Subscribe Us

header ads

Review: MSI Raider GE67 HX 12UGS with Nvidia RTX 3070Ti



၂၀၂၂ခုနှစ်ထဲမှာ ကွန်ပျူတာလောကထဲ အပြောင်းအလဲတစ်ချို့ဖြစ်ပေါ်လာပါတယ်။ ကွန်ပျူတာတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုကောင်းပိုမြန်လာတာငြင်းစရာမရှိပေမယ့် ဒီနှစ်ထဲမှာကွန်ပျူတာလောကထဲကို တစ်ဖြည်းဖြည်းဝင်ရောက်လာတာကတော့ OLED screen တွေပါပဲ။ OLED Screen တွေဟာ ပါးလွှာပေါ့ပါးသလို ရုပ်ထွက်‌ပိုင်းလည်းမြင့်မားကောင်းမွန်လှတဲ့အတွက် OLED laptop တွေဟာ ပုံမှန် gaming laptop တွေထက် အမြင်အာရုံမှာ သိသိသာသာကွာခြားတာကို ခံစားရမှာဖြစ်ပါတယ်။ ဒီအတွက်ကျနော့်အနေနဲ့ OLED screen ဟာ ဂိမ်းဆော့လို့ကောင်းသလားဆိုတာကို ကမ္ဘာ့ပထမဦးဆုံး OLED gaming laptop ဖြစ်တဲ့ MSI ရဲ့ Raider GE67 HX 12UGS နဲ့ ကျနော့်ရဲ့အမြင်တွေကိုပြောပြပေးသွားပါမယ်။

Introduction

MSI ရဲ့ Raider GE Series ဆိုတာ high-end gaming series ဖြစ်ပြီး သူ့အထက်မှာ Titan GT series သာရှိပါတယ်။ Raider Series တွေဟာ gaming ဘက်ကို ဦးစားပေးထားတာမို့ ပုံမှန်အားဖြင့် မြင့်မားလှတဲ့ hardware တွေပါဝင်ပြီးသားဖြစ်ပေမယ့် အားမရသေးတဲ့ MSI ဟာ GE Series ကို Intel ရဲ့ အကောင်းဆုံး HX Series CPU နဲ့ ထပ်မံ update လုပ်ထားလိုက်ပြန်ပါတယ်။ ဒါတင်မက 15.6 လက်မမော်ဒယ်တွေမှာ OLED screen ကိုတပ်ဆင်လိုက်တာကြောင့် Raider GE67 HX ဟာ ကမ္ဘာ့ပထမဦးဆုံး 240Hz OLED gaming laptop လည်းဖြစ်လာပါတယ်။

Specifications

Raider GE67 HX မှာ ကျနော်အရင်က review တွေမှာစမ်းခဲ့တဲ့ Intel Core i7-12700H ထက်သိသိသာသာပိုမြန်တဲ့ Intel Core i7-12800HX ကို သုံးထားပါတယ်။ သူက 12th Gen Alder Lake HX-series CPUဖြစ်ပြီး clock speed E-Cores ၂ခုပိုပါလာပါတယ်။ ဒါကြောင့် Intel Core i7-12800HX မှာ P-cores ကို 8 Cores 16 Threads ထည့်ထားပြီး E-cores ကိုတော့ 8 Cores 8 Threads အနေနဲ့ ထည့်သွင်းထားတဲ့အတွက် စုစုပေါင်း 16 Cores 24 Threads ရှိလာပါတယ်။ Intel Core i7-12800HX ရဲ့ P-cores တွေဟာ Base Clock 2.4 GHz နဲ့ Boost Clock 4.8GHz အထိရနိုင်ပြီး E-cores တွေအနေနဲ့ Base Clock 1.8 GHz နဲ့ Boost Clock 3.7GHz အထိရနိုင်ပါတယ်။ Laptop တစ်ခုအနေနဲ့ အတော်များပြားလှတဲ့ Cores/Threads ရှိတယ်လို့ဆိုနိုင်ပါတယ်။

Graphics ပိုင်းအတွက် Raider GE67 HX 12UGS မှာတပ်ဆင်ထားတာက Nvidia RTX 3070Ti 8GB GDDR6 GPU ပါ။ RTX 3070Ti ဟာ Samsung ရဲ့ 8nm Ampere Architecture နဲ့ ထုတ်ထားတဲ့ GPU ပါ။ Raider GE67 HX ရဲ့ RTX 3070Ti ဟာ TDP 150W ဖြစ်ပြီး အခြား gaming laptop တွေမှာဆို TDP 130W လောက်သာရှိတဲ့အတွက် laptop RTX 3070Ti ထဲမှာအမြင့်ဆုံး configuration ဖြစ်ပါတယ်။

