Handheld Gaming ကွန်ပြူတာတွေမှာ Windows 11 ကိုအဆင့်သင့်တင်ပြီးသားတွေများပြားလာတဲ့အလျောက် Microsoft ဟာ ဒီလို စက်တွေအတွက် စမ်းသပ်မှုတွေကိုပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် Windows 11 ဟာ မျက်နှာပြင်သေးငယ်ပြီး ခလုတ်တွေပါဝင်တဲ့ စက်တွေအတွက်မဟုတ်တာကို Microsoft အနေနဲ့သတိပြုမိလာပါတယ်။ Twitter ကနေ ပေါက်ကြားလာတဲ့ သတင်းတွေအရ Microsoft ဟာ ရုံးတွင်းမှာသာကျင်းပတဲ့ Hackathon ပရောဂျက်တစ်ခုကို ပြီးခဲ့တဲ့နှစ်စက်တင်ဘာလမှာပြုလုပ်ခဲ့ပါတယ်။
ပေါက်ကြားမှုအရ Windows Handheld Mode ဆိုတဲ့ ပရောဂျက်တစ်ခုလို့သိရပါတယ်။ သူက Windows 11 ရဲ့ desktop interface ကို gaming shell interface အသစ်တစ်ခုနဲ့ပြောင်းလဲလိုက်ပြီး ဂိမ်းတွေဖွင့်တာ၊ ဂိမ်းခလုတ်တွေအသုံးပြုပြီး navigate လုပ်ရလွယ်အောင်လုပ်ပေးတာတွေပါဝင်ပါတယ်။
Microsoft အနေနဲ့ handheld gaming အတွက် စမ်းသပ်မှုတွေပြုလုပ်နေတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လက်ရှိမှာ Hackathon ပရောဂျက်မှာသာရှိနေပေမယ့် နောက် Windows update တွေမှာပါဝင်လာဖို့ မျှော်လင့်ရပါတယ်။ Handheld Gaming ကို OEM တွေအနေနဲ့မျက်စိကျလာပုံရပြီး Asus ကလည်ူ သူတို့ရဲ့ ROG Ally ကိုမကြာသေးခင်ကပဲကြေညာခဲ့တာကြောင့် Windows Handheld Mode ဟာ အသုံးဝင်လာမယ့် feature ဖြစ်လာပါလိမ့်မယ်။Source: Windows Central
#EnThueTech
#News
#Windows
0 Comments