Subscribe Us

header ads

Breaking News: Google မှ Bard AI ကိုစတင်မိတ်ဆက်

Image: Google

ChatGPT ကိုတုန့်ပြန်မှုအဖြစ် Google ဟာ သူတို့ရဲ့ AI Chatbot ဖြစ်တဲ့ Bard ကို စတင်လွှင့်တင်လိုက်ပြီဖြစ်ပါတယ်။ Bard ဟာ ChatGPT ရဲ့ GPT3 လိုပဲ LaMDA (Language Model for Dialogue Applications) ကိုအခြေခံထားတာဖြစ်ပါတယ်။ ‌

Bard ကို ဝက်ဘ်ဆိုက်တွေ၊ message platform တွေ၊ ကွန်ပြူတာနဲ့ မိုဘိုင်းလ် အက်ပလီကေးရှင်းတွေနဲ့ မြောက်မြားစွာသော ဒစ်ဂျစ်တယ်စနစ်တွေမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Bard ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၆ရက်နေ့က အစမ်းပြသခဲ့ပေမယ့် အမှားအယွင်းတွေများခဲ့တာကြောင့် နာမည်ကောင်းမရခဲ့သလို Google ရဲ့ ရှယ်ယာတွေပါကျဆင်းသွားတဲ့အထိဖြစ်ခဲ့ပါတယ်။

ChatGPT နဲ့ Google Bard မတူတာက ChatGPT ရဲ့ မချက်အလက်တွေဟာ ၂၀၂၁ခုနှစ်ထိသာကန့်သတ်ခံထားရပေမယ့် Bard ကတော့ နောက်ဆုံးပေါ်အချက်အလက်တွေ‌ ပေါ်မှာတုန့်ပြန်ဖြေကြားပေးနိုင်ပါတယ်။ နောက်ပြီး Google Bard ဟာ Bing Chat လိုပုံစံနဲ့အလုပ်လုပ်မှာဖြစ်ပါတယ်။

Google Bard ကို pixel super fan အတွက် ကနဦးပေးနေတယ်လို့ဆိုပါတယ် ဒါပေမယ့် သင့်မှာ pixel ဖုန်းရှိစရာမလိုပဲ bard.google.com ထဲကိုဝင်ပြီး Google Account နဲ့ sign up လုပ်ကာ waitlist ထဲ join ပေးရပါမယ်(လောလောဆယ်မှာတော့ မြန်မာပြည်မှာမရသေးပါဘူး)။ သင့်အနေနဲ့သုံးလို့ရပြီဆိုရင် email ကနေ အကြောင်းပြန်မှာဖြစ်ပါတယ်။

Google Bard ကို လူတိုင်းဘယ်ချိန်သုံးနိုင်မလဲဆိုတာကိုမသိရသေးပါဘူး။ Google ရဲ့ CEO ဖြစ်သူ Sundar Pichai ကတော့ Bard ဟာ Google Search ကိုတိုးတက်စေမယ်လို့ဆိုထားပါတယ်။

Source: Digital Trends

#EnThueTech
#News
#AI

 

Post a Comment

0 Comments