Memory ပိုင်းအနေနဲ့က Raider GE67 HX 12UGS မှာ 4800MHz ရှိတဲ့ 8GB DDR5 Memory ၂ချောင်းပါဝင်ပါတယ်။

Raider GE67 HX 12UGS ရဲ့ Specifications တွေကတော့
CPU: Alder Lake Core i7-12800HX (16Cores/24Threads, 8 P-Cores and 8 E-Cores)
Memory: 8GB *2 (DDR5 4800MHz)
Graphics: Nvidia RTX 3070Ti 8GB GDDR6 (TDP 150W)
Storage: 1TB NVMe PCIe Gen4 x4 SSD
Display: 15.6in 240Hz QHD(2560x1440) OLED Screen
Dimensions (WxDxH): 358 x 267 x 23.4 mm
Weight: 2.38 kg
I/O Ports: 1x USB Type-C 3.2 Gen 2/DP,
1x USB Type-C USB/DP/Thunderbolt 4
2x USB Type-A 3.2 Gen 1
1x USB Type-A 3.2 Gen 2
1x SD Express Card Reader
1x HDMI Port (8K 60Hz/4K 120Hz)
1x RJ45
Connectivity: Wi-Fi 6E, Bluetooth 5.2
Keyboard: Per-Key RGB Backlight Keyboard
Webcam: 1080P (30fps)
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack (HiFi)
Operating System: Windows 11 Home
Battery: 99.9WH (4 Cell Li-Ion)
Power Adaptor: 330W
Price: $2650-$500=$2150


Design and Build Quality

Design အနေနဲ့ပြောရရင် Raider GE67 HX ဟာ GP66 နဲ့အတော်ဆင်တူပြီး ကိုယ်ထည်တစ်ခုလုံးဟာ ခဲရောင်ဖြစ်ကာ ပြောင်လက်ခြင်းမရှိပဲအရောင်မှိုင်ပါးတယ်။ အမြင်ပိုင်းအရ လုံးဝ gaming ဆန်ထားသလို ကိုယ်ထည်တစ်ခုလုံးနီးပါးကလည်း အလူမီနီယံသုံးထားလို့ ကြည့်လိုက်တာနဲ့တင် premium laptop မှန်းသိသာစေပါတယ်။







Lid ပေါ်မှာ ကြီးမားတဲ့ MSI စာလုံးကို ဘေးတိုက်ပုံဖော်ထားသလို Dragon Logo ကိုလည်း ပုံမှန်အတိုင်းထည့်ထားပါတယ်။ Hinge ကလည်း အရှေ့ဘက်ကို အနည်းငယ်ရောက်လာပြီး screen ကို 140° အထိလှန်လို့ရပါတယ်။


screen ရဲ့ဘောင်လေးတွေက နောက်ပိုင်း laptop တွေထုံးစံအတိုင်းပါးပါးလေးတွေဖြစ်သွားပါတယ်။ Screen အောက်ခြေနားမှာ MSI logo အသစ်ဟာ ထင်ထင်ရှားရှားထိုးထားပါတယ်။ lid တွေ keyboard တွေကိုဖိကြည့်တဲ့အခါ ညွှတ်သွားတာကိုမတွေ့ရပဲ အတော်ကိုတောင့်တင်းတာတွေ့ရပါတယ်။
lid က လက်တစ်ဖက်တည်းနဲ့ အသာလေးဖွင့်လို့ရသလို တောင့်တောင့်တင်းတင်းလည်းရှိပါတယ်။ 1080P Webcam ပါဝင်တယ်ဆိုပေမယ့် Windows Hello အတွက် Webcam နဲ့တွဲဖက်အလုပ်လုပ်မဲ့ IR Camera တော့မပါပါဘူး။


Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိကာ လေပိုဝင်အောင် ယခင်ထက်ပိုမိုများပြားတဲ့အပေါက်တွေ ဖောက်ထားတာတွေ့ရပါတယ်။ ဒါ့အပြင် အောက်ဘက်က ပလတ်စတစ်ကာဗာမှာလည်း အနီရောင်စာလုံးနဲ့ MSI logo နဲ့ MSI RAIDER GE ဆိုတာတွေထည့်ပေးထားပါတယ်။ Exhaust အပေါက်တွေကို အနောက်ဘက်နဲ့ ဘေး၂ဘက်လုံးကိုပို့ထားတဲ့အတွက် cooling အတွက်ကောင်းမွန်စေပါတယ်။

