RTX 4070 ကို မိတ်ဆက်မှုနဲ့အတူ Video Lan Organization ဟာ သူတို့ရဲ့နောက်ဆုံးထွက် VLC Media Player မှာ RTX Video Super Resolution ကိုအထောက်အပံ့ပေးမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ နာမည်အကျော်ကြားဆုံး media player ကနေ အထောက်အပံ့ပေးလာတာကြောင့် သတင်းကောင်းလို့ဆိုနိုင်ပါတယ်။ RTX Video Super Resolution ကို ယခင်က Chrome နဲ့ Edge browser တွေမှာအထောက်အပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ VLC မှာ RTX Video Super Resolution ကိုအသုံးပြုဖို့ RTX 30 သို့ 40 Series GPU နဲ့ နောက်ဆုံးထွက် VLC version 3.0.18 ကိုသွင်းထားရမှာပါ။ VSR ကိုဖွင့်ဖို့ရာ NVIDIA driver ရဲ့ Adjust Video Image Settings ထဲက RTX video enhancement ကို အမှန်ခြစ်ပေးဖို့ရာလိုအပ်ပါတယ်။ VSR Quality ကို အဆင့်၄ခုနဲ့ရွေးချယ်နိုင်ပါတယ်။ VSR ကိုဖွင့်ထားတဲ့အခါ Tensor Core တွေကိုအသုံးပြုမှာမို့ ပါဝါစားသုံးမှုမဆိုစလောက်တိုးလာမှာဖြစ်ပြီး quality မြင့်လေလေ ပါဝါစားတာပိုများလေဖြစ်ပါတယ်။
Source: wccftech#EnThueTech
#News
#Software
0 Comments