Subscribe Us

header ads

Keyboard အောက်ခြေတွင် screen ပါဝင်သည့် Finalmouse Centerpiece

Image: WePC

Custom mouse တွေထုတ်ရာမှာ လူသိများတဲ့ Finalmouse ဟာ သူတို့ရဲ့နောက်ဆုံးထွက် Finalmouse Centerpiece ကိုတရားဝင်ကြေညာလိုက်ပါတယ်။ Centerpiece ဟာ ကုမ္ပဏီရဲ့ ပထမဆုံး mechanical keyboard ဖြစ်ပြီး ထွင်းဖောက်မြင်ရတဲ့ keycap တွေ switch တွေနဲ့အတူ screen တစ်ခုကိုပါတပ်ဆင်ထားပါတယ်။ ဒီကီးဘုတ်ကို ၂၀၂၃ခုနှစ်အစောပိုင်းမှာ ထွက်ရှိမယ်လို့ Finalmouse ကလို့ဆိုပေမယ့် နေ့ရက်ကိုအတိအကျတော့မသိရသေးပါဘူး။

သူ့ရဲ့ အဓိက feature က keyတွေအောက်က screen ဖြစ်ပြီး Laminated DisplayCircuit Glass Stack သို့ LDGS လို့ဆိုပြီး မူပိုင်ခွင့်၂မျိုးနဲ့ နှစ်ပေါင်းများစွာသုတေသနပြုထားတယ်လို့ဆိုပါတယ်။

Screen ဟာ Unreal Engine 5 နဲ့ဖန်တီးထားတဲ့ animation တွေနဲ့ clipတွေပြသနိုင်စွမ်းရှိပြီး။ skin တွေကို Steam app တစ်ခုကနေရယူနိုင်ပါတယ်။ ဒါတင်မက ကီးဘုတ်မှာ ကိုယ်ပိုင် CPU နဲ့ GPU ပါဝင်တာမို့ animation တွေကြောင့် သင့် PC ကိုလေးလံသွားစေမှာမဟုတ်ပါဘူး။

Animation တွေတစ်ကြိမ်မှာ ၃မျိုးအထိတင်ထားနိုင်ပြီး keyboard ပေါ်က ခလုတ်တွေနဲ့ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် အလင်းကိုချိန်ညှိဖို့ scroll wheel လည်းပါဝင်ပါသေးတယ်။

Image: WePC

Finalmouse Centerpiece ကို Geteron နဲ့ပူးပေါင်းဖန်တီးထားကာ custom autolubed လုပ်ထားတဲ့ linear mechanical switche တွေနဲ့တင်ပို့မှာဖြစ်ပါတယ်။ ‌autolubed ဆိုတာဘာကိုဆိုလိုမှန်းမသိပေမယ့် lub လုပ်ပြီးသားဆိုတာ ပုံမှန်ဆိုရင် လိုလားကြတဲ့အရာတစ်ခုဖြစ်ပါတယ်။

Finalmouse Centerpiece ကို $349 နဲ့သာရောင်းချမယ်လို့သိရပြီး screen မပါတဲ့ custom keyboard တွေဟာ $1000ထက်ပိုကျသင့်နိုင်ပါတယ်။

Source: WePC

#EnThueTech
#News
#Gaming
#Keyboard

Post a Comment

0 Comments