![]() |
Image: Tom's Hardware |
Tiny11 ကို ဖန်တီးတဲ့ NTDEV ဟာ live11 ဆိုတဲ့ Windows 11 live DVD ကိုထုတ်ပေးလိုက်ပါတယ်။ ဒီ Windows 11 live DVD ဟာ RAM ပေါ်မှာသာအလုပ်လုပ်မှာဖြစ်ပြီး ဖိုင်အရွယ်အစားက DVD တစ်ချပ်စာထက်ကိုသေးငယ်မှာဖြစ်ပါတယ်။
Live11 ဟာ ယခင် Windows live CD တွေလိုပဲ ISO ကို DVD အဖြစ် burn နိုင်သလို USB မှာလည်းတင်ထားနိုင်ပါတယ်။ Live11 ကိုအသုံးပြုပြီး သင့်အနေနဲ့ အပြည့်အဝအလုပ်လုပ်တဲ့ Windows 11 ကို troubleshoot လုပ်တာ၊ ဒေတာတွေပြန်ဆယ်တာ၊ ဗိုင်းရပ်စ်တွေရှင်းတာ သို့ အခြားအလုပ်တွေလုပ်နိုင်မှာပါ။
Live11 ကို အောက်ပါလင့်ကနေရယူနိုင်ပါတယ် သို့ပေသော်ငြား သူ့မှာအချို့အကန့်အသတ်တွေရှိပါတယ်။
- Live11 ကသုံးတာ 4GB မပြည့်ပေမယ့် Memory အနည်းဆုံး 8GB လိုအပ်ပါတယ်။
- UEFI နဲ့ GPT partition မှာ အလုပ်မလုပ်ပါဘူး
- Virtual Machine ပေါ်မှာစမ်းမယ်ဆိုရင် VMware နဲ့ Hyper-V သာအလုပ်လုပ်ပါတယ်။ (VirtualBox ဆိုရင် boot မှာတင်ရပ်နေမှာပါ)
Source: Neowin
#EnThueTech
#News
#Windows
0 Comments