Subscribe Us

header ads

NVIDIA GTC 2023 တွင်ကြေညာခဲ့သည့်အကြောင်းအရာများ

Image: NVIDIA

ဒီနှစ် GPU Technology Conference (GTC) မှာ NVIDIA ဟာ AI hardware တွေကို စက်မှုလုပ်ငန်းတွေအနေနဲ့ ပိုမိုလက်လှမ်းမှီစေဖို့နဲ့ ChatGPT လို AI အက်ပလီကေးရှင်းတွေပိုမိုထွက်ရှိလာဖို့ အာရုံစိုက်ကာ တွန်းအားပေးဆောင်ရွက်နေကြောင်းပြောဆိုသွားပါတယ်။

Image: NVIDIA

AI အခြေခံအဆောက်အဦကိုငှားရမ်းနိုင်မည့် DGX Cloud

NVIDIA ဟာ AI အတွက် hardware တွေတည်ဆောက်နေတာအတန်ကြာနေပြီဆိုပေမယ့် ဈေးနှုန်းကြီးမြင့်မှုကြောင့် အများအပြားအသုံးပြုလာနိုင်ဖို့အတွက် အချိန်အတန်ကြာမြင့်ခဲ့ပါတယ်။ ၂၀၂၀ခုနှစ်လောက်ကစတင်ပြီး သူတို့ရဲ့ DGX A100 ဆာဗာကို $199000 လောက်နဲ့စတင်ရောင်းချလာခဲ့ပါတယ်။ ဒါကိုပြောင်းလဲဖို့အတွက် DGX Cloud ကိုကြေညာလိုက်ပြီး AI စူပါကွန်ပြူတာနဲ့‌ ဆော့ဝဲကို web browser ကနေဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

DGX Cloud အနေနဲ့ DGX Server Box တွေကိုငှားရမ်းမှာဖြစ်ကာ box တစ်ခုမှာ Nvidia H100 သို့ A100 GPU တွေ၊ 640GB Memory ပါဝင်ကာ node တစ်ခုကို တစ်လ $36,999 နဲ့ငှားရမ်နိုင်မှာဖြစ်ပါတယ်။

Image: NVIDIA

DGX Cloud ရဲ့ အစွမ်းပကားကို အသုံးချနိုင်ဖို့ Nvidia အနေနဲ့ AI Foundation ကိုလည်းမိတ်ဆက်လိုက်ပြီး စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စိတ်ကြိုက် AI မော်ဒယ်တွေကို ဖန်တီးအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဘာတွေပါမလဲဆိုတော့ Large Language Model (LLM) အတွက် Nvidia Nemo၊ ရုပ်ပုံ၊ ဗီဒီယိုနဲ့ 3D အက်ပလီကေးရှင်းတွေအတွက် Nvidia Picasso နဲ့ ဇီဝဗေဒဆိုင်ရာအချက်အလက်ကိုအ ခြေခံတဲ့ စာသားတွေထုတ်ဖို့အတွက် BioNemo တို့ဖြစ်ပါတယ်။

Image: NVIDIA

AI အတွက် Interference Platform များ

DGX နဲ့ AI Foundation နဲ့အတူ Nvidia ဟာ developer တွေအနေနဲ့ AI အက်ပလီကေးရှင်းတွေမြန်မြန်ဆန်ဆန်တည်ဆောက်နိုင်ဖို့ အနုမာပလက်ဖောင်း၄မျိုးကိုလည်းပွဲထုတ်ခဲ့ပါတယ်။ ဒါတွေက ဗီဒီယိုတွေထုတ်ဖို့အတွက် Nvidia L4၊ 2D/3D ရုပ်ပုံတွေထုတ်ပေးဖို့အတွက် Nvidia L40၊ large language model နေရာချဖို့ Nvidia H100 NVL နဲ့ ကြီးမားတဲ့ dataset တွေ‌တည်ဆောက်ဖို့ အကြံပြုထားတဲ့ Grace CPU နဲ့ Hopper GPU ကို 900GB/s နဲ့ ချစ်ပ်အခြင်းခြင်းချိတ်ဆက်ထားတဲ့ Nvidia Grace Hopper တို့ပဲဖြစ်ပါတယ်။

ဒီပွဲမှာ Nvidia CEO Jensen Huang ဟာ cuLitho ဆိုတဲ့ computational lithography အတွက် software library ကိုလည်းကြေညာသွားပါတယ်။ ဘာတွေလုပ်‌ ဆောင်နိုင်မလည်းဆိုတော့ အလွန်သေးငယ်တဲ့ ထရန်စ္စတာနဲ့ ဝါယာကြိုးမျှင်တွေနဲ့ ချစ်ပ်တွေကို ဒီဇိုင်းပြုဖန်တီးရာမှာ ဈေးကွက်ထဲကိလျှင်လျှင်မြန်မြန်ရောက်ရှိစေပြီး ဆီမီးကွန်ဒတ်တာတွေကိုထုတ်လုပ်ရာမှာ ၂၄နာရီ ၇ရက်ပတ်လုံးမောင်းနှင်နေရတဲ့ ဒေတာစင်တာကြီးတွေရဲ့ စွမ်းအင်ထိရောက်မှုကိုတိုးမြှင့်စေမှာဖြစ်ပါတယ်။

Image: NVIDIA

ချစ်ပ်ထုတ်လုပ်သူများအတွက် cuLitho

ချစ်ပ်တွေဖန်တီးရာမှာ ရူပဗေဒဆိုင်ရာအတားအစီးရှိတဲ့အတွက် NVIDIA ရဲ့ cuLitho ကိုမိတ်ဆက်မှုနဲ့ သူ့ရဲ့မိတ်ဖက်တွေဖြစ်တဲ့ TSMC၊ ASMLနဲ့ Synopsys တို့ဟာ 2nm နဲ့ ဒီထက်ပိုသေးငယ်တဲ့ချစ်ပ်တွေထုတ်လုပ်ရာမှာတိုးတက်လာမှာဖြစ်သလို ကာဗွန်ထွက်ရှိမှုကိုပါလျော့ချနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Nvidia ဟာ Medtronic နဲ့ Microsoft ပူးပေါင်းဆောင်ရွက်နေကြောင်းလည်းကြေညာခဲ့ပါတယ်။ Medtronic ဟာ လူနာပြုစု စောင့်ရှောက်မှုကိုပိုမို‌ ကောင်းမွန်စေမယ့် ဆော့ဝဲအခြေပြုဆေးဘက်ဆိုင်ရာပစ္စည်းတွေအတွက် ဘက်စုံသုံး AI ပလက်ဖောင်းကိုဖန်တီးဦးဆောင်သွားမှာဖြစ်ပါတယ်။ Microsoft အနေနဲ့ Omniverse အသုံးပြုပြီး metaverse အက်ပလီကေးရှင်းတွေဖန်တီးဖို့နဲ့ DGX Cloud ကိုအသုံးပြုမှာဖြစ်ပါတယ်။

Source: NVIDIA and VentureBeat

#EnThueTech
#News
#AI

Post a Comment

0 Comments