Subscribe Us

header ads

Nvidia ၏ CEO Jensen Huang နှင့် AMD ၏ CEO Dr. Lisa Su တို့၏ ဆွေမျိုးတော်စပ်ပုံကို မီဒီယာများမှဖော်ပြလာ

Image: Tom's Hardware 

ကျွန်တော်တို့အနေနဲ့ Nvidia ရဲ့ CEO Jensen Huang နဲ့ AMD ရဲ့ CEO Dr. Lisa Su တို့က ဆွေမျိုးတော်စပ်နိုင်တယ်ဆိုတာသိကြပြီးဖြစ်မှာပါ။ ဒါကလည်း သူတို့ ၂ဦးစလုံးဟာ Taiwan ရဲ့ Tainan မှာမွေးခဲ့ကြတာကြောင့်လည်းဖြစ်ပါတယ်။ အခု‌ဆိုရင် Jin Chat မီဒီယာအကြီးအကဲနဲ့ သုတေသီ Wu Jia Jin ရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့် PC လောကရဲ့ အကျော်အမော်၂ဦးဟာ ဘယ်လောက်အထိဆွေမျိုးနီးစပ်တယ်ဆိုတာကို ထင်ထင်ရှားရှားသိလာရပြီပဲဖြစ်ပါတယ်။

Image via Tom's Hardware 

Nvidia တည်ထောင်သူနဲ့ CEO ဖြစ်သူ Jensen Huang ရဲ့ ကျော်ကြားမှုဟာ တစ်ဟုန်ထိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ CES 2023 ပွဲမှာ သူ့ရဲ့မွေးရပ်မြေ ထိုင်ဝမ်ကိုလာရောက်ခဲ့အချိန်မှာ 'ရော့ခ်ကြယ်ပွင့်' တစ်ဦးလို သောင်းသောင်းဖြဖြကြိုဆိုခြင်းခံခဲ့ရပါတယ်။ ဒါဟာ Nvidia ရဲ့ အောင်မြင်မှုဇာတ်လမ်း၊ သာမန်ထိုင်ဝမ်သတင်းထုတ်လွှင့်မှုတွေရဲ့ စီးပွားရေးအာရုံစိုက်မှု၊ (သို့မဟုတ်) Nvidia ရဲ့ ဒေါ်လာ ၁ ထရီလီယံတန်ဖိုးရှိလာတဲ့သတင်း ပေါက်ကြားသွားတာကြောင့်လား။ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အခုဆိုရင် Huang ရဲ့အကြောင်းကို စီးပွားရေးအရရော ပုဂ္ဂိုလ်ရေးအရရော မီဒီယာတွေက ပိုမိုဖော်ပြလာနေကြပါပြီ။

Huang ရဲ့ မိသားစုနဲ့ AMD CEO Lisa Su ဆက်သွယ်မှုအကြောင်းကို ပြန်ကောက်ရမယ်ဆိုရင် နှင့် ၂၀၂၀ခုနှစ်လောက်ကဆိုရင် သူတို့ဟာ အလွန်ရင်းနှီးသောဆွေမျိုးများမဟုတ်ဘူးလို့ ထင်ခဲ့ကြပါတယ်။ ဒီထင်မြင်ချက်ကို အားကောင်းစေတဲ့အကြောင်းက Lisa Su ရဲ့ Masters of Leadership webinar မှာ သူမနဲ့ Huang တို့သည် "အလှမ်းဝေးတဲ့ဆွေမျိုးတွေဖြစ်ကြောင်း ရှုပ်ထွေးတဲ့ ၂ဝမ်းကွဲလိုပုံစံ" လို့ CTA သူဌေး Gary Shapiro ကို ပြောကြားခဲ့တာပါ။ အမှန်က သူတို့ဟာ ဒီထက်ပိုနီးစပ်နေပါလိမ့်မယ်။ အကယ်၍ အခုပြသထားတဲ့မျိုးရိုးစဥ်ဆက်ဇယားသာမှန်ကန်ခဲ့မယ်ဆိုရင် သင့်ရဲ့ဝမ်းကွဲမောင်နှမတစ်ယောက်မှာ ကလေးတစ်ယောက်ရှိတယ်ဆိုပါစို့ ဒါဟာ Huang နှင့် Su တို့ရဲ့ အခြေခံတော်စပ်ပုံဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ အတော်နီးစပ်တဲ့ ဆွေမျိုးတွေဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