ကိုယ်ထည်က အလျား 358mm၊ အနံ 267mm နဲ့ အမြင့် 23.4mmရှိပြီး အလေးချိန်က 2.38kg ရှိတဲ့အတွက် အားကောင်းလှတဲ့ hardware တွေတပ်ဆင်ထားလင့်ကစား ပုံမှန် gaming laptop အရွယ်အစားနဲ့ အလေးချိန်လို့ဆိုနိုင်ပါတယ်။ quick access panel မပါတဲ့အတွက် Memory နဲ့ Storage တိုးဖို့ screw ၁၁ လုံးလောက်ဖြုတ်ရမှာပါ။

Display

Display အနေနဲ့ပြောရရင် ထူးထူးခြားခြား ဒီ Raider GE67 HX မှာ Samsung ရဲ့ (SDC4179) OLED Panel ကိုသုံးလာပါတယ်။ ဒီ 15.6လက်မ QHD Display ဟာ 240Hz ဖြစ်ကာ latency ကလည်း 0.2ms သာရှိတာမို့ eSport ဂိမ်းတွေကိုကစားတဲ့အခါ အရမ်းသွက်လက်နေပါတယ်။ ဒါတင်မက OLED မို့ black level အရမ်းကောင်းတဲ့အပြင် laptop တွေနဲ့ သိပ်မသက်ဆိုင်ဘူးလို့ဆိုနိုင်တဲ့ HDR ကိုပါအထောက်အပံ့ပေးပါတယ်။

Raider GE67 HX ရဲ့ OLED ဟာ သာမန် SDR မှာဆို အချို့နေရာတွေမှာ အရမ်းမကွာဘူးခံစားရနိုင်ပေမယ့်
DisplayHDR 600 certified ဖြစ်လို့ HDR ဂိမ်းနဲ့ ရုပ်ရှင်တွေကြည့်တဲ့အခါ အရမ်းအရမ်းကိုအားရစရာကောင်းလှပါတယ်။ အခြား panel တွေရဲ့ HDR မှာဆိုရင် အရာအားလုံးပိုလင်းလာတယ်ဆိုတာမျိုးဖြစ်ပေမယ့် OLED Screen မှာတော့ ဂိမ်းထဲမှာ မှောင်တဲ့နေရာတွင် မှောင်နေပြီးလင်းတဲ့နေရာတွေဟာ ထိန်ထိန်ညီးနေတာမို့ လက်တွေ့နဲ့ပိုနီးစပ်နေတယ်လို့ခံစားရစေပါတယ်။


ဒီလိုခံစားချက်ကို desktop monitorတွေမှာတောင်ရဖို့မလွယ်ပါဘူး။ နောက်ထပ်သဘောကျမိတဲ့အချက်က HDR/SDR ကို အပြောင်းအလဲလုပ်တဲ့အခါ desktop monitor တွေမှာလို အရောင်တွေသိသိသာသာပျက်သွားတာမျိုးမကြုံရတာပါပဲ။


ဒါပေမယ့်လည်း OLED တွေမှာ burning ဖြစ်တဲ့ အားနည်းချက်မျိုးရှိတာကြောင့် OLED burning ဖြစ်တာသက်သာစေမယ့် MSI OLED Care software ကိုလည်း MSI Center မှာထည့်သွင်းထားပါတယ်။ ဒီ OLED screen ဟာ Viewing Angle ကောင်းတယ်ဆိုပေမယ့် ပြောင်လက်နေတဲ့မျက်နှာပြင်က အရမ်းလင်းလွန်းတဲ့နေရာမှာ ပုံမှန်ထက်အနည်းငယ်အနှောင့်အယှက်တော့ဖြစ်စေနိုင်ပါတယ်။

တစ်ခုရှိတာက laptop ကို စစခြင်း setup လုပ်ပြီးတဲ့အချိန်မှာ display ရဲ့ အရောင်တွေမွဲခြောက်ခြောက်ဖြစ်နေပြီး သင့်အနေနဲ့ MSI True Color နဲ့ Nvidia graphics driver ကို uninstall လုပ်ပြီး ပြန်သွင်းလိုက်မှသာ လှပတဲ့ရုပ်ထွက်ကိုရမှာဖြစ်ပါတယ်။



