Subscribe Us

header ads

တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါရုတ်တရက်ပြန့်ပွားမှုက PC နှင့် Laptop အသစ်များမိတ်ဆက်ခြင်းကိုထိခိုက်စေနိုင်

Image: HP

တရုတ်နိုင်ငံဟာ သူတို့နိုင်ငံရဲ့ စီးပွားရေးမထိခိုက်အောင်နဲ့ လူထုရဲ့တင်းမာမှုလျော့နည်းအောင် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကိုဖြေလျော့ပေးနေပေမယ့် ကူးစက်မှုများပြားခြင်းက လုပ်သားရှားပါးမှုဖြစ်ပေါ်စေနိုင်ပါတယ်။ အင်္ဂါနေ့က DigiTimes ရဲ့ ဖော်ပြချက်မှာ နှစ်ဆန်းပိုင်းမှာထွက်ရှိမယ့် notebook တွေဟာ တရုတ်နိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ လုပ်သားပြတ်လပ်မှုကြောင့် ထိခိုက်မှုရှိနိုင်တယ်လို့ဆိုထားပါတယ်။

ကပ်ရောဂါကန့်သတ်ချက်ကိုဖြေလျော့ပြီးတဲ့အခါ တရုတ်နိုင်ငံက laptop ထောက်ပံ့ရေးကွင်းဆက်ကုမ္ပဏီတွေဟာ သူတို့ရဲ့ လုပ်သား ၅၀%လောက်အထိ ကူးစက်ခံလာရတာကြောင့် ထုတ်လုပ်မှုတွေယာယီရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တင်ပို့မှုတွေနှောင့်နှေးပြီး နောက်ဆုံးပေါ် CPU နဲ့ GPU တပ်ဆင်ထားတဲ့ laptop တွေရရှိနိုင်မှုကိုထိခိုက်စေနိုင်ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုနဲ့ လုပ်သားရှားပါးမှုအ ခြေအနေဟာ တရုတ်နှစ်ကူးကာလအလွန်မှာ ဖျားနာမှု သို့ ခွင့်ရက်တိုးယူမှုတွေကြောင့် ပိုမိုဆိုးရွားလာနိုင်တယ်လို့ယူဆရပါတယ်။

Notebook ODM ကြီးတွေဖြစ်တဲ့ Compal, Inventec, Quanta နဲ့ Wistron ဒီလိုစက်ပစ္စည်းနဲ့လုပ်သားပြတ်တဲ့အတွေ့အကြုံတွေမရှိသေးပါဘူး။ ဒီလိုအနေအထားမှာ PC ODM ကြီးတွေဟာ ရောင်းစရာကုန်တွေလက်ထဲမှာရှိနေပြီး ၂၀၂၃ခုနှစ်ပထမ၃လပတ်မှာ ဝယ်လိုအားသိပ်များမယ်လို့ မယူဆတဲ့အတွက် အဆင်ပြေဦးမှာပါ။ တစ်ချိန်တည်းမှာ PC ထုတ်လုပ်သူတွေဟာ ထုတ်လုပ်နိုင်စွမ်းလျော့ကျနိုင်ဖွယ်ရှိနေပြီး ဒီကိစ္စက ကမ္ဘာ့ PC ဈေးကွက်ကိုဘယ်‌လိုသက်ရောက်စေမလဲဆိုတာပါ။

PC ဖြန့်ဖြူးသူတွေဟာ သူတို့ရဲ့မိတ်ဖက်ထုတ်လုပ်သူတွေထံက ကုန်တွေအလုံအလောက်မရခဲ့ရင် ထုတ်ကုန်အချို့ကိုရွေ့ဆိုင်းထားရနိုင်ပါတယ် ဒါပေမယ့် ဒါကဖြစ်နိုင်ချေတစ်ခုသာဖြစ်ပါတယ်။ ဒီလိုကြုံလာတဲ့အခါသူတို့အနေနဲ့ ရောင်းအားမမြင့်တဲ့ ဈေးကြီးတဲ့ပစ္စည်းကိုဦးစားပေးမှာလား ဒါမှမဟုတ် ရောင်းအားကောင်းတဲ့စက်တွေကိုအာရုံစိုက်မှာလားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရပါလိမ့်မယ်။

အစီရင်ခံစာအရ လုပ်သားတွေရဲ့ ၁၀%ကနေ ၁၅%လောက်သာ ကူးစက်မှုခံရတယ်လို့သိထားရပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေဟာ ကူးစက်ခံရမှာကြောက်တဲ့အတွက် အလုပ်မဆင်းခိုင်းတာတွေရှိနေပါတယ်။ ဒီလိုအခြေအနေဟာ တရုတ်နိုင်ငံမှာ herd immunity မရမခြင်း ဆက်ရှိနေဦးမှာပါ။

Source: Tom's Hardware

#EnThueTech
#News

Post a Comment

0 Comments