Intel ဟာ သူတို့ရဲ့ 13th Gen Core CPU တွေထံကို 65W နဲ့ 35W(T-Series) CPU မော်ဒယ်အသစ်တွေထံမံပေါင်းထည့်ခဲ့ပါတယ်။ ဒီမှာ Core i9၊ i7၊ i5 နဲ့ i3 တွေပါဝင်ကာ DDR4 နဲ့ DDR5 memory ၂မျိုးလုံးကို အထောက်အပံ့ပေးပါတယ်။
ယခင်မျိုးဆက်တွေနဲ့ဆိုရင် 13th Gen မှာ clock speed နဲ့ cores တွေပိုမြင့်မားလာကာ i5၊ i7 နဲ့ i9 မော်ဒယ်တွေမှာဆိုရင် ယခင်မျိုးဆက်ထက် E-Cores ၄ခုထပ်ဆောင်းပါဝင်လာပါတယ်။ i7 နဲ့ i9 မော်ဒယ်တွေမှဆိုရင် L2 တွေပိုထည့်ပေးလာတာကြောင့် ဂိမ်းမာတွေအကြိုက်တွေ့စေမှာပါ။
စွမ်းအင်သုံးစွဲမှုသက်သာသည့် 13th Gen T-Series CPU များ
Intel ဟာ စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ CPU ကို လိုချင်သူတွေအတွက် TDP 35W နဲ့ အခြား 13th Gen CPU တွေထက် turbo power level သိသိသာသာလျော့နည်းတဲ့ T-Series CPU တွေကိုမိတ်ဆက်လိုက်ပါတယ်။ ဒီ CPU တွေဟာ Cooling ပိုင်းနဲ့ ပါဝါပိုင်းလိုအပ်ချက်နည်းပါးလို့ ပိုနည်းတဲ့ cooling ပုံစံ၊ PSU တွေသာလိုအပ်တာမို့ ဈေးသက်သာပြီး စွမ်းအင်သုံးစွဲမှုနည်းတဲ့ စက်တွေကိုဖန်တီးနိုင်ပါတယ်။
Source: OC3D
#News
#CES2023
#CPU
0 Comments