![]() |
Image: Sina Finance |
ပြီးခဲ့တဲ့အပတ်ကတရုတ်နိုင်ငံ Henan ပြည်နယ် Hebi မှာ ကျင်းပတဲ့ပွဲမှာ ချစ်ပ်ဖန်တီးသူ Loongson ဟာ 3D5000 ဆိုတဲ့ processor ကိုကြေညာလိုက်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ တတိယမြောက် LoongArch instructions သုံး processor လည်းဖြစ်ပါတယ်။ LoongArch ဟာ RISC-V သို့ MIPS လို RISC ISA တစ်မျိုးဖြစ်ကာ တိုင်းတပါးနည်းပညာတွေကို မှီခိုမှုလျော့နည်းအောင်ဖန်တီးထားတာပဲဖြစ်ပါတယ်။
Loongson အနေနဲ့ ၂၀၂၁ခုနှစ် ဇူလိုင်လ မှာ Quad Core processor ဖြစ်တဲ့ 3A5000 ကိုစတင်ကြေညာခဲ့ပြီး ၂၀၂၀ခုနှစ်ဇွန်လမှာ 16 Core processor 3C5000 ကိုကြေညာခဲ့ပါတယ်။ 3D5000 ဟာဆိုရင် 3C5000 core complex ၂ခုကို IO die တစ်ခုနဲ့ချိတ်ဆက်ထားတာလို့ဆိုနိုင်ပါတယ်။ 3D5000 ရဲ့ process node ကိုမသိရပေမယ့် SMIC က ဖန်တီးပေးထားတာလို့သိရပါတယ်။
![]() |
chapuzasinformatico (@elchapuzas) |
ဒေတာစင်တာတွေအတွက် ရည်ရွယ်ထားတဲ့ 3D5000 မှာ LA64 core တွေကိုအသုံးပြုထားကာ အမြန်နှုန်း 2 GHz နဲ့ core complex ၂ခုကြားမှာ 64MB L3 Cache ကချိတ်ဆက်ထားပါတယ်။ သူက DDR4-3200 ECC memory နဲ့ HyperTransport interface ၅ခုလည်းပါဝင်ပါတယ်။ TDP က 300W အထိရှိပြီး load အများစုမှာ 150W သာသုံးစွဲမယ်လို့ Loongson ကဆိုပါတယ်။
Loongson အနေနဲ့ 3D5000 အတွက် ကိုယ်ပိုင် socket ဖြစ်တဲ့ LGA 4129 ကိုဖန်တီးထားပြီး 128 Core အထိရမယ့် dual-socket နဲ့ quad-socket တွေချိတ်ဆက်ဖို့ 7A2000 ဆိုတဲ့ special controller ကိုလည်းဖန်တီးထားပါတယ်။
လက်ရှိမှာ 3D5000 ရဲ့စွမ်းဆောင်ရည်ကဘယ်လောက်ရှိမလဲဆိုတာမှန်းရခက်ပါတယ်။ Loongson ကတော့ SPEC CPU 2006 integer benchmark မှာ 425 point ရှိတယ်လို့ဆိုပြီး ၆နှစ်လောက်ကြာနေပြီဖြစ်တဲ့ 32 core AMD Eypc 7601 က 1170 မှ 1210 points အထိရှိလို့ Loongson ထက် ၂ဆခွဲလောက်ပိုမြန်ပါတယ်။
Loongson အနေနဲ့ တရုတ်စစ်ဘက်ကို processorတွေရောင်းချခဲ့တာကြောင့် ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စုရဲ့ အမည်မည်းစာရင်းထဲပါဝင်လာခဲ့ပါတယ်။ ဒီအတွက် Loongson နဲ့ သူ့ရဲ့မိတ်ဖက် SMIC ဟာ အမေရိကန်စက်ပစ္စည်း သို့ အမေရိကန်ပစ္စည်းအသုံးပြုတဲ့မိတ်ဖက်ကုမ္ပဏီတွေကနေ ချစ်ပ်ထုတ်လုပ်ရေးစက်ပစ္စည်းတွေ ဝယ်ယူလို့ရနိုင်တော့မှာမဟုတ်ပါဘူး။
Source: TechSpot and Tom's Hardware
0 Comments