Subscribe Us

header ads

ကိုယ်တိုင်ခေါက်ချိုးတပ်ဆင်ရမည့် POC Mini-ITX Tower Case ကို In Win မှမိတ်ဆက်


Source: In Win

ထိုင်ဝမ်အခြေစိုက် နာမည်ကျော်ကွန်ပြူတာဆက်စပ်ပစ္စည်းထုတ်လုပ်သူ In Win Development Inc. ဟာ သူတို့ရဲ့ iBuildiShare စီးရီးထဲက နောက်ဆုံးထွက်ခေါက်ချိုးတပ်ဆင်ရမယ့် Foldable POC Mini-ITX Tower ကို မိတ်ဆက်လိုက်ပါတယ်။

Source: In Win


Source: In Win

DIY PC Builder တွေအနေနဲ့ ဒီ Mini-ITX modular kit ကို ဂျပန်စက္ကူခေါက်တဲ့ origami လို ခေါက်ပြီးတပ်ဆင်ရမှာဖြစ်ပါတယ်။ Origami လိုဆိုပေမယ့် builder တွေဟာ စက္ကူအစား 0.8mm အထူရှိပြီး SECC စံနှုန်းနဲ့ထုတ်လုပ်ထားတဲ့ steel panel တွေကို ခေါက်ရမှာဖြစ်ပါတယ်။ ဒီလိုခိုင်ခံပြီးပေါ့‌ပါးတာကြောင့် အကွေးအညွှတ်တွေကိုခံနိုင်ရည်ရှိမှာဖြစ်ကာ ထုတ်ပိုးတင်ပို့ရတာလွယ်ကူပြီး သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်မှုနည်း‌စေမှာဖြစ်ပါတယ်။
Source: In Win

သူရဲ့ထုတ်ပိုးမှုကသေးငယ်ပေမယ့် POC ဟာ 160mm အထိရှိတဲ့ ATX Power Supply တွေနဲ့ 346mm အရှည်နဲ့ 82mm အကျယ်ရှိတဲ့ graphics card ကိုလည်းအထောက်အပံ့ပေးနိုင်ပါတယ်။ သီးခြားအကန့်ဟာလည်း graphics card ကထွက်လာတဲ့အပူတွေကို ကန့်သတ်ထားပေးနိုင်သလို သူ့အတွက် အထူးဖန်တီးထားတဲ့ PCI-Express 4.0 riser cable လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Source: In Win

Source: In Win

POC ရဲ့ side panel က တြိဂံပုံစံ လေပေါက်တွေဟာ အသုံးပြုသူတွေကို လိုအပ်သလို ချိန်ညှိခွင့်ပေးမှာဖြစ်ပြီး cooling ပိုင်းအတွက် In Win LUNA AL 120 ARGB fan လည်းတစ်ပါဝာည်းပါဝင်ပါတယ်။ ဒီ case ရဲ့ ဈေးနှုန်းက $95 နဲ့ In Win ဝက်ဘ်စတိုးကနေ ရောင်းချပေးနေပြီး အရောင်တွေက အပြာ/အနက် နဲ့ အစိမ်း/အဝါ ဆိုပြီး ၂မျိုးစပ်အရောင်နဲ့ရနိုင်ပါတယ်။

Source: Techpowerup

#EnThueTech
#News



Post a Comment

0 Comments