Subscribe Us

header ads

LG က ၎င်းတို့၏ Dream OLED နည်းပညာမှာ အမြောက်အမြား ထုတ်လုပ်ရန် အသင့်ဖြစ်နေကြောင်းပြောကြား

Image via OC3D

LG Display ဟာ အမြောက်အမြား ထုတ်လုပ်တဲ့ လိုင်းပေါ်မှာ အပြာရောင် ဖော့စဖောရက်ဆန့် (blue phosphorescent) OLED Panel တွေရဲ့ "စီးပွားဖြစ် အဆင့် စွမ်းဆောင်ရည်" ကို အတည်ပြုနိုင်တဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ LG ကို ပင်မအရောင်တွေဖြစ်တဲ့ အနီ၊ အစိမ်းနဲ့ အပြာ ၃မျိုးလုံးမှာ phosphorescence ပါဝင်တဲ့ "Dream OLED" စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ။

Phosphorescence OLED တွေဟာ နည်းပညာပိုင်းအရ ပိုမိုရှုပ်ထွေးလာပေမယ့်  fluorescent OLED တွေထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။ fluorescent မှာ အလင်းထွက်စွမ်းရည် ၂၅% သာရှိပြီး phosphorescence မှာတော့ အလင်းထွက်စွမ်းရည် ၁၀၀% ရှိပါတယ်။ ဆိုလိုတာက ပါဝါ ၂၅% သာ အသုံးပြုပြီး တူညီတဲ့ အလင်းထွက်စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် စွမ်းအင်သုံးစွဲမှုအပိုင်းမှာ ပိုမိုထိရောက်လာစေမှာပါ။

LG ရဲ့ Hybrid Tandem OLED နည်းပညာသစ်မှာ phosphorescent Blue OLED တွေကိုသူတို့ရဲ့ အပေါ်ဆုံး အလင်းထုတ်လွှတ်တဲ့ အလွှာအတွက် အသုံးပြုထားပါတယ်။ ယေဘုယျအားဖြင့် အဆိုပါပြောင်းလဲမှုဟာ မျက်နှာပြင်ရဲ့ ပါဝါသုံးစွဲမှုကို ၁၅% အထိ လျှော့ချနိုင်ပါတယ်။ ဒီလို ပါဝါသုံးစွဲမှု လျော့နည်းသွားတာဟာ LG ရဲ့ OLED Panel အသစ်တွေအတွင်းမှာ အပူအောင်းလာမှုကို လျော့နည်းစေနိုင်ပြီး သက်တမ်း ပိုရှည်စေမှာပါ။

LG Display ရဲ့ CTO နဲ့ Executive Vice President ဖြစ်သူ Soo-young Yoon က "blue phosphorescence နည်းပညာကို အောင်မြင်စွာ စီးပွားဖြစ် ထုတ်လုပ်နိုင်တာဟာ 'Dream OLED' ရဲ့ နောက်ဆုံး အစိတ်အပိုင်းလို့ ခေါ်ဆိုနိုင်ပြီး  OLED မျိုးဆက်သစ်တွေအတွက် ဆန်းသစ်တဲ့ မှတ်တိုင်တစ်ခု ဖြစ်လာမှာပါ။ blue phosphorescence နည်းပညာကြောင့်အနာဂတ် Display ဈေးကွက်ကို ဦးဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

LG ဟာ ဒီလ Computex 2025 ပွဲမှာ သူတို့ရဲ့ ပထမဆုံး အပြာရောင် PHOLED (Blue Phosphorescent OLED) Display တွေကို ပြသဖွယ်ရှိနေပါတယ်။ ဒီနည်းပညာသစ်နဲ့ LG ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် Display တွေမှာ ပိုမိုမြင့်မားတဲ့ ပုံရိပ်အရည်အသွေးကို ရရှိလာပါလိမ့်မယ်။ ဒီနည်းပညာဟာ LG အပြင် အခြားထုတ်လုပ်သူတွေရဲ့ OLED TV တွေကိုလည်း ပိုမိုတောက်ပလာစေမလားဆိုတာကိုလည်း စိတ်ဝင်စားစောင့်ကြည့်သွားရမှာပါ။

Source: OC3D

Post a Comment

0 Comments