Color ပိုင်းမှာလည်း
sRGB 99.99%
AdobeRGB 98.71%
DCI-P3 99.99% ရှိတဲ့အတွက် photo/video editing လုပ်တာ၊ ဂိမ်းကစားတာနဲ့ ရုပ်ရှင်ကြည့်တာ ဘာလုပ်လုပ်ပြဿနာမရှိပါဘူး။


Color mode တွေကိုလည်း MSI True Color ကိုသုံးပြီး screen ကို AdobeRGB၊ sRGB နဲ့ DCI-P3 mode တွေပြောင်းလို့ရပါတယ်။ သူရဲ့ screen brightness က ပုံမှန်အချိန်မှာ 380nits လောက်ရှိလို့ အဆင်ပြေပြေသုံးနိုင်ပါတယ်။

Keyboard, Trackpad and Light Bar

Keyboard ပိုင်းအနေနဲ့ GE67 HX မှာ MSI အနေနဲ့ အစဉ်မလာမပျက် SteelSeries keyboard ပါဝင်ကာ per key RGB ရပါတယ်။ keyboard ကိုစိတ်ကြိုက် effect တွေထားနိုင်သလို RGB အရောင်တွေကိုလည်း MSI Center ထဲက Mystic Light နဲ့ SteelSeries Engine မှာပြောင်းလို့ရပါတယ်။ ကျနော့်အမြင်မှာ RGB မီးရောင်က ကြည့်ရတာအဆင်ပြေတယ်ဆိုပေမယ့် GP66 တုန်းကလိုပဲ နည်းနည်းလေးမှိန်တယ်လို့ခံစားရပါတယ်။ တစ်ခုသဘောကျစရာက FN ကိုနှိပ်တဲ့အခါ ကီးဘုတ်မှာ RGB မီးတွေပိတ်သွားကာ အပေါ်ဘက်က function key တွေမှာသာအနီရောင်မီးလင်းလာတာမို့ အမှောင်ထဲမှာသုံးရတာအတော်လေးအဆင်ပြေသွားတာပါ။ စာရိုက်ရတာ အတော်လေးအဆင်ပြေသလို Key တစ်ခုခြင်းရဲ့တုံ့ပြန်မှုတွေကလဲကောင်းမွန်ပြီး ဆူညံနေတာမျိုးမရှိပါဘူး။ အားနည်းချက်က Numpad မပါဝင်တဲ့အတွက် စာရင်းဇယားတွေကိုင်တွယ်ရမဲ့သူတွေအတွက် နည်းနည်းအားမရတာမျိုး‌တော့ဖြစ်နိုင်ပါတယ်။


Trackpad ပိုင်းအနေနဲ့ အရွယ်အစားနည်းနည်းသေးတယ်လို့ဆိုနိုင်ပြီး သီးခြား key တွေမပါပါဘူး။ Trackpad ပေါ်မှာလည်း GP တုန်းကလို ဘာtexture မှ မထည့်ထားပါဘူး။ Windows Precision Driver နဲ့ Trackpad ကိုအစဉ်ပြေပြေသုံးနိုင်‌ပြီး click ကို အနည်းငယ်အားစိုက်ဖိဖို့လိုပါတယ် ဒါပေမယ့် လှုပ်နေတာ၊ဆူညံနေတာမျိုးတော့မရှိပါဘူး။


အရမ်းမိုက်တဲ့အချက်က GE67 HX မှာ Raider Series တွေရဲ့ အမှတ်သညာလို့ဆိုနိုင်တဲ့ MSI Aurora RGB Light Bar ပါဝင်ပြီး ယခင်မျိုးဆက်တွေနဲ့အတူတူပဲဆိုနိုင်ပါတယ်။ သူ့ရဲ့ RGB ကပြေပြစ်ပြီး lightbar ပါတဲ့ အချို့ laptop တွေထက်တောင် ပိုကြည့်ကောင်းပါတယ်။ Light Bar ရဲ့ RGB ကို SteelSeries Engine ကနေတဆင့်ထိန်းချုပ်နိုင်ပါတယ်။

Ports

Port တွေအနေနဲ့ GE67 HX ဟာ ယခင် gaming laptop တွေနဲ့ IO port နေရာအထားအသိုတွေပြောင်းလဲလာ‌တာတွေ့ရပြီး တက်နိုင်သမျှကြိုးတွေရှုပ်မနေအောင် ဒီဇိုင်းပြုထားတာကိုတွေ့ရပါတယ်။




