![]() |
Image: Intel |
Intel ရဲ့ လက်ရှိ Chief Architectဖြစ်သူ Raja Koduriဟာ software လုပ်ငန်းကိုတည်ထောင်ဖို့အတွက် ရာထူးကနေနှုတ်ထွက်သွားပြီဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် Pat Gelsinger ကကြေညာလိုက်ပါတယ်။ Raja Koduri အနေနဲ့ မနှစ်က Intel Graphics ရဲ့ အကြီးအကဲအဖြစ်တာဝန်ယူခဲ့ပေမယ့် graphicsဌာနကို ပြန်လည်ဖွဲ့စည်းပြီးနောက်မှာ မူလရာထူးဖြစ်တဲ့ Chief Architect အဖြစ်ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။
Raja Koduri ဟာ ၂၀၁၇ခုနှစ်တုန်းက AMD ရဲ့ Radeon အကြီးအကဲရာထူးကနေနှုတ်ထွက်ပြီး Intel ကိုပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ Intel အနေနဲ့ graphics ဌာနကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးဖြစ်တာကြောင့် Raja Koduri ရဲ့ ထွက်ခွာမှုဟာ ဌာနအတွင်းအပြောင်းအလဲရှိမှာမဟုတ်ကြောင်းဆိုပါတယ်။
Source: Tom's Hardware
#EnThueTech
#News
0 Comments