Subscribe Us

header ads

Nvidia မှ RTX 4070Ti ကိုကြေညာ

Nvidia ဟာ ယခုကျင်းပနေပြီဖြစ်တဲ့ CES 2023 ပွဲမှာ ထွက်ရှိမယ်လို့ သတင်းပြေးနေတဲ့ RTX 4070Ti ကိုကြေညာလိုက်ပါတယ်။ 

RTX 4070Ti မှာ 
40 Shader TFLOPS
93 RT TFLOPS
641 Tensor TFLOPS
12GB GDDR6X Memory
MSRP $799

RTX 4070Ti ဟာ ယခင်ထွက်ရှိထားတဲ့ RTX 4090 နဲ့ RTX 4080 တို့လို encoding decoding စွမ်းဆောင်ရည်တွေရှိမှာမို့ creator တွေ streamer တွေသဘောကျမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ RTX 4070Ti ဆိုတာက ဝေဖန်မှုမြင့်တက်လာတာကြောင့် မိတ်ဆက်မှုကိုပြန်လည်ရုတ်သိမ်းသွားတဲ့ RTX 4080 ရဲ့ 12GB version ပဲဖြစ်ပြီး $100 လောက်ဈေးထပ်ချပေးထားတာဖြစ်ပါတယ်။ RTX 4070Ti ကို ဇန်နဝါရီလ ၅ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပါတယ်။

NRTX 4070Ti ဟာ DLSS 3 ရဲ့ စွမ်းပကားနဲ့ RTX 3090Ti ထက် စွမ်းဆောင်ရည် ၁.၃ဆ ကနေ ၃ဆအထိပိုကောင်းမယ်လို့ဆိုပါတယ်။ DLSS 3 မပါရင်တော့ RTX 3090Ti ကိုမမှီနိုင်ပါဘူး။ လက်ရှိDLSS နည်းပညာကို ဂိမ်း ၂၅၀ကျော်အထောက်အပံ့ပေးထားပြီး DLSS 3 ကိုလက်ရှိ သို့ မကြာခင်ထွက်ရှိမယ့် ဂိမ်းပေါင်း ၅၀ကျော်အထောက်အပံ့ပေးလာပါမယ်။

Source: Nvidia 

#News 
#Nvidia 
#CES2023 

Post a Comment

0 Comments