Subscribe Us

header ads

Sega မှ Angry Birds ဖန်တီးသူ Rovio ကို ဒေါ်လာ ၇၇၆သန်းဖြင့် ဝယ်ယူမည်


ဂျပန်နိုင်ငံက Sega Sammy Holdings Incorporated ဟာ Angry Birds ဂိမ်းတွေဖန်တီးတဲ့ ဖင်လန်အခြေစိုက် Rovio Entertainment Oyj ကို ဒေါ်လာ ၇၇၆ သန်းနဲ့ အပြီးသတ်ဝယ်ယူတော့မယ်လို့ကြေညာလိုက်ပါတယ်။ Helsinki အခြေစိုက်ဒီကုမ္ပဏီဟာ Sega ရဲ့ စည်းကမ်းချက်တွေကိုသဘောတူခဲ့ပြီးနောက် Rovio ရဲ့ ရှယ်ယာတန်ဖိုးတွေမြင့်တက်လာခဲ့ပါတယ်။ အခုသဘောတူညီချက်ဟာ ဒီနှစ်နွေရာသီ သို့ ဆောင်းဦး‌အစောပိုင်းမှာ အပြီးသတ်ဖို့မျှော်လင့်ထားပြီး Sega အနေနဲ့ မိုဘိုင်းလ်ဂိမ်းလောကမှာ ထင်ပေါ်ကျော်ကြားလိုတဲ့ရည်မှန်းချက်ကိုပြသနေပါတယ်။ Rovio အနေနဲ့ ယခင်လက အစ္စရေးအခြေစိုက် ဒစ်ဂျယ်တယ်ဖျော်ဖြေရေးကုမ္ပဏီ Playtika က ဒေါ်လာ ၇၃၅သန်းနဲ့ဝယ်ယူဖို့အဆိုပြုချက်ကိုပယ်ချခဲ့ပါတယ်။



Angry Birds ဂိမ်းတွေဟာ အကြိမ်တစ်ဘီလီယံဒေါင်းလုဒ်ရခြင်းခံရတဲ့ ပထမဆုံးမိုဘိုင်းလ်ဂိမ်းဖြစ်တယ်လို့ Rovio ကဆိုထားပါတယ်။ ဒါကြောင့် Sega ရဲ့ဝယ်ယူမှုဟာ ခိုင်မာတဲ့ဉာဏဆိုင်ရာမူပိုင်ခွင့်ဖြစ်ပြီး ကာတွန်းရုပ်ရှင်၂ကားအပါအဝင် အဝတ်အထည်နှင့်အခြားပစ္စည်းများကြောင့် မဆုံးနိုင်တဲ့ဝင်ငွေရလမ်းတွေရှိလာမှာပါ။


Sega နဲ့ Rovio တို့ရဲ့အားသာချက်‌တွေပေါင်းစပ်မှုဟာ မယုံနိုင်လောက်‌အောင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အနာဂတ်ဖြစ်လာပါလိမ့်မယ်။

Source: Techpowerup

#EnThueTech
#News

Post a Comment

0 Comments