဒစ်ဂျစ်တယ်နည်းပညာ (သို့မဟုတ်) လက်ရှိဖန်တီးနေတဲ့ ကွန်တမ်ကွန်ပြူတာတွေထက်သာလွန်တဲ့အချက်တွေကိုပြသထားနိုင်ပါတယ်။
AIM ကို ယေဘူယျအလုပ်တွေအတွက် ဒီဇိုင်းထုတ်ထားတာမဟုတ်ပေမယ့် အဆိုပါကွန်ပြူတာအနေနဲ့ traveling salesman riddle လိုခက်ခဲတဲ့ပြဿာနာတွေကိုဖြေရှင်းရာမှာ အသုံးဝင်ပါတယ်။ Microsoft အဆိုအရ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုန်ထုတ်လုပ်မှုအပါအဝင် သင်္ချာပညာရပ်ကိုအများအပြားအသုံးချရတဲ့လုပ်ငန်းတွေအတွက် အလွန်အသုံးဝင်တယ်လို့ဆိုပါတယ်။ ကြီးထွားလာတဲ့ပြဿနာတစ်ခုမှာ ဖြစ်နိုင်ချေရှိတဲ့အရာတွေကိုခွဲထုတ်ကြည့်ဖို့ရာ သမားရိုးကျ ဒစ်ဂျစ်တယ်ကွန်ပြူတာတွေအနေနဲ့ အချိန်မကုန်၊ စွမ်းအင်သုံးစွဲမှုနဲ့ ကုန်ကျစရိတ်သက်သာစွာ ဖြေရှင်းနိုင်ဖို့ အတော်လေးရုန်းကန်နေရပါတယ်။
![]() |
Image via TechSpot |
AIM ဟာ အလင်းရဲ့ အလျင်နဲ့အလုပ်လုပ်တာမို့ ယနေ့ဒစ်ဂျစ်တယ်ကွန်ပြူတာတွေထက် အဆ ၁၀၀လောက် ပိုစွမ်းပါတယ်။ လက်ရှိမှာ AIM ဟာ သုတေသနစီမံကိန်းအဆင့်မှာသာရှိလို့ ဖြေနိုင်ခြေရှိတဲ့သုံးစွဲသူတွေအတွက် အကန့်အသတ်နဲ့သာဝင်ရောက်သုံးစွဲနိုင်ပါသေးတယ်။ သို့ပင်သော်ငြား ဒီစက်ကို ဗြိတိန်ဘဏ္ဍာရေးကုမ္ပဏီ Barclays က စမ်းသပ်နေကာ စတော့ဝယ်ယူတဲ့အခါ ငွေလွဲပြောင်းမှုကိုအခြေခံရာမှာသုံးစွဲနေပါတယ်။ AIM ရဲ့ algorithm ကို စွမ်းဆောင်ရည်မြင့် GPU မှာ သွင်တူပြုထားတဲ့ cloud အခြေခံဝန်ဆောင်မှုတစ်ခုကို မကြာခင်ရရှိနိင်တော့မယ်လို့သိရပါတယ်။
Source: TechSpot
#EnThueTech
#News
#HPC
0 Comments