Subscribe Us

header ads

Full-Frame Sensor တပ်ဆင်လာသည့် DJI Inspire 3

Image: DJI

အရပ်ဖက်သုံး ဒရုန်းတွေဟာ နှစ်စဉ်သေးငယ်ကျစ်လစ်လာကြပေမယ့် ရုပ်ရှင်ထုတ်လုပ်ရေးတွေအတွက်ဒရုန်း‌ တွေကတော့ အရွယ်အစားကြီးမားနေကြတုန်းပါပဲ။ နာမည်ကျော်ဒရုန်းထုတ်လုပ်သူ DJI ဟာ ထွက်ရှိတာအချိန်အ‌တော်ကြာပြီဖြစ်တဲ့ သူတို့ရဲ့ DJI Inspire 2 နေရာမှာ အစားထိုးဖို့ Inspire 3 ကိုပြသလိုက်ပြီဖြစ်ပါတယ်။

Inspire 3 ရဲ့ အခြေခံပုံစံနဲ့ စတိုင်က Inspire 2 ကိုအခြေခံထားပါတယ်။ ၂မျိုးစလုံးဟာ ပန်ကာ ၄လက်ပါတဲ့ quadcopter ပုံစံ၊ အောက်ခြေမှကင်မရာတပ်ဆင်ထားပုံနဲ့ ခေါက်သိမ်းလို့ရတဲ့ခြေထောက်တွေပါဝင်ပါတယ်။ ကျောပိုးအိတ်ထဲအလွယ်တကူသယ်လို့ရတဲ့ Mavic 3 Cine လို gimble ကို ဒရုန်းရဲ့ထိပ်ဘက်အစား အောက်ခြေမှာတပ်ဆင်ထားတာမို့ ၃၆၀°ကို မြင်ကွင်းရှင်းရှင်းနဲ့ကြည့်နိုင်ပါတယ်။

Image: DJI

မီးခိုးရောင်မဂ္ဂနီဆီယမ်ကိုယ်ထည်၊ ကာဗွန်ဖိုက်ဘာခြေထောက်နဲ့ Inspire 3 ပုံစံကအရင်နဲ့ဆင်တူတယ်ဆိုပေမယ့် ကိုယ်ထည်ပိုမိုပေါ့ပါပြီး ကြာကြာပျံသန်းနိုင်စေဖို့ တည်ဆောက်ထားတာကြောင့် efficiency ၂၀% ပိုမိုတိုးတက်လာပါတယ်။ Inspire 3 အနေနဲ့ အမြင့်ဆုံးလေမိုင် ၅၈.၄မိုင်နဲ့ ပျံသန်းချိန် ၂၈ မိနစ်ရှိမှာဖြစ်ပါတယ်။ အတားအစီးတွေကိုရှောင်ကွင်းနိုင်တဲ့စနစ်လည်းပါဝင်ပါတယ်။

Image: DJI

ကင်မရာပိုင်းမှာဆိုရင် Inspire 3 မှာ Zenmuse X9-8K Air Gimble ပါဝင်ပြီး နာမည်ထဲကအတိုင်း 8K ဗီဒီယိုကိုအထောက်အပံ့ပေးမှာဖြစ်ကာ CinemaDNG format နဲ့ဆို 24/25fps၊ Apple ProRes Raw နဲ့ဆိုရင် 75fps slow-motion ကို ရရှိမှာပါ။ X9 ကင်မရာက ဖြုတ်တပ်လို့ရတဲ့ lens တွေ mount တွေကိုအထောက်အပံ့ပေးပြီး DJI ရဲ့ DL Lens အပြင် နာမည်ပိုရှိတဲ့ Sony ရဲ့ E mount lens တွေကိုပါအသုံးပြုနိုင်ပါတယ်။ DJI က DL prime lens ၄ခုလောက်ထုတ်ထားပေမယ့် E-mount မှာက ရွေးချယ်စရာပိုမိုများပြားပါတယ်။ Lens တွေအပြင် DJI Cinema Color System DCCS နဲ့ CinemaDNG format က color ချိန်ဖို့အကောင်းဆုံးဖြစ်စေမှာပါ။

Image: DJI

Inspire 3 ကို အော်ပရေတာတစ်ယောက်တည်းကနေ ကိုင်တွယ်အသုံးပြုနိုင်သလို crew တွေနဲ့ အဖွဲ့သား၂ဦးအတွက်လည်း feature တွေအပြည့်ထည့်သွင်းပေးထားပါတယ်။ ဒရုန်းမှာ မြင်ကွင်းကျယ် ညကြည့်ကင်မရာ ဘယ်လိုနေရာမဆို ဘေးကင်းစွာမောင်းနှင်နိုင်မှာဖြစ်ပြီး ကင်မရာ အော်ပရေတာအနေနဲ့ Zenmuse X9 ကပုံရိပ်တွေကို အပြည့်အဝအာရုံစိုက်ရိုက်ကူးနိုင်ပါတယ်။ ဒရုန်းမှာ receiver အများအပြားကို လွင့်နိုင်တာမို့ ဒါရိုက်တာအနေနဲ့ လုပ်ရှားမှုအားလုံးကိုကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

Inspire 3 မှာ အကူမပါတဲ့ အော်ပရေတာတွေအတွက် အလိုအလျောက်ရိုက်ကူးနိုင်ပါသေးတယ်။ ကြိမ်ဖန်များစွာပျံသန်းဖို့ လမ်းကြောင်းတွေသတ်မှတ်ထားနိုင်သလို ကြိုးဆိုင်းကင်မရာလိုပုံစံဖြစ်အောင်တုပနိုင်တဲ့ virtual dolly လည်းပါဝင်ပါတယ်။ အရာဝတ္တူတစ်ခုတည်းကိုလိုက်လံရိုက်ကူးနိုင်တဲ့စနစ်ပါဝင်လို့ အော်ပရေတာတစ်ယောက်တည်းက ပျံသန်းရေးခလုတ်တွေကိုအာရုံစိုက်နိုင်စေမှာပါ။


DJI Inspire 3 ကို $16,499 နဲ့ ဇွန်လကုန်မှာစတင်ရောင်းချမှာဖြစ်ပါတယ်။ ဒီဈေးနှုန်းမှာဆိုရင် ဒရုန်း၊ X9-8K ကင်မရာ၊ RC Plus controller၊ ဘက်ထရီ ၆ခု၊ charging hub၊ 1TB SSD၊ case နဲ့ အခြားအရာတွေပါဝင်ပါတယ်။ Lens ကတော့ ပါဝင်မှာမဟုတ်ပဲ DJI DL prime lens တွေက $1200~1300 လောက်ရှိနိုင်ပါတယ်။

Source: PCMag

#EnThueTech
#News
#Drones

Post a Comment

0 Comments