Subscribe Us

header ads

DirectX 12 update တွင် CPU နှင့် GPU မှ VRAM ကိုတစ်ပြိုင်နက်အသုံးပြုခွင့်ရလာ


Microsoft ဟာ Resizable BAR နဲ့တွဲဖက်ထားတဲ့ DirectX 12 GPU Optimization feature အသစ် GPU Upload Heaps ကို ကြေညာလိုက်ပါတယ်၊ ၎င်းဟာ CPU အနေနဲ့ GPU memory ကို အဆက်မပြတ်တိုက်ရိုက်ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ DirectX 12 ဂိမ်းတွေရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်လာစေပြီး CPU ကနေ GPU ကို ဒေတာတွေကူးယူပေးအချိန်ကိုလျော့ကျ‌စေတာမို့ RAM အသုံးပြုတာကိုပါလျော့ကျသွားစေမှာပါ။ ဒီ feature ဟာ Agility SDK မှာပါဝင်လာပြီဖြစ်ပါတယ်။

ဒီ feature ကို လက်တွေ့မှာ ဘယ်လိုအသုံးချလာမလဲဆိုတာမသိနိုင်သေးပါဘူး ဒါပေမယ့် စွမ်းဆောင်ရည်ကသိသိသာသာကွာခြားနိုင်ပါတယ်။ နှစ်စဉ် Graphics တွေရဲ့ memory ပမာဏနဲ့ ဂိမ်းတွေရဲ့ VRAM လိုအပ်မှုကတိုးပွားလာနေပါတယ်။ ဒီအတွက် CPU ဟာ သူနဲ့ GPU အကြား ဒေတာတွေပိုမိုရွေ့ပြောင်းပေးနေရပါတယ်။

ဒီ feature ကြောင့် ဒေတာပေးပို့တာကိုလျော့ချနိုင်တာမို့ ဂိမ်းတွေရဲ့ RAM နဲ့ CPU အသုံးပြုမှုလည်းလျော့ကျသွားမှာဖြစ်ပါတယ်။ ဘာလို့လည်းဆို CPU အနေနဲ့ GPU နဲ့တုန့်ပြန်ဖို့ရာ အချက်အလက်တွေကို RAM နဲ့ GPU ရဲ့ VRAM ပေါ်ကူးတင်စရာမလိုအပ်တော့ပါဘူး။ အပိုဆောင်းရလဒ်က ယနေ့ခေတ်ပေါ် GPU memory တွေဟာ အလွန်လျင်မြန်လာတာကြောင့် GPU အတွက်သီးသန့် အချက်အလက်တွေထားစရာမလို‌တဲ့အတွက် latency ပိုင်းကိုပါ ထိခိုက်စေတော့မှာမဟုတ်ပါဘူး။ ဒီလိုနဲ့ အလွန်လျင်မြန်တဲ့ VRAM ရှိတဲ့ အမြင့်ပိုင်း GPU တွေမှာ CPU access time တိုးတက်လာပြီး latency အတော်နည်းသွားပါလိမ့်မယ်။

ဂိမ်းမာတွေအတွက်က Resizable BAR သို့ Smart Access Memory ကိုအထောက်အပံ့ပေးတဲ့ CPU နဲ့ GPU ၂မျိုးကိုသာလိုအပ်ပါတယ်။ Developer တွေအတွက်က လက်ရှိမှာထွက်ရှိထားတဲ့ နောက်ဆုံးထွက် NVIDIA နဲ့ Intel တို့ရဲ့ driver တွေမှာပါဝင်ပြီးသားဖြစ်ပါတယ်။ AMD အတွက်က အထောက်အပံ့ပေးတဲ့ driver ရအောင် AMD ကိုဆက်သွယ်တိုင်ပင်ရမှာပါ။

ဒီ feature ဟာ Microsoft ကနေခုမှထွက်ရှိထားတာမို့ ဂိမ်းတွေမှာ လောလောဆယ်ပါဝင်လာဖို့မရှိသေးပါဘူး။ Developer တွေအနေနဲ့ တကယ်ကိုလုံလောက်တဲ့စွမ်းဆောင်ရည်ပေးနိုင်မလားဆိုတာကို စောင့်ကြည့်ဖို့အချိန်လိုအပ်နေသေးတာဖြစ်ပါတယ်။

Source: Tom's Hardware

#EnThueTech
#News

Post a Comment

0 Comments