![]() |
Image: Brittany Hosea-Small/AFP |
Apple ဟာ ၂၀၂၀ခုနှစ်မှာ M1 SoC ကို စတင်ကြေညာခဲ့ချိန်မှာ Mac ကွန်ပျူတာတွေအားလုံးကို Apple Silicon SoC ကိုကူးပြောင်းဖို့ အချိန် ၂နှစ်လောက်ယူရမှာဖြစ်ကြောင်းဆိုခဲ့ပါတယ်။ ဒီအတွက် အခုချိန်မှာ Apple ဟာ Apple Silicon သုံးထားတဲ့ Mac Pro workstation ကိုမိတ်ဆက်ပြီးသား ဖြစ်နေသင့်ပါတယ်။ ဒါပေမယ့် တကယ်မဖြစ်လာသလို ဘယ်တော့ဖြစ်လာမလဲဆိုတာ မရှင်းလင်းဘူးလို့ Bloomberg ရဲ့ သတင်းကဆိုပါတယ်။
ပထမဆုံးအနေနဲ့ Apple ဟာ သူတို့ရဲ့ Mac Pro အသစ်ကို M1 Ultra dual-chip processor နဲ့တည်ဆောက်ဖို့စီစဉ်ခဲ့ပေမယ့် Mac Studio မှာသာသုံးခဲ့ရသလို M1 Chip တွေနဲ့ Mac Pro ဖန်တီးမယ့်အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ နောက်ဆုံးမှာ သူတို့ရဲ့ ထိပ်တန်း workstation မှာ dual-chip M2 Ultra နဲ့ quad-chip M2 Extreme ကိုအသုံးပြုဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။
M2 Ultra မှာ cores ပေါင်း ၂၄ခုနဲ့ graphics cluster ၇၆ခုပါဝင်ပြီး M2 Extreme မှာတော့ cores ပေါင်း ၄၈ခုနဲ့ graphics cluster ၁၅၂ခုပါဝင်မှာပါ။ နောက်ထပ် M2 Ultra ဟာ အနည်းဆုံး 192GB memory ကို အထောက်အပံ့ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့အတွက် M2 Extreme ဟာ 384GB လောက်အထိအထောက်အပံ့ပေးမယ်လို့ယူဆရပါတယ်။
ဒါပေမယ့်လည်း Apple ဟာ ရှုပ်ထွေးမှုနဲ့ဈေးနှုန်းမြင့်မားမှုကြောင့် M2 Extreme processor ထုတ်လုပ်မယ့်အစီအစဉ်ကိုရပ်ဆိုင်းလိုဟန်ပေါ်ပါတယ်။ M2 Extreme processor တပ်ထားတဲ့ Mac Pro ဟာ ဒေါ်လာ ၁သောင်းလောက် ကျသင့်မှာဖြစ်ပြီး ထုတ်လုပ်မှုစားရိတ်ကိုကာမိမှာမဟုတ်ပါဘူးလို့ Bloomberg ကဆိုပါတယ်။
အရင်တုန်းက Mac Pro အသုံးပြုသူတွေဟာ desktop unit သာအရင်ဝယ်ထားဖို့လိုအပ်ကာ graphics card တွေ၊ memory တွေ သို့ Apple Afterburner accelerator တွေထပ်မံတပ်ဆင်ပြီး အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ Apple Silicon သုံး desktop တွေဟာ upgrade လုပ်လို့ရနိုင်မနိုင်မရှင်းလင်းပါဘူး ဒါပေမယ့် Apple Studio ကိုကြည့်ရတဲ့အခါမှာတော့ ပရောဖက်ရှင်နယ်သမားတွေကိုတောင် ဒီလိုစွမ်းပကားတွေပေးအပ်ဖို့တွန့်ဆုတ်နေတာမျိုးသာမြင်ရပါတယ်။
တစ်ခုသိထားသင့်တာက Mac Pro ကို Apple Silicon processor အဖြစ်ပြောင်းလဲတာအပြင် ထုတ်လုပ်ရေးနဲ့ နောက်ဆုံးအဆင့်တပ်ဆင်ရေးကို အမေရိကန်နဲ့ တရုတ်နိုင်ငံကနေ ဗီယက်နမ်ကိုရွေ့ပြောင်းလိုနေတာဖြစ်ပါတယ်။ ဒါဟာ ကုန်ကျစားရိတ်အချို့သက်သာစေနိုင်တယ်ဆိုပေမယ့် သုံးစွဲသူအတွက်တော့ ကွာခြားမှုအနည်းသာရှိပါလိမ့်မယ်။
Bloomberg ရဲ့တင်ပြချက်ထဲမပါဝင်တာကတော့ Mac Pro အသစ်ဘယ်တော့ဈေးကွက်ထဲဝင်လာမလဲဆိုတာပါ။ Apple အနေနဲ့ M2 SoC ကိုသာ မိတ်ဆက်ထားရသေးပြီး M2 Pro နဲ့ M2 Max SoC တွေထုတ်ဖို့ကျန်ပ့သေးတယ်။ ဒီအတောအတွင်း M2 Ultra နဲ့ M2 Extreme ဟာ single chip SoC တွေမိတ်ဆက်ပြီးလပေါင်းများစွာကြာပြီးမှထွက်လေ့ရှိတာမို့ ဒီ processor တွေကို အစောဆုံး ၂၀၂၃ခုနှစ်ဝက်လောက်အထိမြင်ရဖွယ်မရှိပါဘူး။
Apple အနေနဲ့ လက်ရှိMac Pro တွေဟာ ၂၀၁၉ခုနှစ်ကထွက်ရှိထားတာကြောင့် version အသစ်ကိုမိတ်ဆက်ဖို့အချိန်ကျလာပြီဆိုပေမယ့် သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေအပေါ်မှတ်ချက်ပေးလေ့မရှိပါဘူး။
Source: Tom's Hardware
#EnThueTech
#News
#Apple
0 Comments