![]() |
Image: Peter Summers/Getty Images |
"ဒီကိစ္စအပေါ် အစိုးရတွေကို အကြံပြုထားပြီးဖြစ်တယ်"လို့ သူကဆက်ပြောပါတယ်။ "သိတယ်မလား သူတို့က ဗက်ဂ်နာအဖွဲ့၊ ရုရှားထောက်လှမ်းရေးတွေဖြစ်ပြီး ဂိမ်းအသိုင်းအဝန်းတွေကိုအသုံးချပြီး အချက်အလက်တွေဝေမျှဖို့လုပ်နေတာပါ။ ခုလိုဖြစ်တဲ့ကိစ္စမှာ Minecraft နဲ့သက်ဆိုင်တဲ့ Discord ချန်နယ်တွေ အခြားဂိမ်းအသိုင်းအဝန်းတွေလည်းပါဝင်တယ်" လို့သူကဆိုပါတယ်။
ဗက်ဂ်နာအဖွဲ့ (Wagner Group)ဆိုတာ ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုရှားသမ္မတပူတင်ရဲ့ မဟာမိတ်တစ်ဦးကတည်ထောင်ထားတာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ရုရှားအစိုးရနဲ့နီးကပ်စွာလုပ်ဆောင်နေပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန သို့ ရုရှားထောက်လှမ်းရေး GRU ရဲ့ တရားဝင်မဟုတ်သော်ငြား ပေါင်းစပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
"ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ဝါဒဖြန့်ချီမှုနဲ့ အချက်အလက်မှားတွေကိုဖြန့်နိုင်တာကြောင့် ဒီလိုဂိမ်းအသိုင်းအဝိုင်းကိုထိုးဖောက်ဝင်ရောက်လာတာကိုတားဆီးဖို့အရေးကြီးတယ်"လို့ Smith ကဆိုပါတယ်။ ဒါဟာ Call of Duty ဂိမ်းကစားနေသလိုမဟုတ်ပဲ လက်တွေ့ဘဝမှာ အသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေနိုင်တယ်လို့သူကဆိုပါတယ်။
![]() |
Image via BBC |
အမေရိကန်ထောက်လှမ်းရေးသတင်းအချက်အလက်အမြောက်အများ Minecraft Discord ဆာဗာမှာ မျှဝေခဲ့ရာက Twitter၊ 4chan နဲ့ Telegram တွေမှာ ပြန့်နှံ့သွားခဲ့တဲ့သတင်းတွေထွက်ပေါ်လာခဲ့အပြီး မကြာခင် Smith ရဲ့ကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါထောက်လှမ်းရေးအချက်အလက်တွေမှာ ယူကရိန်းအပေါ်အမေရိကန်ရဲ့အကူအညီတွေနဲ့ အာဖရိကတိုက်မှာ ဗက်ဂ်နာအဖွဲ့ရဲ့စစ်ဆင်ရေးတွေအကြောင်းပါရှိပါတယ်။ ဒါတင်မက အစ္စရေး၊ ယူအေအီးနဲ့ တောင်ကိုးရီးယားနိုင်ငံတွေရဲ့ လှို့ဝှက်အချက်အလက်တွေလည်းပါဝင်ပါတယ်။
#EnThueTech
#News
#Gaming
0 Comments