Dr. Lisa Su အနေနဲ့ သူမမိသားစုရဲ့ ဆွေမျိုးတွေဟာ ရေမြေခြားပြီးရှုပ်ထွေးလှတာကြောင့် သူမမိသားစုရဲ့ အဆက်အနွယ်တွေကို ဘယ်လောက်နီးစပ်တယ် (ဒါမှဟုတ်) ဝေးကွာတယ်လို့ ခံစားရနိုင်ပါတယ်။ မှတ်သားစရာအနေနဲ့ Jensen Huang ရဲ့ အဖိုး (Su ရဲ့ အဘိုး) မှာ အနည်းဆုံး ကလေး ၁၂ ယောက်ရှိခဲ့ပြီး ၎င်းသည် မျိုးရိုးစဥ်ဆက်ဇယားမှာ မထည့်မသွင်းနိုင်တဲ့ ဝမ်းကွဲများစွာရှိပါလိမ့်မယ်။ ဒါ့အပြင် Huang ရဲ့ မိသားစုဟာ သူလေးနှစ်သားအရွယ်မှာ အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်ဆိုတာ သိရပါတယ်။ အလားတူ Dr. Lisa Su ရဲ့ မိသားစုဟာလည်း သူမအသက်သုံးနှစ်အရွယ်မှာ အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့တာပါ။ ဒါဟာ မှတ်တမ်းတင်ဖို့ခက်ခဲတဲ့ ဆွေမျိုးအများဖြစ်စေရုံသာမက ငယ်စဥ်အချိန်မှာ ဆွေမျိုးတွေအများအပြား ပထဝီဝင်အနေအထားအရ ပြန့်ကျဲခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဒီတော့ Nvidia ရဲ့ CEO Jensen Huang နဲ့ AMD ရဲ့ CEO Dr. Lisa Su တို့ရဲ့ တော်စပ်ပုံကို ဘယ်လိုဖော်ပြမလဲ။ အင်္ဂလိပ်ပုံစံ မိသားစုဆက်နွယ်မှုဝေါဟာရမှာဆိုရင် Dr. Lisa Su အနေနဲ့ Jensen Huang ဟာ သူမရဲ့ နှစ်ဝမ်းကွဲဦးလေးလို့ ပြောနိုင်ပါတယ်။ သို့ပေမယ့် မန်ဒရင်းတရုတ်နှင့် ထိုင်ဝမ်ဟော့ကင်းဘာသာစကားမှာ ဆွေမျိုးတွေဟာ အင်မတန်ရှုပ်ထွေးပြီး မျိုးရိုးစဥ်ဆက်ဇယားရဲ့ အကိုင်းအခက်၊ ကျား၊ မ၊ မွေးစဥ်စတဲ့ အပေါ် တွေအပေါ်မူတည်ပါတယ်။

မီဒီယာတွေက Jensen Huang နဲ့ Lisa Su တို့ရဲ့ မိသားစုဆက်ဆံရေးကို အတည်ပြုခဲ့ပါတယ်။ CEO နှစ်ဦးစလုံးဟာ သူတို့ရာထူးများကို အမွေဆက်ခံခြင်းမရှိခဲ့ပဲ သူတို့ရဲ့ အောင်မြင်မှုကို ရရှိဖို့အရမ်းကို ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ သူတို့ဟာ လူအများအတွက် အတုယူစရာတစ်ခုဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့၊ တရုတ်ဘာသာစကားမီဒီယာတင်ပြတဲ့ ဒီမျိုးရိုးစဥ်ဆက်ဇယားဇာတ်လမ်းကို ကြည့်ရတာ ကြည်နူးစရာပါပဲ။ အချို့သော သတင်းတွေမှာတော့ အခုအခါ "AI ၏ ခေါင်းကိုင်ဖခင်ကြီးနှင့် ... ဆီမီးကွန်ဒတ်တာဘုရင်မ" အကြား စစ်မှန်တဲ့ဆွေမျိုးတော်စပ်ပုံကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တင်ပြနေကြပါတယ်။

Source: Tom's Hardware

#EnThueTech
#News

Post a Comment

0 Comments