ဘယ်ဘက်မှာဆိုရင် USB Type-A 3.2 Gen 2 တစ်ခု၊ USB Type-C 3.2 Gen 2/DP 1.4 တစ်ခုနဲ့ Audio Combo Jack တစ်ခုကိုတွေ့ရပါတယ်။


ကျောဘက်မှာတော့ Charging Port၊ HDMI 2.1 Port HDMI Port (8K 60Hz/4K 120Hz) တစ်ခု၊ LAN အတွက် RJ45 တစ်ခုနဲ့ Thunderbolt 4 ပါပါဝင်တာကြောင့် external GPU၊ dockတွေနဲ့ပါချိတ်နိုင်ပါတယ်။ ဒီလို ကျောဘက်ကို port တွေပို့ထားတဲ့ပုံစံကြောင့် ကြိုးရှုပ်မနေပဲ အမြင်ပိုရှင်းသွားစေတာကသဘောကျစရာပါ။

ညာဘက်မှာတော့ USB Type A 3.2 Gen 1 နှစ်ခုနဲ့ creator တွေအတွက်အရမ်းအသုံးဝင်တဲ့ SD card reader ထည့်ပေးထားတာကသဘောကျစရာပါပဲ။ ဒါပေမယ့် SD card reader ရဲ့ မြန်နှုန်းကတော့ 80MB/s ဝန်းကျင် လောက်ရှိပြီး အကောင်းစား card reader တွေလောက်မြန်တယ်မဆိုနိုင်ပေမယ့်သာမန်ထက်တော့ပိုပါတယ်။


Webcam

GE67 HX က premium တန်းဝင်မို့ Video Call တွေအတွက် 1080p Webcam ရဲ့ ရုပ်ထွက်အတော်လေး ကောင်းတယ်လို့ပြောနိုင်သလို အလင်းအားနည်းချိန်မှာလည်း ကောင်းကောင်းမြင်ရပါတယ်။ IR Camera ရော Finger Print Reader ရောမပါတဲ့အတွက် PIN code ရိုက်ပြီးသာ log-in ဝင်ရမှာပါ။

Audio

နေရာတော်တော်များများအားရစရာကောင်းလှတဲ့ GE67 HX မှာ အားအနည်းဆုံးလို့ပြောနိုင်တာ speaker ပါပဲ။ သူ့မှာ ပုံမှန်အတိုင်း 2w Speaker ၂လုံးကို Laptop ရဲ့ ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ Speaker တွေရဲ့အသံထွက်က ဆိုးဝါးတယ်လို့မဆိုနိုင်ပေမယ့်လည်း Multimedia ပိုင်း၊ စွမ်းဆောင်ရည်ပိုင်း အဖက်ဖက်ကောင်းမွန်နေတဲ့ ဒီလို premium gaming laptop အတွက် speaker တွေရဲ့ အသံထွက်က အများကြီးလိုအပ်နေပြီး ဒီထက်ပိုကောင်းသင့်တယ်လို့ခံစားရပါတယ်။ သူ့ရဲ့အသံထွက်က နည်းနည်းတိုးတယ်လို့ခံစားရသလို base သံပါးပြီး high အသံတွေကလည်း စူးပါတယ်။

Raider GE67 HX မှာ Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack တစ်ခုပါဝင်ပြီး Gaming Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ Audio အတွက် 24 bit 192KHz အထိရတဲ့ HiRes Audio ကိုထုတ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့ထုတ်ပေးတဲ့အသံက မိုက်တယ်မဆိုနိုင်လင့်ကစား အဆင်ပြေပါတယ် သီချင်းတွေဘာတွေနားထောင်ကြည့်ရတာလည်း ကောင်းပါတယ်။

အသံပိုင်းကိုချိန်ညှိဖို့အတွက်က ထုံးစံအတိုင်း Nahimic Audio software ပါပြီး surround ကိုလည်း ပုံစံ ၅မျိုးလောက်ထားနိုင်ပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာတော့ Battlefield V Multiplayer မှာ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာထုတ်ပေးနိုင်ပြီး ကျေနပ်လောက်စရာ အသံကိုကြားရပါတယ်။ Surround အသံထွက်ပိုကောင်းအောင် Dolby သွင်းကြည့်ပေမယ့်လည်း laptop speaker နဲ့အလုပ်မလုပ်ပဲ headphones jack နဲ့သာအလုပ်လုပ်သာတွေ့ရပါတယ်။


သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်သလို အကယ်၍ Cooler Boost ဖွင့်ထားချိန်မှာတောင် fan အသံက mic မှာ သိပ်မကျယ်ပါဘူး။ မိမိပတ်ဝန်းကျင်ကဆူညံနေတယ်ဆိုရင် MSI Center က Sound Tune ကိုဖွင့်သုံးနိုင်ပါတယ်။

Storage

GE67 HX မှာ 1TB ရှိတဲ့ Samsung MZVL21T0HCLR-00B00 PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 4.0 NVME SSD တွေထဲမှာစွမ်းဆောင်ရည်ကောင်းတာကိုတွေ့ရပါတယ်။

SSD ရဲ့ Capacity ဟာ 1TB ရှိတဲ့အတွက် သုံးရတာအတော်လေးအဆင်ပြေပါတယ်။ loading အချိန်အတော်ပေးရတဲ့ Microsoft Flight Simulator ဆိုရင်လည်း loading အတော်လေးမြန်လာတာကိုခံစားမိစေပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။ လိုအပ်ရင်လည်းထပ်တိုးဖို့ Slot အပိုတစ်ခုရှိပါတယ်။

Battery ‌and Power Adapter

Raider GE67 HX မှာ 99.9WH ရှိတဲ့ 4Cell Li-Ion battery ကိုထည့်သွင်းပေးထားပြီး ဒါဟာ အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့အစည်း(FAA) ရဲ့ လေယာဉ်ပေါ်အများဆုံးသယ်ဆောင်လို့ရတဲ့ပမာဏပဲဖြစ်ပါတယ်။ ကြီးမားတဲ့ ဘက်ထရီတပ်ဆင်ထားတယ်ဆိုပေမယ့် စွမ်းအားကောင်းလှတဲ့ Hardware တွေကြောင့် ဘက်ထရီခံနိင်ရည်မကောင်းလှဘူး ထင်ပေမယ့် GP66 တုန်းကနဲ့တူတူလောက်ရှိပါသေးတယ်။ GE67 HX ပါဝါကောင်းတဲ့ laptop မို့ 330W adapter ကိုထည့်ပေးထားပါတယ်။ adapter က အတော်လေးကိုကြီးမားလေးလံပြီး laptop ကို Type-C ကနေလည်းအားသွင်းလို့မရနိုင်လို့သယ်ဖို့ဆိုရင် ဒီအချက်ကိုထည့်စဥ်းစားဖို့လိုပါတယ်။

MSI Center

Gaming Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။


ဂိမ်းတစ်ခုခြင်းကို Optimistize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။ နောက်ပြီး Esport ဂိမ်းတွေမှာ ကိုယ့်ရဲ့ Gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါပါတယ်။ MSI Center ဟာ အရင်လို features တွေအများကြီးမထည့်ပေးထားပဲ ကိုယ်အမှန်တကယ်သုံးမယ့် features တွေကိုတစ်ခုခြင်းသွင်းရတာဖြစ်တဲ့အတွက်သဘောကျမိပါတယ်။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ 16 Cores 24 Threads ရှိတဲ့ Core i7-12800HXဟာ Laptop အနေနဲ့ဆို Performance အရမ်းကောင်းပြီး high-end desktop တစ်ခုလို စွမ်းဆောင်ရည်တွေရှိပါတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင် Core i7-12800HX ဟာ Core i9-12900H ထက်တောင်ပိုမြန်ပါသေးတယ်။



Gaming Performance အတွက် GE67 HX ကို ဂိမ်း ၁၃မျိုးနဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေပြီး resolution ကိုလည်း 1080P ရော 1440P နဲ့ပါစမ်းထားပေးပါတယ်။ TDP 150W RTX 3070Ti ဟာ စွမ်းအားကောင်းမွန်လှပြီး RT Cores တွေလည်းပါတဲ့အတွက် အချို့ဂိမ်းတွေကို Ray Tracing ကို 1080P Ultra မှာဖွင့်စမ်းထားပါတယ်။


စမ်းသပ်ကြည့်တဲ့အခါ ဂိမ်းအများစုကို 1080P Ultra Setting မှာ 110FPS အထက်ကစားနိုင်ပြီး အချို့ဂိမ်းတွေကို 150fps ဝန်းကျင်အထိရတာကိုတွေ့ရပါတယ်။ 1440P မှာဆိုရင်လည်း FPS ကို 90~100 မှာရနိုင်ပါတယ်။


