![]() |
Image: Adobe Stock |
Microsoft ရဲ့ DirectX developer တွေဟာ DirectStorage 1.2 ကိုထုတ်ပြန်လိုက်ပါတယ်။ ဒီဗားရှင်းမှာ HDD တွေလို နှေးကွေးတဲ့ storage တွေအတွက် မြန်ဆန်စေမယ့် ကြားခံ IO mode တစ်ခုထည့်သွင်းလာပါတယ်။ နောက်ထပ်ချိန်ညှိမှုတစ်ခုက developer တွေအနေနဲ့ decompression လုပ်ခြင်းကိုစောင့်ကြည့်လို့ရလာပါတယ်။ နောက်ဆုံးတစ်ခုက GPU decompression စွမ်းဆောင်ရည်တိုးတက်လာဖို့ intelligence switch ပါဝင်လာခြင်းနဲ့ bug fix တွေအများအပြား ပါဝင်လာတာပါ။
DirectStorage အကြောင်းပြောရမယ်ဆိုရင်ဖြင့် သူက Xbox နည်းပညာတစ်ခုဖြစ်ပြီး GPU က game asset တွေကို တိုက်ရိုက်ကိုင်တွယ်နိုင်တာပါ။ အစောပိုင်းမှာ ဒီနည်းပညာအတွက် မြန်ဆန်တဲ့ SSD တွေလိုအပ်ခဲ့ပေမယ့် version 1.2 မှာတော့ HDD တွေမှာပါအသုံးပြုနိုင်အောင်ဆောင်ရွက်လာခဲ့ပါတယ်။![]() |
Image: Microsoft |
ဒီအတွက် DirectStorage 1.2 ဟာ အလွန်မြန်ဆန်တဲ့ SSD တွေရော HDD တွေကိုပါကိုင်တွယ်နိုင်ပြီပဲဖြစ်ပါတယ်။ ယခင် version မှာတုန်းက GPU ကနေဒေတာတွေအမြန်ဆုံးရရှိစေဖို့ unbuffered mode ကိုအသုံးပြုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အခုဆိုရင်တော့ DirectStorage မှာ HDD တွေရဲ့ seek time အချိန်ကြာမြင့်မှုကိုကုစားဖို့ရာ buffered mode ကိုသုံးပြီးကုစားပေးနိုင်ပါပြီ။ Microsoft မပြောပြခဲ့တာတစ်ခုရှိပါတယ် ဒါကတော့ ဒီ feature ကိုသုံးမယ်ဆိုရင် memory အသုံးပြုမှုပိုများလာနိုင်တယ်ဆိုတာပါ။
နောက်ထပ် DirectStorage 1.2 မှာ အဓိကပါဝင်တဲ့ဒုတိယအချက်ကတော့ developer တွေအတွက်ပါ။ သူက developerတွေအနေနဲ့ decompression လမ်းကြောင်းတွေကို ပိုမိုနားလည်အောင်ဖန်တီးထားတဲ့ GetCompressionSupport APIဖြစ်ပါတယ်။ developer တွေအနေနဲ့ သူ့ကိုကောင်းကောင်းနာလည်မယ်ဆိုရင် texture resolution ဆက်တင်ကိုပိုကောင်းအောင်ဖန်တီးနိုင်ပါလိမ့်မယ်။
Source: Tom's Hardware
#EnThueTech
#News
0 Comments