Subscribe Us

header ads

Windows ရှိ Outlook app တွင် Gmail အကောင့်များကို အထောက်အပံ့ပေးလာ

Image: Future

Microsoft ဟာ feature ‌တွေအများအပြားပါဝင်တဲ့ သူတို့ရဲ့ Windows App အတွက် Outlook အသစ်ကို အသုံးပြုနိုင်ပြီလို့ကြေညာလိုက်ပါတယ်။ ဒီနေ့အသစ်ထွက်ရှိလာတဲ့ Outlook မှာ Gmail အကောင့်တွေအပြင် Gmail calendar နဲ့ contact တွေကိုပါ အပြည့်အဝထောက်ပံ့ပေးလာပါတယ်။

Gmail ကို Outlook မှာ sign in လုပ်နိုင်တာဟာ third-party အကောင့်တွေကိုအထောက်အပံ့ပေးလာတဲ့ ပထမဆုံးခြေလှမ်းဖြစ်တာကြောင့် တကယ့်ကြီးမားတဲ့အရွေ့တစ်ခုဖြစ်ပါတယ်။ ဒီအချိန်မတိုင်ခင်ကဆိုရင် Outlook app ဟာ Microsoft ရဲ့ တကိုယ်ရေသုံးနဲ့ အလုပ်အကောင့်တွေကိုသာအထောက်အပံ့ပေးခဲ့တာပါ။

ကုမ္ပဏီအနေနဲ့ အနာဂတ်မှာ Yahoo နဲ့ iCloud လို အခြား third-party အကောင့်တွေကိုလည်းအထောက်အပံ့ပေးသွားမယ်လို့ဆိုပါတယ်။ နောက်ထပ် feature တွေကတော့ email ရေးသားတဲ့အချိန်မှာ Microsoft Editor အထောက်အပံ့၊ email မှာ poll တွေလုပ်နိုင်တာ၊ email ကို အချိန်တစ်ခု delay လုပ်ပြီးပို့နိုင်တာနဲ့ အခြားအရာတွေဖြစ်ပါတယ်။

Image: Microsoft

အသေးစိတ်ကို အောက်မှာရေးသားထားပါတယ်
  • Rich editing, spelling, and auto complete suggestions powered by Microsoft Editor. 
  • The ability to send emails with polls to help make decisions quicker. (Work and School accounts only) 
  • Delay the delivery of an email for up to 10 seconds so you have a chance to “undo” sending – always an excellent feature if you have a typo or accidentally forgot someone on an  email – or just want to make a few quick changes. 
  • The ability to join a Skype or Teams call directly from the new Outlook for Windows. 
  • The ability to pin important emails to the top of your inbox – helping ensure you don’t forget to follow up on those most important messages.
  • Google calendar support
  • The ability to add multiple shared calendars
  • Supporting multiple time zones
  • Adding daily weather in Calendar view
Microsoft အနေနဲ့ visual နဲ့ personalization option တွေ၊ calendar UI အသစ်၊ offline အထောက်အပံ့နဲ့ native ICS ဖိုင်အထောက်အပံ့အပါအဝင် မကြာခင်ပါဝင်လာမယ့် feature အသစ်တွေကိုလည်းပြသခဲ့ပါတယ်။

Image: En Thue Tech

Outlook app ကို လက်ရှိမှာ Windows Insider အသုံးပြုသာစမ်းသပ်အသုံးပြုလို့ရပါဦးမယ်။ အကယ်၍ သင်က Outlook app အသစ်ကို အသုံးပြုခွင့်ရတဲ့သူဆိုရင် Mail app ရဲ့ အပေါ်ညာဘက်ထောင့် မှာ "Try the new Outlook" ကို enable လုပ်ပေးရမှာဖြစ်ပါတယ်။

Source: Windows Central

#EnThueTech
#News
#Software


Post a Comment

0 Comments