Ray Tracing ဖွင့်ကစားမယ်ဆိုရင် 1080Pမှာ Cyberpunk 2077 ကလွဲရင် ဂိမ်းအများစုကို DLSS မသုံးပဲ 80~130FPS ဝန်းကျင်ရနိုင်တာကိုတွေ့ရပါတယ်။ Core i7-12800HX မှာပါတဲ့ iGP ဟာ Core i7-12700H တုန်းကလို Iris Xe Graphics မဟုတ်ပဲ 32 Execution Units သာရှိတဲ့ UHD Graphics မို့ မစမ်းသပ်ထားပါဘူး။







Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ထားပါတယ်။ Productivity အတွက် Blender၊ Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့တကွပြသထားပါတယ်။ Benchmark အားလုံးကို Windows 11 Version 22H2 နဲ့ GeForce Driver Version 527.56 မှာစမ်းသပ်ထားပါတယ်။


စွမ်းအားကောင်းတဲ့ hardware တွေကြောင့် 99.9WHr ဘက်ထရီက အသုံးမခံနိုင်ဘူးလို့ထင်မိပေမယ့် Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီနီးပါးကြည့်လို့ရပါတယ်။ ဒါဟာပုံမှန် gaming laptop တွေလောက်ရတယ်ဆိုနိုင်ပြီး ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ အားပြန်သွင်းရင်တော့ ကြီးမားတဲ့ဘက်ထရီမို့ ၃နာရီ‌နီးပါးလောက်ကြာတာကိုတွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်တာတစ်နာရီသာရပါတယ်။

Temperatures and Noise

GE67 HX ရဲ့ စွမ်းအား‌ကောင်းလှတဲ့ Core i7 12800HX ဟာ 16 Cores 24 Threads ရှိပြီး Core i7 12700H ထက်တောင်သိသိသာသာပိုမြန်လို့ပူမယ်ထင်ရပေမယ့် အရင် laptopတွေနဲ့ ဘာမှမကွာဘူးလို့ခံစားရပါတယ်။ ဂိမ်းကစားတဲ့အခါ CPU က 55W နဲ့ Clock Speed က 4.0GHz မှာအမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။


Cooling System အတွက် Heatpipe ၇ချောင်း ပါဝင်ပြီး GPU Cooling အတွက် Fan ၁ခုနဲ့ CPU Cooling အတွက် fan ၁ခုကိုထည့်ပေးထားပါတယ်။ ဂိမ်းကစားတဲ့အခါ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 78°C နဲ့ GPU က 80°C လောက်တက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 74°C နဲ့ GPU က 79°C လောက်သာရှိတော့တာပါ။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။



ဆူညံမှုဘက်ကိုပြောရရင် GE67 HX ဟာ အားကောင်းတဲ့ hardware တွေ သုံးထားတာကြောင့် ရိုးရိုးအခြေအနေမှာတင် အခြား gaming laptop တွေလိုမဟုတ်ပဲအသံအနည်းငယ်ထွက်ပါတယ်။ အကယ်၍ heavy load တွေမှာ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံက အရင်MSI လောက်သာဆူပါတယ်။ ဒါပေမဲ့ MSI Center မှာ AI Engine ပါလာတဲ့အတွက် အပူချိန်အပေါ်မူတည်ပြီး fan ကိုအတိုးအလျော့လုပ်ပေးနိုင်တဲ့အတွက်အသံသိပ်မဆူအောင်လုပ်ထားနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။

Clock Speed and Power Draw

Core i7-12800HX ရဲ့ Clock Speed တွေက အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.7GHz အထိရပါတယ်။ ဂိမ်းဆော့နေချိန်မှာဆို အချို့ဂိမ်းတွေမှာ P-Cores တွေဟာ 4.0GHzအထိရပြီး အများအားဖြင့်တော့ 3.4GHzအထိရကာ E-Cores တွေက 2.8GHz လောက်မှာရှိပါတယ်။ CPU Rendering လုပ်ချိန်မှာ Multi Core မှာ‌‌တော့ P-Cores တွေဟာ 3.6GHz နဲ့ E-cores တွေဟာ 2.9GHz အထိသာအများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။

