Subscribe Us

header ads

Gaming Rig များဖြစ်လာသည့် Tesla Model S နှင့် Model X

Image: Tesla

Tesla ရဲ့ နာမည်ကျော်လျှပ်စစ်ကားတွေဖြစ်တဲ့ Model S Model X ကားသစ်တွေရဲ့ holiday update မှာ steam အထောက်အပံ့ပါဝင်လာပါတယ်။ ဒါကြောင့် ဒီကားပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ EV ကားက infortainment system ကို gaming PC အဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။



Tesla Model S နဲ့ Tesla Model X တွေမှာ AMD Ryzen CPU နဲ့ RDN2 GPU ပါဝင်တာကြောင့် ခေတ်ပေါ် PC ဂိမ်းတွေကိုကစားလို့ရစေပြီး Tesla အနေနဲ့ Cyberpunk 2077 နဲ့ကစားပြထားပါတယ်။ Steam ကိုထည့်သွင်းပေးလိုက်တဲ့အတွက် Model S နဲ့ Model X ဟာ ဂိမ်းတွေထောင်ပေါင်းများစွာကိုကစားနိုင်စွမ်းရှိလာပါတယ်။ ဒီ features ဟာ အမြန်အားသွင်းဖို့‌ စောင့်ဆိုင်းနေချိန်မှာ အင်မတန်အသုံးဝင်တယ်ဆိုပေမယ့် ဂိမ်းကစားခြင်းက အားသွင်းနှုန်းကိုနှေးကွေးစေနိုင်တာကိုလည်းသတိပြုသင့်ပါတယ်။ 

Source: OC3D

#EnThueTech 
#News 



Post a Comment

0 Comments