Subscribe Us

header ads

Elon Musk မှ TruthGPT ဆိုသည့် AI ပရောဂျက်ကိုအတည်ပြုပြီး GPU အများအပြားအသုံးပြုသွားမည်

Image: Fox News

နာမည်ကျော် ဘီလီယံနာ Elon Musk ဟာ Microsoft မှ ထောက်ပံ့ထားတဲ့ Open AI နဲ့ Google Bard ကို ယှဉ်ပြိုင်သွားမယ့် AIပရောဂျက်တစ်ခုကိုတည်ဆောက်သွားဖို့ကြံရွယ်ထားကြောင်းအတည်ပြုပေးခဲ့ပါတယ်။ သူရဲ့ AI အကျိုးတူလုပ်ငန်းဟာ အမှန်တရားကိုရှာဖွေပေးမယ့် AI ဖြစ်ပြီး လက်ရှိ AI ဝန်ဆောင်မှုတွေထက် ပိုမိုဘေးကင်းမှာဖြစ်ပါတယ်။

မိမိအနေနဲ့ စကြာဝဠာကြီးရဲ့ TruthGPT သို့ အမြင့်မားဆုံးအမှန်တရားကိုသာရှာ‌ဖွေမည့် AI အဖြစ်သာခေါ်ဆိုလိုကြောင်း Fox News မှ Tucker Carlson နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းကဆိုပါတယ်။ "ဒါကအမှန်တကယ်ဆိုနောက်တောင်ကျနေပါပြီ ဒါပေမယ့် မိမိအနေဖြင့် တတိယရွေးချယ်စရာတစ်ခုကိုဖန်တီးဖို့ကြိုးပမ်းမှာပါ။ AI ဟာ ဒီဇိုင်းဖန်တီးတာ ဒါမှမဟုတ် ပြုပြင်ထိန်းသိမ်းတာမကောင်းတဲ့ လေယာဉ် ဒါမှမဟုတ် ဆိုးရွားကားထုတ်လုပ်တာတွေထက်ကို ပိုပြီးအန္တရာယ်များတယ်" လို့ဆိုပါတယ်။

Elon Musk အနေနဲ့ သူရဲ့ AI ပရောဂျက်အကြောင်း အခြားအသေးစိတ်ကိုအင်တာဗျူးမှာဖော်ပြခြင်းမပြုပေမယ့် OpenAI အပေါ် Microsoft ရဲ့ အခွင့်အာဏာနဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းကနေ ဖယ်ခွာသွားခြင်းအပေါ်စိုးရိမ်မကင်းဖြစ်မိကြောင်းမျှဝေခဲ့ပါတယ်။

Elon Musk ရဲ့ AI အကျိုးတူလုပ်ငန်းဟာ အခြားစီးပွားရေးတွေနဲ့သီးခြားရပ်တည်မယ်လို့ယူဆရပါပြီး သူ့ရဲ့ စီးပွားရေးအင်ပါယာရဲ့ ဘယ်လိုနေရာမှာရှိမလဲ‌ဆိုတာမသိနိုင်သေးပါဘူး။ အခုချိန်ထိ အတည်မပြုနိုင်တဲ့အရင်းအမြစ်တွေအရ language model ကိုလေ့ကျင့်ဖို့ Twitter ကိုအသုံးပြုနိုင်ပြီး Tesla ရဲ့ computing အရင်းအမြစ်တွေကိုသုံးလာနိုင်တယ်လို့ဆိုပါတယ်။

AI လုပ်ငန်းသစ်ကိုတည်‌ ဆောက်ဖို့အတွက် Elon Muskအနေနဲ့ နာမည်ကြီးကုမ္ပဏီတွေထံက AI အင်ဂျင်နီယာတွေကိုခေါ်ယူထားသလို ထိပ်သီးAI ကျွမ်းကျင်သူဒါဇင်ခန့်ရှိနှင့်ပြီးဖြစ်ပါတယ်။ အစောပိုင်းက Elon Musk ၏ AI ပရောဂျက်အတွက် Nvidia compute GPU တစ်သောင်းခန့်(Nvidia A100 သို့ H100)ကို ရယူပြီးဖြစ်တာမို့ ဒေါ်လာသန်းရာချီသုံးစွဲထားပြီးဖြစ်ကြောင်းသိနိုင်ပါတယ်။ ထိုစဉ် Elon Musk အနေဖြင့် AI ပရောဂျက်အတွက် ငွေကြေးထောက်ပံ့မှုနဲ့ပက်သတ်ပြီး SpaceX နှင့် Tesla ရင်းနှီးမြုပ်နှံသူတွေနဲ့ဆွေးနွေးနေကြောင်း Financial Times သတင်းအရသိရပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#AI

Post a Comment

0 Comments