ပါဝါသုံးစွဲမှုအနေနဲ့ CPU ဟာ Single Core load မှာ 30W လောက်အထိသုံးတာ‌ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ CPU ဟာ 130W အထိသုံးနေပြီး တစ်ခါတရံမှာ 150~160W အထိထိုးတက်သွားတာတွေ့ရပါတယ်။ CPU ကိုပါဝါသိပ်မပေးချင်ရင် Intel Extreme Tuning Utility မှာ ပါဝါပိုင်းကိုအတိုး‌အလျော့လုပ်လို့ရပါတယ်။ ဒါပေမယ့် Unlock CPU မဟုတ်တာမို့ Overclocking မရသလို BIOS မှာလည်း E-cores တွေကိုပိတ်ထားမျိုးတွေတော့ လုပ်လို့မရနိုင်ပါဘူး။ GPU ကိုတော့ Extreme Performance Mode မှာ Clock Speed နဲ့ VRAM Clock ကိုထပ်တိုးလို့ရပါတယ်။

Power ပိုင်းအနေနဲ့ သဘောကျတဲ့အချက်က Nvidia Dynamic Boost 2.0 နည်းပညာက GE67 HX မှာကောင်းကောင်းအလုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဂိမ်းကစားချိန်မှာ CPU ကို 55W အထိအမြဲတောင့်ထားပေးနိုင်ပြီး GPU က 150W ဝန်းကျင်သုံးပါတယ်။ GPU ကိုအရမ်းအသားပေးတဲ့ workload တွေမှာဆို 150W ဝန်းကျင်သုံးနေတာတွေ့ရပြီး CPU ကတော့ 11~27W လောက်ပဲစားပါတယ်။

The Good

  • Very Powerful Mobile CPU
  • Most Powerful RTX 3070Ti GPU
  • QHD 240Hz OLED Screen
  • Stylish and Good Build Quality
  • Plenty of IO ports
  • Full Size SD Card Reader

The Bad

  • Just Average Speaker Quality
  • A Little Dim Keyboard RGB light

Conclusion

အချုပ်ဆိုရရင် GE67 HX ဟာ အကောင်းဆုံး gaming laptop တွေထဲကတစ်ခုလို့ဆိုနိုင်ပြီး OLED ပေါ်မှာ ဂိမ်းကစားချင်တဲ့ သူတွေအတွက် desktop အစားထိုး premium gaming laptop တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ အရမ်းမိုက်တဲ့ OLED screen၊ ကောင်းမွန်လှတဲ့ CPU/GPU စွမ်းဆောင်ရည်၊ သေသပ်လှပတဲ့တည်ဆောက်ပုံ၊ ပိုများပြားတဲ့ features နဲ့ IO port တွေက ပုံမှန် gaming laptop တွေထက်ထူးခြားတဲ့ဖီလင်ကိုပေးနိုင်စွမ်းရှိပါတယ်။ OLED screen ကိုထည့်မတွက်ရင်တောင်မှ သူ့ အခြား hardware တွေက အရမ်းကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။

အားနည်းချက်အနေနဲ့ ဒီဈေးတန်းအရ speaker ပိုင်းကို သိပ်အားမရတာတစ်ခုကလွဲရင် ထူးထူးခြားခြားမရှိပါဘူး။ MSI Raider GE67 HX 12UGS ဈေးနှုန်းကလည်း အရင်မူရင်းစျေး $2450 ကနေ $500 ဈေးချထားလို့ အခုဆို $2150 လောက်ရှိတဲ့အတွက် အတော်လေးတန်နေပါတယ်။

မြင်သာအောင်ပြောရရင် ပုံမှန် 1080P 60Hz OLED laptop တစ်ခုကို $800 ဝန်းကျင်ရှိနေပြီး desktop OLED monitor တစ်ခုဟာ $1000 အထက်မှာရှိနေတာမို့ အရမ်းမိုက်တဲ့ hardware တွေနဲ့ OLED gaming laptop ဖြစ်တဲ့ MSI Raider GE67 HX 12UGS ဟာ ဒီစျေးနဲ့ တော်တော်တန်တယ်လို့ဆိုနိုင်ပြီး စျေးကွက်ထဲအခြားရွေးချယ်စရာလည်းမရှိသေးတာမို့ အဝယ်မမှားနိုင်တဲ့ laptopလို့ ကျွန်တော့အနေနဲ့ဆိုချင်ပါတယ်။

ကျနော့်အနေနဲ့ တစ်ခုတောင်းဆိုလိုတာက ဒီလို Review တွေအတွက် ကျနော့်မှာနာရီပေါင်းများစွာစမ်းသပ်ထားရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Laptop
#MSI #GE67HX #RTX3070Ti




Post a Comment

0 Comments