ဂိမ်းနဲ့ ဖျော်ဖြေရေးနယ်ပယ်က အဆင့်မြင့်ကုမ္ပဏီတွေ အစုအပြုံလိုက် ထွက်ခွာသွားပြီးနောက် Entertainment Software Association (ESA) ဟာ E3 2023 ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါပွဲကို လော့စ်အိန်ဂျလိစ် ကွန်ဗင်းရှင်းစင်တာတွင် ဇွန်လ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပသွားပဖို့စီစဥ်ထားတာဖြစ်ပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း ၄ နှစ်အတွင်း လူကိုယ်တိုင် တက်ရောက်ခွင့်ရမယ့် E3 ဖြစ်လာမှာပါ။ ESA က အဖွဲ့ဝင်တွေကို ပေးပို့တဲ့ အီးမေးလ်မှာ E3 သည် "နှစ်သက်ဖွယ်ကောင်းသော ပွဲနဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ကျန်ရှိနေသည်" ဟုဖော်ပြထားပေမယ့် ၂၀၂၃ခုနှစ်မှာ နယ်ပယ်အတွင်းကလူတွေကို မစုစည်းနိုင်ခဲ့ကြောင်း" ဆိုထားပါတယ် အီးမေးလ်မှာ E3 ပွဲရဲ့ နောင်အနာဂတ်ကို ဖော်ပြထားခြင်လည်းမရှိပါဘူး။
အများပြည်သူကိုထုတ်ပြန်ချက်မှာ ReedPop နှင့် ESA တို့ဟာ အနာဂတ် E3 ပွဲတွေကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာမခံထားပါတယ်။ ယခင်၂နှစ်က ပွဲဖျက်သိမ်းခြင်းနဲ့ ပါဝင်မယ့်ကုမ္ပဏီတွေက အွန်လိုင်း သို့ ၂မျိုးစပ်ကျင်းပမယ့်အစီအစဥ်တွေက ပွဲကျင်းပဖို့မရေမရာဖြစ်စေခဲ့ပါတယ်။ နောင်အနာဂတ် E3 ပွဲတွေဘယ်လိုဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။Source: Techpowerup
#EnThueTech
#News
0 Comments